Tuesday, August 20, 2019

နိဝရဏတရား ငါးပါး ………………………… တရားအားထုတ်နေသူများအတွက် နိဗ္ဗာန်ကိုမရောက်အောင် ၊ နှောက်ယှက် ဖျက်ဆီး တတ်တဲ့တရား ငါးပါးရှိပါတယ်။ ၁။ကာမေစ္ဆန္ဒနိဝရဏ တရားအားထုတ်နေစဉ် မဂ်ဉာဏ် ဖိုလ်ဉာဏ် ၊နိဗ္ဗာန်ကို မြန်မြန်မြင်ချင် ရောက်ချင်တယ် ဆိုတဲ့လောဘ မလာပါစေနဲ့၊ လောဘ ကြီးနဲ့ အားထုတ်နေ လျှင် လုပ်လေ ဝေးလေ ချော်ထွက်လေ ဖြစ်တတ်ပါတယ်။ ၂။ဗျာပါဒ နိဝရဏ တရားအားထုတ်နေစဉ် ငါအားထုတ်လာတာလည်းကြာပြီ သူများတွေ ဖြစ်ပျက်တွေမြင်ပြီ ငါကခုထိလည်း ဘာမှမမြင်ဘူး ငါအားထုတ်တာလွဲများလွဲနေလား၊ ငါဒီဘဝ မရနိုင်လို့ များလား၊ စသည်ဖြင့် စိုးရိမ်ကြောင့်ကျ ဗျာပါဒ များနေခြင်းကလည်း နိဗ္ဗာန်သွားတဲ့ လမ်းမှာ အတားအဆီးတစ်ခု ဖြစ်ပါတယ်။ ၃။ထိနမိဒ္ဓ နိဝရဏ တရား တရားထိုင်နေစဉ်၊ အိပ်ငိုက်ခြင်းသည်လည်း နိဗ္ဗာန်ကိုမမြင်အောင် ဖုံးကွယ် ခြင်းဖြစ်ပါတယ်။ ထိန မိဒ္ဓဆိုတဲ့ ငိုက်မြည်းနေတဲ့လူတစ်ယောက် မှာ မောဟအားကြီးနေတဲ့အတွက် တရားကိုသိမြင်နိုင်တဲ့ ဉာဏ်တွေမပေါ်ပါဘူး၊။ ၄။ဥဒ္ဓစ္ဆကုက္ကုစ္စနိဝရဏ တရားထိုင်နေစဉ် အတွေးအတောတွေ လွန်နေတာကိုခေါ်ပါတယ်။ တရားထိုင်နေစဉ် သားရေးသမီးရေး စီးပွားရေး ၊ရှေ့ရေးနောက်ရေး ၊ အဆင်ပြေတာ အဆင်မပြေတာတွေ တွေးပြီးစိတ်တွေပျံ့လွင့်နေတာ၊ ဒီပုံအတိုင်းဆိုခက်ပြီ ဘာတရားမှမရပဲ ခုချိန်များသေခဲ့ရင် အပါယ်လေးပါးကမလွတ်တော့ဘူး လို့ တွေးတာက ကုက္ကု စ္စဖြစ်တာပါ။ ဥဒ္ဓစ္ဆ ကုက္ကုစ္စ ရှိနေရင်လည်း နိဗ္ဗာန်ကိုမမြင်နိုင်ပါဘူး။ ၅။ဝီစိကိစ္ဆာနိဝရဏ ဘုရားဟောတော်မူတဲ့တရားတွေအပေါ် ကိုယ့်ဉာဏ်မမှီနိုင်ပဲ ၊ဘုရားအပေါ် တရားအပေါ်၊ ဘုရားတပည့်သားသာဝ ကတွေအပေါ် ၊ မိမိကိုယ်မိမိ အပေါ် ယုံမှားသံသယစိတ်တွေ ဝင်နေရင် နိဗ္ဗာန်ကို မမြင်နိုင်ပါဘူး။ ဒါကြောင့်တရားအားထုတ်သူများသည် နိဗ္ဗာန်ကိုမမြင်အောင် ဖုံးအုပ်နှောက်ယှက် တတ်သော နိဝရဏ တရားငါးပါးကို ဖယ်ရှားတတ်ရပါမယ်။ ။ Credit…… (ဝိပဿ နာ အခြေခံ အလုပ်ပေးတရားများ page) ……………………………………………………………


via အလင်းရောင် ဓမ္မ https://ift.tt/2Z5tMuD