အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, August 19, 2019
ကောင်းတဲ့အလုပ်လား မကောင်းတဲ့အလုပ်လားခွဲခြားနည်း 🌷🌷🌷🌷🌷🌷🌷🌷 🌷မကောင်းတဲ့အလုပ်ဆိုတာ လုပ်ပြီးရင် ပူပင်နေရတယ် ကြောက်လန့်နေရတယ် စိုးရွံ့နေရတယ် ထိတ်လန့်နေရတယ် အမြဲတမ်း စိတ်နှလုံးမသာယာဘူး အကျိုးတရားဖြစ်ပေါ်လာပြီဆိုရင်လည်း ရှိုက်ကြီးတစ်ငင် ငိုပြီး ခံစားရတာဟာ မကောင်းတဲ့အလုပ်ပဲ။ 🌷ကောင်းတဲ့အလုပ်ဆိုတာ လုပ်ပြီးပြီဆိုရင် ပူပင်ရခြင်းမရှိဘူး သောကမရှိဘူး နောင်တမရဘူး ပျော်ရွင်ကျေနပ်မိနေတယ် အမြဲတမ်းမိမိကိုယ်ကိုဂုဏ်ယူမိနေတယ် အကျိုးတရားရလာပြီဆိုရင်လည်း ပီတိတွေဖြာပြီး ဝမ်းမြောက်နေရမယ် ဒါဟာကောင်းတဲ့အလုပ်ပဲ။ 🌷ဒီနှစ်ခုကိုနှိုင်းယှဉ်လို့ ကိုယ်ဟာကောင်းတဲ့အလုပ် လုပ်မိသလား မကောင်းတဲ့အလုပ် လုပ်နေတာလား ခွဲခြားသိနှိုင်တယ်လို့ ဒီလိုဆိုတယ် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး မကောင်းတဲ့အလုပ်များရှောင်ရှားကြလို့ ကောင်းသောအလုပ်များလုပ်နိုင်ကြပါစေ အမှောင်ပျောက်လိုအ့လင်းရောက်ပါစေ TZWin
via အလင်းရောင် ဓမ္မ https://ift.tt/2Zg7fuk
Newer Post
Older Post
Home