အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, August 23, 2019
"မနက်အိပ်ရာကနိုးတိုင်း သတိရပေးပါ" *****(သီတဂူဆရာတော်ကြီး) မနက်မိုးလင်းလို့ အိပ်ရာကထပြီး နေ့တစ်နေ့ကိုစဖို့လုပ်တဲ့အချိန်မှာ သားအကြောင်း သမီးအကြောင်း လောကစီးပွားရေးအကြောင်း မတွေးခင်မှာ ဘုရား တရား သံဃာ ရတနာ၃ပါးကို အရင်သတိရလိုက်ကြစမ်းပါ.. ဘာမှအပမ်းမကြီးပါဘူး စက္ကန့်ပိုင်းအချိန်လေးပါပဲ.. အိပ်ရာက ပက်လက်အနေအထားနဲ့နိုးရင် ပက်လက် မှောက်ခုံနိုးရင် မှောက်ခုံ ဘေးတစ်စောင်းနိုးရင် တစ်စောင်းပေါ့ လက်အုပ်ကလေးချီပြီး ရတနာ၃ပါးကို သတိရလိုက်ပါ.. အိပ်ရာကထဖို့ မလိုပါဘူး နိုးလာတဲ့ပုံစံနဲ့ လက်အုပ်ကလေးချီ သတိရ.. ပြီးမှ ကိုယ်လုပ်ချင်တာ ဆက်လုပ်ကြပါ.. ရတနာ ၃ပါးကို မမေ့သူ အစဉ်ဦးထိပ်ထားသူဟာ အခက်အခဲနည်းတယ် ကိုယ်စိတ်ချမ်းသာတယ်.. 🌷သီတဂူဆရာတော်ကြီး🌷 စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်💜 🙏ohmarshin(oms)🙏
via အလင်းရောင် ဓမ္မ https://ift.tt/2L4a74w
Newer Post
Older Post
Home