အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, August 23, 2019
ဝိပဿနာအားထုတ်ရင် ဘယ်လိုအကျိုးတွေ ရမလဲ 🍁ဝိပဿနာအားထုတ်လို့ရှိရင် ဘယ်လိုအကျိုးတွေရမှာလဲ ဆိုတော့........... (၁) ကိလေသာကင်းတယ် ။ (၂) စိုးရိမ်းမှီုကင်းတယ် ။ (၃) ငိုကြွေးမှုကင်းတယ်။ (၄) ကိုယ်ဆင်းရဲကင်းတယ်။ (၅)စိတ်ဆင်းရဲကင်းတယ်။ (၆) မဂ်ဥာဏ် ဖိုလ်ဥာဏ် ရနိုင်တယ်။ (၇) ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းချမ်းတဲ့ နိဗ္ဗာန်အထိရောက်မယ်။ ဒါက အတိုချုပ်ပေါ့။ နည်းနည်းအကျယ်ချဲ ပြောရအောင် ။ ဝိပဿနာအားထုတ်လို့ရှိရင် - 🔵 အလင်းရောင်မှာ လမ်းလျှောက်နိုင်တဲ့ အကျိုးတွေရမယ် ။ ဘဝလမ်းညွှန်ပေါ့။ မိမိရလာတဲ့ဘဝဟာ ဘာလဲ ။ ငါဘာလဲ၊ ငါဘယ်က လာတာလဲ၊ ငါ ဘယ်ကိုသွားမလဲ ကိုယ့်ကိုယ်ကို မေးခွန်းတွေ မေးလို့ရှိရင် သိပါလိမ့်မယ်။ 🔵ငါဘာလဲ။ ရိုးရိုးပြောမယ်ဆိုရင် လူပေါ့၊ ငါယောဂီပေါ့ ၊ ငါ ရဟန်းပေါ့ ၊ ပညတ်နယ် မှာတော့ သူ့ဟာနဲ့သူ ဟုတ်တာပဲ ။ ဒါပေမယ့် အကုန်လုံးမမှန်သေးဘူး၊၊ သမုတိသစ္စာအနေနဲ့ သာမှန်တာ ၊အရှိအမှန်တရား မဟုတ်သေးဘူး။ 🔵ငါဘာလဲ၊ ငါမှမဟုတ်ပဲ ၊၊ခုရှိနေတဲ့ခန္ဓာကိုယ် ကြီးဟာ ရုပ်တွေ နာမ်တွေပဲ။ ရုပ်နာမ်ကို ငါလို ငါလို့စွဲလိုက်လို့ သက္ကာယဒိဋ္ဌိ ဖြစ်တာ ။ အဲဒီသက္ကာန်ယဒိဋ္ဌိက အပါယ်ရောက်မယ့်မျိုးစေ့။ 🔵ဥပမာပေးထားတာ ရှိပါတယ်။ ဌက်အကြီးကြီးကို အဆိပ်လူးမြားနဲ့ပစ်လိုက်တာ၊ ဌက်ကြီးကို မြားစိုက်ဝင်သွားတယ်။ ဒါပေမယ့် အဲဒီဌက်ကြီးက ကောင်းကင်ပျံတက်သွားတာပဲ။ အဆိပ်ပျံ့သွားတော့မှ အောက်ပြန်ကျတာ။ 🔵အဲဒီလိုပဲ ၊ သက္ကာယဒိဋ္ဌိ ရှိနေတဲ့လူဟာ ဒါန ၊သီလ ၊သမထတွေကြောင့် လူ့ဘဝ၊ နတ်ဘဝတွေကိုတော့ တက်သွားမှာပဲ။ အဆိပ်ပျံ့ တဲ့အခါ အဆိပ်ပျံ့တယ်ဆိုတာ သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ ၊ ဥစ်ဆေဒဒိဋ္ဌိ၊ ဒိဋ္ဌိခြောက်ဆယ့်နှစ်ပါး တဖြည်းဖြည်း အားကောင်းလာတာကို ဆိုလိုပါတယ်။ ကင်ဆာလိုပေါ့ဗျာ။ ပျံ့ပျံ့ပြီး အမြစ်တွေ အားကောင်းလာတဲ့အခါကျတော့ သေရသလိုပဲ။ မိစ်ဆာဒိဋ္ဌိအားကောင်းတာအခါကျတော့ ၊ကုသိုလ် အကုသိုလ်ကို မသိဘူး။ ကုသိုလက ကောင်းကျိုး ပေးတယ် ။ အကုသိုလ် ဆိုးကျိုးပေးတယ် မသိဘူး။ အကုသိုလ်ကို ရှောင်စရာမလိုဘူး ။ ကုသိုလ်ကို လုပ်စရာမလိုဘူး။ ဒီလိုဖြစ်တာ။ မိဘကျေးဇူး မရှိဘူး ။ မိဘက သူ့ဟာသူယူလို့ သူ့ဟာသူမွေးလာတာ ။ဘာမျှ ကျေးဇူးမရှိဘူး။ ဒါသဘာဝပဲ။ ခုဘဝမရှိဘူး။ နောင်ဘဝမရှိဘူး။ ခုဘဝသေရင် ပြီးတာပဲ ၊ ပြတ်တာပဲ၊၊ အဲ့လိုအယူအဆ အမှားကြီးတွေ အများကြီး မရှိဘူးလား။ "ရှိပါတယ်ဘုရား" 🔵သူတစ်ပါးအသက်သတ်လိုရှိရင် အကုသိုလ် မဖြစ်ဘူးတဲ့ ။ ဓားကလည်း ဓာတ်လေးပါးက သတ္တဝါတွေကလည်း ဓာတ်လေးပါးပေါ့ဗျာ။ ဓာတ်လေးပါးက ဓာတ်လေးပါးထဲ ဝင်သွားတာ။ ဝိညာဉ်က ကောင်းကင်တက်သွားတာ ဘာမျှအပြစ်မရှိဘူး။ သူ့သဘောသူဆောင် သွားတာပဲ ။ အဲ့ဒီအယူအမှားတွေများ ယူမိလို့ရှိရင်ဗျာ ၊အင်မတန် အကျိုးမနည်း ပေဘူးလား ။ "နည်းပါတယ်ဘုရား" 🔵နည်းတာမှ သေရင် အပါယ်လေးပါးကို ရောက်မှာ။ အဲ့ဒါ ဘယ်ကဆင်းသက်လာတာလဲ ဆိုတော့ သက္ကာယဒိဋ္ဌိက ဆင်းသက်လာတာ။ ရုပ်တွေ နာမ်တွေကို ငါပဲ သူပဲ ဒီလိုထင်တာ။ 🔵ဗုဒ္ဓဘာသာတွေမှာတောင် သက္ကာယဒိဋ္ဌိတွေ အများကြီးပါပဲ ။ လူသေသွားရင် ဝိညာဉ်ကောင် လေးက ထွက်သွားတယ်။ အိမ်နားမှာ (၇)ရက် ဘယ်မှမသွားနိုင်ဘူး။ အဲဒီဝိညာဉ်ကောင်လေး စားဖို့အတွက် ထမင်းပွဲလေး ပြင်ထားဦးဟဲ့။ ဆေးပြင်းလိပ်ကြိုက်တယ် ၊ဆေးပြင်းလိပ် မီးညှိပြီးတင်ထားဦဟဲ့။ 🔵တချို့များ အိမ်တံခါးပိတ်ထားရင် ဝိညာဉ်ကောင် လေး မဝင်နိုင်မှာစိုးလို့ အိမ်တံခါး ဖွင့်ထားပေးရတယ်။ အိမ်တံခါးဖွင့်ထားရင် အိမ်ထဲ သူခိုးဝင်မှာပေါ့ဗျာ။ အဲဒါအယူအဆတွေက မှားကြတယ်။ ထမင်းပွဲပြင်ထားတယ် ။ သေနေတဲ့ မသာအလောင်းကြီးက ထစားလို့ ရပါ့မလား။ ပါးစပ်းထဲ တစ်မတ်ထည့်တာလည်း ရှိသေးတယ်။ အခု တစ်မတ်နဲ့ သွားလို့ရရဲ့လား။ ဒီလောက်တောင် ထည့်ချင်နေရင်လည်း တစ်သိန်းလောက်ကို ထည့်ရမှာ။ 🔵မိစ်ဆာဒိဋ္ဌိအယူတွေက အများကြီး။ မရှိမဲ့ ရှိမဲ့အိုးလေး ရိုက်ခွဲရတာ ရှိသေးတယ်။ သူဌေးဆိုရင်တော့ အကြောင်းမဟုတ်ဘူးပေါ့။ ဆင်းရဲသားက အဲဒီအိုးတစ်လုံးပဲရှိတာ ရိုက်ခွဲပစ်ရတယ်။ ခွဲပြီးတော့ အခေါင်းကြီးကို ဖွင့်ရ လှန်ရတာနဲ့ ။ မဖွင့်ပါနဲ့ ၊နံရစော်ရတဲ့ကြားထဲ ဖွင့်ဖွင့်ကြည့်ချင်တယ်။ ဘာဖြစ်လို့ ကြည့်ချင်ရတာလဲ။ ကမ္မဋ္ဌာန်းများရှုမ လို့လား ၊မဟုတ်ဘူး၊ သံယောဇဉ်ဖြစ်လို့ ကြည့်ချင် တာ ၊ ကြည့်တဲ့အခါကျတော့ မျက်လုံးကြီးပြူးပြီး လျှာကြီးထွက်နေတော့ ထွက်ပြေးရော။ ခုနတုန်းကတော့ အတူတူပဲလိုက်ပြီးတော့ ကျင်းထဲခုန်ချတော့မလိုလို ပလီပလာတွေ မများဘူးလား ။ "များပါတယ်ဘုရား " 🔵သက္ကာယဒိဋ္ဌိကြောင့် အဲလိုဖြစ်ကြရတာ။ အခြားအခြား ဘာသာတွေက တည်တည်ငြိမ်ငြိမ် နဲ့ နေနိုင်ကြတယ်။ တကယ့် အမြင့်မြတ်ဆုံး ဗုဒ္ဓဘာသာက ရုပ်ပျက်ဆင်းပျက် လူးလှိမ့်ပြီးတော့ ဒန့်ဒန့်ဒန့်ဖြစ်နေတာ။ တစ်ခါတလေ ရေလောင်း ပေးရတာနဲ့ ၊ခြေထောက် ချိုးပေးရတာနဲ့ ဆိုင်းဘုတ်ဗုဒ္ဓဘာသာတွေ။ ကိုယ့်ဆွေမျိုးသေ ရင်တော့ ဝမ်းနည်းတာပဲ ။ သို့သော်လည်း အလွန်အကျွံမဖြစ်သင့်ဘူး။ တရားရှုမှတ်ရမယ်။ တရားဘာဝနာ ပွားများရမယ်။ တစ်နေ့ကျရင် ငါတို့လည်း သေရဦးမှာပါလား။ 🔵အနိစ္စတရားတွေ ၊ဒုက္ခတရားတွေ၊ အနတ္တတရား တွေ မသေခင်မှာ ကုသိုလ်ကောင်းမှုတွေလုပ်မယ်။ ဒီလိုနှလုံးသွင်းရင် မကောင်းဘူးလား။ "ကောင်းပါတယ်ဘုရား" 🔵 အဲဒီလိုနှလုံးမသွင်းဘူး ။ အသုဘတစ်လောင်း မြေချပြီ ဆိုရင် တချို့ဝမ်းသာတယ်။ ဘာဖြစ်လို့ ဝမ်းသာတာလဲ။ လောင်းကစား လုပ်ရမှာမို့လို့။ လောင်းကစားလုပ်ရတော့ ဝမ်းမြောက်ဝမ်းသာ တွေဖြစ်လို့ ။ အဲဒီမှာ တချို့ကလည်း မူးရူးပြီး တော့ အော်ဟစ်နေတာပဲ ။ဝမ်းနည်းလို့ အော်ဟစ်တာမဟုတ်ဘူး။ မူးရူးပြီးအော်တာ၊ အမှတ်တမဲ့ဆိုရင်တော့ ငိုနေတဲ့အတိုင်းပဲ၊ ဘယ်ကလာဟုတ်ရမှာလဲ ။သောက်ပြီးတော့ လျှောက်အော်နေတာ။ 🔵အဲဒါဘာလဲဆိုတော့ ဗုဒ္ဓဘာသာဖြစ်သော် လည်းပဲ တရားတွေမနာ၊ တရားတွေ အားမထုတ် တဲ့အခါကျတော့ ပုံပျက်ပန်းပျက် ၊ ရုပ်ပျက်ဆင်းပျက် နဲ့ ၊အခြားဘာသာတွေမှာ အဲလိုမဟုတ်ဘူး။. အခြားအခြား ဘာသာတွေလည်း ငိုတာပဲ။ ရဟန္တာမှမဟုတ်ဘဲ ငိုတာပေါ့။ သို့သော်လည်းပဲ သူတို့ရဲ့ ဘာသာတရားအရ ထိန်းသိမ်းမှုရှိတယ်။ ထိန်းထိန်းသိမ်းသိမ်း ရှိကြတယ်။ ဗုဒ္ဓဘာသာက ထိနးထိန်းသိမ်းသိမ်း မရှိကြဘူး။ 🔵တကယ့်သတိတရားတွေ ၊သတိပဋ္ဌာန်တရားတွေ မရှိတဲ့ အခါကျတော့ ပုံပျက်ပန်းပျက် ဖြစ်ကြရတယ်။ သက္ကာယဒိဋ္ဌိတွေကြောင့် သဿတဒိဋ္ဌိ ၊ ဥစ်ဆေဒဒိဋ္ဌိ၊ ဒိဋ္ဌိ (၆၂) ပါးလုံး ဖြစ်ပြီးတော့ နိယတမိစ်ဆာဒိဋ္ဌိသုံးပါး အထိ ဖြစ်သွားနိုင်တယ်။ . 🔵အကြောင်းကိုပယ်တယ် ။အကျိုးကိုပယ်တယ်။ အလုပ်ကိုပယ်တယ်၊၊ အဲဒီအယူအဆအမှားကြီးနဲ့ သေလို့ရှိရင် ဘယ်ရောက်မလဲ။ "အဝီစိရောက်မှာပါဘုရား" ပဉ္စာနန္ဒရိယကံနဲ့သေရင်ရော ဘယ်ရောက်မလဲ။ "အဝီစိရောက်မှာပါဘုရား" ဒီကမ္ဘာမီးလောင်လို့ရှိရင် ပဉ္စာနန္ဒရိယကံက လွတ်တယ်။ နိယတမိစ်ဆာဒိဋ္ဌိက လွတ်ရဲ့လား ။ မီးမလောင်တဲ့ စကြဝဠာကို ပြောင်းခံရတယ်တဲ့။ အယူအဆမှားတာ ဘယ်လောက်ထိ ကြောက်ဖို့ ကောင်းလဲ၊ မိစ်ဆာဒိဋ္ဌိဟာ အကုသိုလ်တွေထဲမှာ တကယ့်အပြစ်အကြီးဆုံးပဲ။ ဒါကြောင့်မို့လို့ အဲဒီမိစ်ဆာဒိဋ္ဌိ အကြီးအကျယ် မဖြစ်ရအောင် ရင်ထဲမှာစွဲထားတဲ့ ငါပဲ၊ သူပဲ၊ ယောက်ျားပဲ၊ မိန်းမပဲလို့ အထင်အမြင်မှားတဲ့ သက္ကာယဒိဋ္ဌိကိုယ်ပယ်ဖို့က နံပါတ်တစ်အရေး အကြီးဆုံးပဲ။ အဲဒီလို သက္ကာယဒိဋ္ဌိ အပါယ်မျိုးစေ့ကို အမြစ်ပြတ် ပယ်သတ်နိုင်တာ ဝိပဿနာပဲ။ ဝိပဿနာအားထုတ်တော့ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရမယ်။ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရတော့ ပယ်သတ် နိုင်တယ်။ ဝိပဿနာအားထုတ်ရင် အပါယ်လေး ပါးကို ဆွဲချမဲ့ သက္ကာယဒိဋ္ဌိကို အမြစ်ပြတ်ပယ်သတ် နိုင်တယ်။ အကျိုးတရားတွေ မများဘူးလား။ 🔵တစ်သံသရာလုံးက အမှောင်ထဲမှာ လမ်းလျှောက်ခဲ့ရတဲ့အတွက် အကုသိုလ်တွေလည်း လုပ်တယ် ဘဝချမ်းသာကို မက်မောပြီးတော့ ကုသိုလ်တွေလည်း လုပ်တယ်။ အဲဒါကို ဥပမာ နှိုင်းထားပါတယ်။ 🔵အကန်းက အမှောင်ထဲမှာ လမ်းလျှောက်တယ်။ ဘယ်လှမ်းလိုက်၊ ညာလှမ်းလိုက်။ အဝိဇ္ဇာဆိုတာ အမှောင်ပဲ။ သင်္ခါရဆိုတာ လမ်းလျှောက်တာ။ အကုသိုလ်လုပ်လိုက်၊ ကုသိုလ်လုပ်လိုက်၊ အမှောင်ကြီးထဲမှာ လမ်းလျှောက်တာဆိုတော့ လဲကျဖို့ မကျိန်းသေဘူးလား ။အမှောင်ထဲ လမ်းလျှောက်တာကိုး။ 🔵ဝိပဿနာမလုပ်တဲ့ပုဂ္ဂိုလ်တွေဟာ အမှောင်ထဲ မှာ လမ်းလျှောက်သလိုပဲ။ အမှန်တရားဆို ဘာမှာမသိဘူး။ သားရေး ၊သမီးရေး ၊စီးပွားရေး အတွက် မရှောင်နိုင် မတိမ်းနိုင် အကုသိုလ်တွေ လုပ်ကြတယ်။ စားဝတ်နေရေးအတွက် လုပ်ရတာကိုး ။ တာဝန်ကြီးတဲ့ပုဂ္ဂိုလ်တွေက၊ မိဘတွေက လုပ်ရတာပဲ။ မကောင်းမှန်းသိလည်း လုပ်ရတာပဲ။ 🔵တစ်ခါတစ်ရံကျတော့လည်း ကုသိုလ်လေး၊ လုပ်ဦးမှပဲဟေ့။ အကုသိုလ်တွေ အင်မတန်များ တယ်။ ကုသိုလ်တော့ လုပ်ဦးမှပဲ စခန်းလေး ဘာလေး ဝင်ဦးမှာပဲ ။ ကုသိုလ်လုပ်လိုက်တယ်။ အကုသိုလ်က နေ့တိုင်းလုပ်နေတာ။ ကုသိုလ်လုပ်လိုက် ၊ အကုသိုလ်လုပ်လိုက်၊ အမှောင်ထဲမှာ ဘယ်လှမ်းလိုက်၊ ညာလှမ်းလိုက်၊။ 🔵အဝိဇ္ဇာအမှောင်က သန်းခေါင်ယံလကွယ်ည တောအုပ်ကြီးထဲမှာ ဘာမီးမျှမပါဘဲ မှောင်ပိန်း နေတဲ့အမှောင်ထက် ပိုမှောင်တယ်။ဘာဖြင့်လို့ ပိုမှောင်တာလဲဆိုတော့ ခုနမှောင်နေတဲ့ အမှောင်က ဖယောင်းတိုင်ထွန်းလိုက်ရင် လင်းသွားနိုင်သေးတယ်။ 🔵ဝိပသနာတရားတွေ မနာ၊ ဝိပဿနာတရားတွေ အားမထုတ်ရင် ဒါရုပ်ပဲ၊ ဒါနာမ်ပဲ၊ ဒါအကြောင်းပဲ၊ ဒါအကျိုးပဲ ၊ ဒီလက္ခဏာတွေက အနိစ္စ၊ ဒုက္ခ ၊ အနတ္တ လက္ခဏာတွေပဲလို့ သိပါ့မလား။ ""မသိပါဘူးဘုရား" 🔵မသိဘူးဆိုတော့ အဝိဇ္ဇာပေါ့ ။ အဝိဇ္ဇာဆိုတာ အမှောင်ပဲ ။ အဲဒီအမှောင်ထဲမှာ အကုသိုလ်လုပ် တာကတော့ အထူးပြောစရာမလို့ဘူး ။ ငါ့သား၊ ငါ့သမီး ၊ငါ့ဇနီးတွေ ၊ လက်ကောက်တွေ၊ ဆွဲကြိုးတွေရဖို့အတွက် အကုသိုလ်တွေ လုပ်ဖြစ်တာပဲ။ 🔵သံဃာတော်တွေကို လှူဖွယ်ဝတ္ထုတွေ ကပ်တဲ့အခါ မင်းလည်းကိုင် ၊ငါလည်းကိုင် ၊ ကဲကပ်ကြမယ် ကပ်ကြမယ်၊ ပြန်ဆုံရအောင် မဟုတ်လား။ အဲဒါ ပြန်ဆုံးအောင်လို့ဆိုတာ ပြန်တွေ့ချင်တာ။ ခံစားချင်တာ။ 🔵အကုသိုလ်တုန်းကလည်း အဝိဇ္ဇာ၊ တဏှာ ဦးစီးတာ။ ကုသိုလ်အပေါ်မှာလည်းဘဲ အဝိဇ္ဇာ၊ တဏှာ ဦးစီးတာပဲ။ သူလုပ်တဲ့ အလုပ်မှန်သမျှဟာ အမှောင်ထဲမှာ လမ်းလျှောက်နေတာ။ အမှောင်ထဲမှာ ခဏငြိမ်နေပါဦးမလား။ သူက အမှောင်ထဲမှာ ဘယ်လှမ်းလိုက်၊ ညာလှမ်းလိုက်နဲ့ လမ်းလျှောက် နေတာ မဟုတ်လား ။ "ဟုတ်ပါတယ်ဘုရား" 🔵အမှောင်ထဲမှာ အကုသိုလ်တွေလုပ်တာ များတယ်ဆိုတာ ပြောစရာမလိုဘူး။ ကုသိုလ်လုပ်တဲ့အခါမှာ သူတို့က ဘဝသမ္ပတ္တိတို့ ဘောဂသမ္ပတ္တိတို့ဘက် လိုက်တာပဲ များတယ်။ 🔵ဘဝသမ္ပတ္တိဆိုတာ ဒါထက်ပိုပြီးတော့ အဆင့်အတန်းမြင့်တဲ့ ဘဝကို ရပါစေ ၊ အစစအရာရာ ပြည့်စုံပါစေ တောင်းလိုက်ကြတဲ့ ဆုတွေ အမျိုးမျိုးပဲ ။ ဒါတွေဟာ (၃၁)ဘုံအတွင်းမှာ လူနတ်ချမ်းသာတွေကို တောင်းနေတာမဟုတ် လား ။ "ဟုတ်ပါတယ်ဘုရား" 🔵အဲဒီဘဝချမ်းသာတွေရတော့ နောက်ပိတ်ဆုံး ကျတော့ မသေရဘူးလား ။ သေမင်းနဲ့ တွေ့ရပါ လို၏။ အိုတဲ့ဒုက္ခ ၊ နာတဲ့ဒုက္ခ၊ သေတဲ့ဒုက္ခ အဖန်ဖန်အထပ်ထပ် မချိမဆံ့ ဒုက္ခတွေနဲ့ တွေ့ရပါလို၏ ။အဲဒီဆုတောင်းတွေဟာ ပါးစပ်ကနေ ထုတ်မပြောသော်လည်း ပါမသွားဘူးလား။ "ပါသွားပါတယ်ဘုရား" 🔵အမှောင်ထဲမှာ လမ်းလျှောက်လို့ရှိရင် ဒါနပဲပြုပြု ၊ သီလပဲစောင့်စောင့် ၊ သမထပဲပွားပွား၊ အိုဖို့ ၊ နာဖို့ ၊သေဖို့ချည်းပဲ ။အခု အိုတာ အားမရ သေးဘူး။ နောက်....... 🔺အသင်္ချေအနန္တ ထပ်ကာ ထပ်ကာ အိုရပာလို၏။ 🔺အသင်္ချေအနန္တ နာရပါလို၏။ 🔺အသင်္ချေအနန္တ မျက်ရည်တွေ ကျရပါလို၏။ 🔺အသင်္ချေအနန္တ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲမျိုးစုံ ကြုံရပါလို၏။ 🔺အသင်္ချေအနန္တ အခေါင်းထဲရောက်ရပါလို၏။ အဲဒါတွေပါမသွားဘူးလား။ 🔵ဖြစ်ချင်တဲ့နောက်မှာ အပျက်လာမှာ ။ြ်ဖစ်ပြီးရင် ပျက်မှာကို မသိတာ အဝိဇ္ဇာ။ အဖြစ်လောက်ပဲမြင်တယ်၊၊ လူချမ်းသာ ၊ နတ်ချမ်းသာ ၊ ဖြစ်ရတယ်ဟေ့။အခြံအရံတွေ များပြီးတော့ လိုတရ ကောင်းကျိုးချမ်းသာတွေပဲ ဆွဲတွေးနေတယ်။ သေရမှာတို့၊ အပါယ်ကျမှာတို့၊ ဝမ်းနည်းရမှာတို့၊ ခွဲရမှာတို့ ၊ အဲဒါတွေကို နည်းနည်မျှထည့်မတွက်ဘူး။ 🔵အဝိဇ္ဇာ တဏှာရဲ့အောက်မှာ လမ်းလျှောက်လို့ မသိတာ၊ ဝိပဿနာ ဘာဖြစ်လို့လုပ်ရတာလဲ။ ဘယ်လိုအကျိုးရမှာလဲ ။ အဲဒီ အမှောင်ကိုပျောက် အောင် ၊ ဥာဏ်အလင်းရောင်တွေ ရအောင်လို့၊ ဝိပဿနာအလုပ်တွေကို လုပ်ရတာ။ 🔵ပညာအလင်းရောင် အဝိဇ္ဇာအမှောင်ကနေ ဝိဇ္ဖာဖြစ်သွားတယ်။ သူတော်ကောင်းတရားတွေ နာကြားရတော့ ဟာ -ယောက်ျားတွေ၊ မိန်းမတွေ၊ ပုဂ္ဂိုလ်သတ္တဝါတွေကတော့ သမုတိသစ္စာအနေနဲ့ တော့မှန်တယ်။ ပရမတ္ထနယ်ရောက်သွားတဲ့အခါ ကျတော့ မမှန်ဘူး ။ အဲဒါတွေက အမှားတွေ။ 🔵ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ် ၊ သတ္တဝါမဟုတ်ဘူး ။ ရုပ်တွေ နာမ်တွေပဲ။ တရားနာစဉ်ကတည်းက ဥာတပရိညာနဲ့ ဒိဋ္ဌိ တဒင်္ဂကွာသွားပြီ။ မဂ်တွေ ဖိုလ်တွေ မရသေးပါဘူး ။ ဝိပဿနာလည်း ကျကျနန မပွားရသေးပါဘူ။ 🔵မိုးကုတ်ဆရာတော်ဘုရားကြီး စက်ဝိုင်းတရား နာတာလည် ဒိဋ္ဌိကွာတာပဲ ။အတိတ်တုန်းက အဝိဇ္ဇာ ၊ သင်္ခါရ ၊အခုဝိညာဉ် နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ခန္ဓာငါးပါး ၊အင်္ဂါဆယ့်နှစ်ပါးနဲ့ ရှင်းပြမယ်ဆိုရင်လည်းပဲ အမျိုးမျိုးခွာလို့ရတာပဲ။ 🔵ဒီခန္ဓာငါးပါးဟာ လူတွေ ၊နတ်တွေ၊ ဗြဟ္မာတွေ၊ ဘုရားတွေက ဖန်ဆင်းလို့ဖြစ်လာတာ ။ အဝိဇ္ဇာ သင်္ခါရကြောင့် ဖြစ် တာလား။ "အဝိဇ္ဇာ ၊ သင်္ခါရကြောင့် ဖြစ်တာပါဘုရား" အဝိဇ္ဇာ သင်္ခါရကြောင့်လို့ အကြောင့်အပေါ်မှာ ဥာဏ်ရှင်းတော့ ဘာသေမလဲ၊ "ဝိစိကိစ်ဆာသေပါတယ်ဘုရား" 🔵အဝိဇ္ဇာ သင်္ခါရဆိုတာ နာမ်းတရားတွေပဲ ၊ သူ့ရဲ့တည်ရာက ရုပ်တရားတွေပဲ ။ပေါင်းလိုက်တော့ ရုပ်နဲ့နာမ်ပဲ ။ သြော်...အတိတ်တုန်းကလည်ဒ ရုပ်နဲ့နာမ်ပဲ။ အခု.....ပစ္စုပ္ပန်မှာလည်း ရုပ်နဲ့ နာမ်ပဲ။ ရုပ်နာမ်ဓမ္မ အစဉ်တန်းနေတော့ သက္ကာယဒိဋ္ဌိ တဒင်္ဂမစင်ဘူးလား။ "စင်ပါတယ်ဘုရား" 🔵အကြောင့်အပေါ်မှာ ဥာဏ်ရှင်းတော့ ဝီစိကိစ်ဆာသေတယ်။ အကျိုးအပေါ်မှာလည်း ကြည့်ပါဦး ။ ဝိညာဏ်၊ နာမ်ရုပ် သဠာယတန၊ ဖဿ၊ ဝေဒနာကို အကျဉ်းချုပ်လိုက်တော့ ဘာရမလဲ။ ရုပ်နဲ့ နာမ်ပဲလို့ ၊ အကျိုးပေါ်မှာ ဥာဏ်ရှင်းတော့ ဘာဒိဋ္ဌိစင်မလဲ။ "သက္ကာယဒိဋ္ဌိ စင်ပါတယ်ဘုရား " 🔵အတိတ်တုန်းက ရုပ်နာမ်တွေဟာ အခုပစ္စုပ္ပန်ထိ ပါရဲ့လား။ အတိတ်မှာပဲ ချုပ်ခဲ့ ပျက်ခဲ့တယ်။ ချုပ်တာပျက်တာမြင်တော့......... "သဿတဒိဋ္ဌိ စင်ပါတယ်ဘုရား " အတိတ်မှာပဲ ရုပ်နာမ်တွေချုပ်သော်လည်း ကမ္မသတ္တိက အကြောင်းအကျိုး ဆက်မနေဘူးလား၊ အကြောင်းအကျိုးဆက်တာ ဖြစ်တာကိုမြင်တော့ ဘာဒိဋ္ဌိစင်၊ "ဥစ်ဆေဒဒိဋ္ဌိ စင်ပါတယ်ဘုရား " အဲဒါ ဥာဏ်အလင်းရောင်ပဲ၊ ဥာတပရိညာနဲ့ ဒိဋ္ဌိကို ခွာနေတယ်။ ဟုန်တုန်းက သစ္စာလေးပါးကို မသိဘဲနဲ့..... သင်္ခါရဆိုတဲ့ အကုသိုလ် ၊ ကုသိုလ်တွေလုပ်ခဲ့လို့ အခု ခန္ဓာရနေတယ်။ အခု ခန္ဓာရနေတဲ့ အခါကျတော့ ဇာတိရတယ်၊ ဒုက္ခသစ္စာ ။ အခုအိုနေပြီ ၊ဇရာကလည်း ဒုက္ခသစ္စာ ။နာပြီးသေရင်လည်း ဒုက္ခသစ္စာ ။ ဟိုတုန်းက သမုဒယသစ္စာတွေ လုပ်ခဲ့လို့ အခု ဒုက္ခသစ္စာတွေ ရနေတာ။ အဲဒီလိုသိတဲ့အသိဟာ မှားတဲ့အသိလား ၊ မှန်တဲ့အသိလား။ "မှန်တဲ့အသိပါဘုရား" မှန်တဲ့သိဆိုတာ သမ္မာဒိဋ္ဌိပေါ့ ၊ ဝိပဿနာသမ္မာဒိဋ္ဌိ ပေါ့။ ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာ ဥာဏ်အလင်းရောင် ပဲ ၊ ဥာဏ်အလင်းရောင်အောက်မှာ လမ်းလျှောက် နိုင်တဲ့အကျိုး ။ အမှန်သိတော့ နှလုံးသွင်း မှန်တယ်။ အမှန်မသိတော့ ...... အနိစ္စကို နိစ္စလို့ထင်တယ်။ ဒုက္ခကို သုခလို့ထင်တယ်။ အနတ္တကို အတ္တလို့ထင်တယ်။ အသုဘကို သုဘလို့ထင်တယ်။ ဝိပဿနာလုပ်ရင် ဘာကျိုးရမှာလဲ။ ထီပေါက်မှာတို့၊ ရာထူးတက်တို့ ဒါအကျိုးမဟုတ် ဘူးနော်။ ထီပဲပေါက်ပေါက်၊ ရာထူးပဲတက်တက် အပါယ်တံခါး မပိတ်ဘူးဗျာ။ 🔺မဂ်ဥာဏ် ဖိုလ်ဥာဏ်ရမှ အပါယ်တံခါးပိတ်မှာ။ 🔺အပါယ်တံခါးပိတ်မယ့်လမ်းစဉ်ဟာ ဝိပဿနာ ။ မသိခဲ့ရတဲ့အသိတရားတွေ သိအောင်လုပ်နေတာ လည်း ဝိပဿနာပဲ။ တစ်သံသရာလုံးက ယောက်ျား၊ မိန်းမ ၊ပုဂ္ဂိုလ် ၊သတ္တဝါ ဒါပဲ သိခဲ့တာ ။လောဘဖြစ် စရာ ၊ ဒေါသဖြစ်စရာ၊ မောဟဖြစ်စရာကိုပဲ သိခဲ့တာ။ ဟာ.....လူဆိုရင် လုပ်စားရမှာပေါ့ကွာ။ လူဆိုတာ ပညာသင်ပြီး လုပ်စားရမှာပဲ ။ သူများတွေလည်း အိုးနဲ့အိမ်နဲ့ လုပ်နေတာ မတွေ့ဘူးလား။ အများနောက်ပဲလိုက်နေတယ်။ အများဘက်လိုက်ရင်တော့ ဘုရားဘက် မပါတော့ဘူး။ အများကတော့ သံသရာထဲပဲသွားတာ မျောလမ်း ၊ ၊မြုပ်လမ်း ၊ အဲဒါ အများသွားတဲ့လမ်း ။ 🔵အရိယာသူတော်ကောင်းတွေ ၊ဘုရား၊ ရဟန္တတွေ သွားတဲ့ ဝိပဿနာလမ်းက လွတ်လမ်း၊ မမျောဘူး၊ မမြုပ်ဘူး၊၊ လွတ်တဲ့ လမ်းကို၊ သွားတာ။ 🔺သံသရာက လွတ်ရင် အမြတ်ဆုံးချမ်းသာကို ရတာပဲ ။ ဒီလိုအကျိုးတရားမျိုးကို ဝိပဿနာလုပ်မှ ရတာ ။ 🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺 မြစိမ်းတောင်ဆရာတော်ဘုရားကြီး copy from kyawkyaw win
via အလင်းရောင် ဓမ္မ https://ift.tt/2ZqrjGh
Newer Post
Older Post
Home