အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, August 21, 2019
ဝိသုဒ္ဓိ(၇)ပါး အစဉ်အတိုင်းသွားပါ။ 🙏🙏🙏🙏🙏🙏🙏🙏🙏 ဝိပဿ နာတရားကို ကြိုးစား၍ ပွားများအားထုတ်နေသော သူတော်ကောင်းအပေါင်းတို့ သည်။ ဝိသုဒ္ဓိ (၇)ပါးကိုအစဉ်အတိုင်း သွားရပါတယ်။ ဝိသုဒ္ဓိ ခုနှစ်ပါးကို လှေကားခုနှစ်ထစ် သို့ မဟုတ် ရထားခုနှစ်စင်းလို့ လည်း ဟောတော်မူထားပါတယ်။ မိမိတို့ လည်းတရားအလုပ်တွေ အားထုတ်ရင်း ဘယ်အဆင့်ကိုရောက်နေပြီ နောက်ထပ်ဘယ်နှစ်ဆင့် ကျန်သေးလည်း ဆိုတာလည်းသိနိုင်ပါတယ်။ ဝိပဿ နာရှု့သူတို့ ၏ မှတ်တိုင်လို့ လည်း ခေါ်နိုင်ပါတယ်။ ၁။သီလဝိသုဒ္ဓိ ………သီလစင်ကြယ်ခြင်း။ ၂။စိတ္တဝိသုဒ္ဓိ …………စိတ်စင်ကြယ်ခြင်း။ ၃။ဒိဋ္ဌိဝိသုဒ္ဓိ .…………အယူစင်ကြယ်ခြင်း။ ၄။ကင်္ခါဝိတရဏ ဝိသုဒ္ဓိ… ယုံမှားမှု့စင်ကြယ်ခြင်း။ ၅။မဂ္ဂါမဂ္ဂဉာဏဒဿ န …မဂ်ဟုတ်မဟုတ်စင် ကြယ်စွာသိလာခြင်း။ ၆။ပဋိပဍာဉာဏဒဿ န ……အကျင့်လမ်းစဉ်အမြင် ဝိသုဒ္ဓိ။ စင်ကြယ်ခြင်း။ ၇။ဉာဏဒဿ နဝိသုဒ္ဓိ ……ဉာဏ်အမြင်၌စင်ကြယ် ခြင်း။(မဂ်ဉာဏ်) ဝိသုဒ္ဓိ ဆိုတာ အထူးစင်ကြယ် ခြင်း လို့ ခေါ်ပါတယ်။ဝိသုဒ္ဓိခုနှစ်ပါးကို လှေကား ခုနှစ်ထစ်လို့ သဘောထားပါ။ မိမိတို့  ဘယ်နှစ်ထစ်မြောက်လှေကား ကိုတက်မိနေပြီလည်းဆိုတာ သုံးသပ်ကြည့်ကြပါစို့ ။ (၁)သီလဝိသုဒ္ဓိ ………………… တရားမထိုင်ခင် သီလကိုဦးစွာ ဆောက်တည်လိုက်သောကြောင့် သီလစင်ကြယ်နေပြီး သီလဝိသုဒ္ဓိ လို့ ခေါ်တဲ့ နံပါတ် (၁)လှေကား ပေါ်တက်မိပြီလို့ သဘောပေါက်ပါ။ (၂)စိတ္တဝိသုဒ္ဓိ ……………… သီလဆောက်တည်ပြီး အားထုတ်သောကြောင့် သမာဓိလည်းအားကောင်းပြီး စိတ်တွေစင်ကြယ်နေသောကြောင့် စိတ္တဝိသုဒ္ဓိ လှေကားပေါ်လည်း တက်မိပြီလို့  သဘောပေါက်ပါ။ ၃။ဒိဋ္ဌိဝိသုဒ္ဓိ ……………… တရားအားထုတ်နေစဉ် ထိုင်နေတာက ရုပ်တရား တရားမှတ်နေတာက နာမ်တရား သူငါမဟုတ် နာမ်နဲ့ရုပ်ပဲလို့  ဉာဏ်ထဲမှာဆင်ခြင်မိလာရင် အယူမှားတဲ့ ဒိဋ္ဌိတွေစင်ကြယ် တဲ့အတွက် နံပါတ်(၃)လှေကားပေါ် ရောက်ပြီလို့ သဘောပေါက်ပါ။ ၄။ကင်္ခါဝိတရဏ ဝိသုဒ္ဓိ …………………………… သီလတွေဆောက်တည် သမာဓိတွေထူထောင်ပြီး တရားအားထုတ်တဲ့အခါ စိတ်စင်ကြယ်မှူ့  အယူမှန်မှု့ တွေဖြစ်လာတဲ့ပြီး နာမ ရူပ ပရိစ္ဆေဒဉာဏ် ။ ရုပ်နာမ်တို့ ရဲ့အကြောင်းအကျိုး လေးတွေကို သိလာတဲ့အတွက် ပစ္စယ ပရိဂ္ဂဟဉာဏ်နှစ်ပါးကိုရပြီး နံပါတ်လေးထစ်မြောက်လှေကားပေါ် ရောက်နေပါပြီ။ ဒါကြောင့်မိမိတို့ တရားစထိုင်လိုက်တာနဲ့ လှေကားလေးထစ်ကို ခြေချမိပြီဆိုတာသိပါ။ ၅။မဂ္ဂါမဂ္ဂဉာဏဒဿ နဝိသုဒ္ဓိ …………………………………… အချို့ သောပုဂ္ဂိုလ်တို့ သည်။ တရားအလုပ်ကိုအားထုတ်ရင်း ရုပ်နာမ်တို့ ရဲ့ ဖြစ်ပြီးပျက်နေတဲ့ သဘောတွေကို တသဲသဲ တဖွဲဖွဲ တရိပ်ရိပ် မြင်လာပြီဆိုရင် နံပါတ်(၅)လှေကားပေါ် ရောက်ပြီလို့ သိပါ။ ဖြစ်ပျက်တွေကို မြင်ပါများလာပြီး ဖြစ်ပျက်တွေကိုမုန်းလာမယ် ဖြစ်ပျက်တွေအမြင်များပြီး မုန်းဉာဏ်ဝင်လို့  ဖြစ်ခြင်းပျက်ခြင်း တွေချူ ပ်ဆုံးပြီ ဆိုရင် နံပါတ်(၆) နဲ့(၇) လှေကားအဆုံးကို အဆင့်ဆင့် ရောက်ပြီလို့ သဘောပေါက်ပါ။
via အလင်းရောင် ဓမ္မ https://ift.tt/2KXh7Ab
Newer Post
Older Post
Home