Friday, August 23, 2019

#တောင်စောင့်နတ်ကြီး တစ်ညနေ ဘုန်းကြီးဆီကိုလူတစ်ယောက်ရောက် လာပီး လာကန်တော့တယ် ။ အဖြူရောင်အဝတ် နဲ့ အရှင်ဘုရား မေတ္တာပို့ပေးပါ ပရိတ်တော်တွေ လည်း ရွတ်ပေးပါလို့ လျောက်ထားတယ် ။ ခဏ အကြာ ဘုန်းကြီးရှေ့ကပြန်ထွက်သွားပီး တောင် တစ်ခုလုံး လင်းထိန်သွားတာတွေ့လိုက်ရတယ်။ တောင်စောင့်နတ်ကြီးကိုး ။ #ဝိဇ္ဇာတွေလာဖူးကြတယ် တစ်ညကျတော့ အတော်လေးအေးလို့ ဘုန်းကြီး စောင်အထပ်ထပ်ခြုံပီး လှဲနေတုန်း အလွန်မွှေး ကြိုင်တဲ့ ရနံ့တွေနဲ့အတူ ဟိမဝန္တာကဝိဇ္ဇာနှစ်ပါး ဘုန်းကြီးနားမှာ မတ်တပ်ရပ်ပီး ဘုန်းကြီးကိုကန် တော့နေကြတာတွေ့လိုက်တယ် ။ တစ်ကိုယ်လုံး နုညံ့တဲ့အနီရောင် အမွှေးအမှင် တွေ ဖုံးအုပ်ထားတယ် ။ ဘာလာလုပ်တာလည်း လို့မေးတော့ အရှင်ဘုရားရဲ့ သီလသမာဓိပညာ ကို ကြည်ညိုလို့ လာကန်တော့တာပါဘုရားတဲ့ ။ တစ်ကျောင်းလုံး သူတို့ကိုယ်က အရောင်အဝါ တွေနဲ့ လင်းနေတယ် ။ တစ်နေ့မှာတော့ အပေါ်က လေယာဉ်ပျံအသံလို ကြားပီး ဘုန်းကြီးရှေ့ကို ဝိဇ္ဇာတစ်ပါးကျလာတယ် တပည့်တော်ဝိဇ္ဇာဓိုရ် ဦးကျော်ပါဘုရားလို့လျောက် ထားပီး သူကလည်း အရှင်ဘုရားရဲ့သီလသမာဓိ ပညာကျော်ကြားလို့ လာပီးဖူးတာပါဘုရားတဲ့ ။ ပရိတ်ရွတ်ပေးဖို့နဲ့ မေတ္တာပွါးပေးဖို့လျောက်ထား ပီး ဘုန်းကြီးကို သက်တန်းရှည်အောင် သူပေါင် နဲ့ ပေါင်တစ်ဖက်ချင်း လဲဖို့လျောက်ထားတယ် ။ ဘုန်းကြီးက တကာ့ပေါင်ကို ပြပါဦးလို့ဆိုတော့ ဝိဇ္ဇာဓိုလ်ကသူ့ပေါင်ကိုပြတယ်။ဒါနဲ့ ဘုန်းကြီးက တကာဦးကျော်ရေ ပေါင်တစ်ဖက်မဲ တစ်ဖက်ဖြူနဲ့ မဖြစ်သေးပါဘူးလို့ ပြန်ပြောလိုက်တယ် ။ ခဏ ကြာတော့ လက်အုပ်ချီရင်း ကောင်းကင်ပေါ် ပျံတက်သွားတယ် ။ #ကပ္ပိယကြီးတွမ်မှုံ ဘုန်းကြီးကိုကြည်ညိုလို့ အနီးနားရွာကနေလာပီး ဝေယျာဝစ္စတွေ လုပ်ကိုင်ပေးနေတဲ့ ဂေါရခါးလူမျိုး တွမ်မှုံဆိုတဲ့ … ကပ္ပိယကြီး တစ်ယောက်ရှိတယ် ။ နောက် မကျန်းမာဖြစ်ပီး ကွယ်လွန်သွားတယ်။ တနေ့ ဘုန်းကြီးနေပူစာလှုံနေတုန်း လက်ပေါ်ကို ငှက်ကလေးတစ်ကောင်လာနားတယ် ။ ကြည့် လိုက်တော့ တွမ်မှုံဖြစ်နေတယ် ။ ဒါနဲ့ ဘုန်းကြီးက ဟဲ့ …နင်တွမ်မှုံမဟုတ်လားလို့ ပြောလိုက်တော့ ကျိကျော် ကျိကျော်လို့အော်ပီး ပြန်ထွက်သွားတယ် ။ တော်ကြာ အနီရောင်ငှက် လေးဖြစ်လိုက် အပြာရောင်ငှက်လေးဖြစ်လိုက်နဲ့ ငှက်ဘဝ ခြောက်ခါလောက်ဖြစ်တယ် ။ တွမ်မှုံမလာတာကြာလို့ ဘယ်ဘဝများရောက် နေပါလိမ့်လို့ ဘုန်းကြီးတွေးနေတုန်း နေပူမှာ လှမ်းထားတဲ့ သင်္ကန်းပေါ်မှာ ကင်းခြေများကြီး တစ်ကောင် ရောက်နေတာတွေ့ရတယ်။တွမ်မှုံ ကင်းခြေများဖြစ်နေတာကိုး …ဒါနဲ့ ဘုန်းကြီးက ဟဲ့ တွမ်မှုံ … နင့်ကို… သူများနင်းမိရင်လည်း မကောင်းဘူး … နင်းမိလို့ ပြန်ကိုက်ရင်လည်း မကောင်းဘူး ငါ့ကျောင်းကို ဧည့်သည်တွေလာ ကြလိမ့်မယ် သွားတော့လို့ပြောတော့ တလှုပ် လှုပ်နဲ့ ပြန်ထွက်သွားတယ် ။ ကင်းခြေများဘဝကနေ အတော်လေးကြာတော့ မြွေစိမ်းလေးဖြစ်လိုက် အနီလေးဖြစ်လိုက်နဲ့ … တစ်နေ့ ရေအိုးစင်မှာရေသောက်နေတုန်း ခြေ ထောက်ကို ခေါင်းနဲ့လာထိနေလို့ ကြည့်လိုက် တော့ တွမ်မှုံဖြစ်နေတယ် မြွေမဘဝရောက်နေ ပြန်တယ်။ ခဏကြာတော့ နောက်ဆုတ်နောက် ဆုတ်နဲ့ကျောင်းဝကိုပြန်ထွက်သွားတယ် သူ့လင် နဲ့ သားနှစ်ကောင်က မဝင်ရဲလို့ ကျောင်းခြံဝမှာ ကျန်ခဲ့တာကို သွားခေါ်လာပီး မြွေလေးကောင် ဘုန်းကြီးခြေထောက်ကို ခေါင်းတွေနဲ့ထိထိပီး ကန်တော့နေကြတယ် ။ ကန်တော့ပီးတဲ့အခါ နောက်ဆုတ် နောက်ဆုတ်နဲ့ ပြန်ထွက်သွားကြ တယ် ။ ခုတော့ ဘယ်ဘဝတွေ ရောက်နေမှန်း တောင် မသိတော့ဘူး။အတူနေခဲ့ဖူးတဲ့ သံယော ဇဉ်ပါပဲ ။ ဘုန်းကြီးပြောချင်တာက လူ့ဘဝကနေ တရိစ္ဆာန် ဘဝကို ရောက်သွားရင် တော်တော်နဲ့ လူပြန်မ ဖြစ်တော့ဘူး ။ ဒါ့ကြောင့် ရခဲတဲ့လူ့ဘဝရောက် တုန်း ဒါန သီလ ဘာဝနာကို မမေ့ကြနဲ့ ကုသိုလ် များများလုပ်ကြဖို့ ဘုန်းကြီးတိုက်တွန်းပါတယ်။ © တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရ၏ သြဝါဒ နေမာဗုဒ္ဓဿ #မြကြာဖြူ


via အလင်းရောင် ဓမ္မ https://ift.tt/2L3pqdF