အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, August 21, 2019
#သံဃာဆိုတာ...🙏 🙏🙏🌹🙏🙏 မြတ်စွာဘုရားနဲ့ အမြင်တူ… အကျင့်တူ…လို့ #သံဃာ ခေါ်တာဗျ …။ ဟာ...ဘယ်သံဃာတော့ဖြင့် ကြည်ညိုစရာမကောင်းလို့ မလှူ ဘူးမလုပ်ပါနဲ့………။ မကောင်းတာ သူ့အပိုင်း…… သူ့အပြစ် …သူခံလိမ့်မယ်… ခင်ဗျားတို့ကောင်းတာလုပ်… ကောင်းတာဖြစ်မှာပေါ့.. သံဃာ လို့ဆိုလိုက်တာနဲ့ ဒီနေ့မှ #ရှင်…ဖြစ်တဲ့ #သံဃာ… ကနေ ဘုရားရဟန္တာတွေ အထိ ဆိုတော့ နည်းသလားဗျ ….။ သက်တော်ထင်ရှားတွေရော……၊ ပရိနိဗ္ဗာန်ပြုသွားတဲ့ ဘုရားရဟန္တာတွေရော…… အားလုံးအကျုံးဝင်တယ်ဗျ …။ ဒါ့ကြောင့် …… #လှူ #တတ်မယ်ဆိုရင် ပုဂ္ဂိုလ်စွဲကင်းကင်းနဲ့သာလှူ …… အိမ်ရှေ့ဆွမ်းရပ်တဲ့ ကိုယ်တော်သပိတ်ထဲ ဆွမ်းလေးတစ်ဇွန်းလောင်းပြီး #သံဃာ့ဂုဏ်များ အာရုံပြုနေရင်ဗျာ …………။ နိဗ္ဗာန်… စံတော်မူနေတဲ့ ဘုရားရဟန္တာပေါင်း မရေမတွက်နိုင်အောင်ထိ လှူ ပြီးဖြစ်ပါတယ်ဗျာ…။ ........................ …မဟာဗောဓိမြိုင်...🙏 #ဆရာတော်ဘုရားကြီး ၏ 🙏🙏🙏 စာမျက်နှာ မှ 🙏
via အလင်းရောင် ဓမ္မ https://ift.tt/2LcY3Oz
Newer Post
Older Post
Home