Friday, August 23, 2019

အလှူခံ တစ်ကျိပ်လေး 🙏🙏🙏🙏🙏🙏 (တောင်းဆိုမှုအတွက် ပြန်လည် တင်ပေးလိုက်သည်) ¢ အရှင်ဘုရား… ဘုရားရှင်ကို လှူတာထက် မြတ်သော အလှူ ရှိပါသလား ဘုရား" * Aung myo thet* © ရှိပါတယ်… ဇေတဝန်ကျောင်းတော်မှာ ဒါယကာ တစ်ဦးဟာ အရှင် သာရိပုတ္တရာ၏ ဒါယကာဖြစ်၍ အဝတ်သင်္ကန်း တစ်စုံ အား ဘုရားရှင်ကို လှူရ နိုး အရှင်သာရိ ပုတ္တရာကို လှူရ နိုး ချီတုံ ချတုံဖြစ်နေပြီး ဘုရားရှင်ကို ယခုလိုမေးလျှောက်တယ်" "ဘုန်းတော်ကြီးသော မြတ်စွာဘုရား… လှူဒါန်းရာ၌ မည်သို့သော ပုဂ္ဂိုလ်အား လှူဒါန်းသော် အမြတ်ဆုံးဖြစ်ပါသနည်း" "ဒကာတော်…အလှူခံ ပုဂ္ဂိုလ် တစ်ကျိပ် လေးဦး ရှိပေတယ်"(တစ်ဆယ့်လေးဦး) ထို တစ်ကျိပ်လေးဦး မည်သည်မှာ… ၁။တိရိစ္ဆာန် အားလှူသော် မြတ်၏။ ထို့ထက်လွန်၍' ၂။ဒုဿီလ(သီလ မရှိသော လူ)ကို လှူသော် မြတ်၏။ထို့ထက်' ၃။သီလဝံသ (ကိုယ်ကျင့်သီလနှင့်ပြည့်စုံ သူ)ကို လှူသော် မြတ်၏'ထို့ထက်' ၄။သောတာပတ္တိ မဂ်၌ တည်သူကို လှူ သော် မြတ်၏'ထို့ထက်' ၅။သောတာပတ္တိ ဖိုလ်၌ တည်သူက မြတ်၏။ထို့ထက်လွန်၍' ၆။သကဒါဂါမိ မဂ်' ၇။သကဒါဂါမိ ဖိုလ်' ၈။အနာဂါမိ မဂ်' ၉။အနာဂါမိ ဖိုလ်' ၁၀။အရဟတ္တ မဂ်' ၁၁။အရဟတ္တ ဖိုလ်' ထို့ထက်လွန်၍' ၁၂။ပစ္စေက ဗုဒ္ဓါ ကိုလှူသော်မြတ်၏' ထို့ထက်လွန်၍' ၁၃။ငါ ဘုရား ကိုလှူသော် မြတ်၏" ထို့ထက်လွန်၍"(သံဃဿ)သံဃာ ကိုလှူသော် အမြတ်ဆုံး" အဲဒီလို ဘုရားရှင်မိန့်တော်မူပါတယ်' သံဃာကိုလှူတာက ပုဂ္ဂိုလ်မပါတဲ့ အတွက် အမြတ်ဆုံး လို့ မိန့်တော်မူ ခြင်း ဖြစ်ပါတယ်။ ။ ============= *ဓမ္မမိတ်ဆွေ* ………………


via အလင်းရောင် ဓမ္မ https://ift.tt/2KQWGGj