Friday, August 23, 2019

" ခါးပမ်းကြိုး ကြွက်​မကိုက်​​စေနဲ့ ..." ~~~~~~~~~~~~~~~~~ ရှေးရှေးတုန်းက … ရသေ့ကြီးတစ်ပါးဟာ ရွာတစ်ရွာကို ​ရောက်လာပြီး တရားဟောသတဲ့ ဒီတော့ ရွာသားတစ်ယောက်ဟာ ရသေ့ကြီးအပေါ် ကြည်ညိုလေးစားပြီး ရသေ့ဝတ်ခွင့် တောင်းသတဲ့ ။ ရသေ့ကြီးကလဲ "အေး ငါကတော့ ဟိမဝန္တာကို သွားပြီး၅- နှစ် တရား အားထုတ်လိုက်​ဦးမယ်... မင်းက ရသေ့လေး ဝတ်ပြီး ဒီရွာမှာ ​စောင့်နေ ၅- နှစ်ပြည့်ရင် ငါ လာခေါ်လိုက်မယ်" လို့မှာပြီး ဟိမဝန္တာကို ထွက်သွားခဲ့သတဲ့ ။ ဒီလိုနဲ့ ရသေ့လေးဟာ ဆရာအလာကို ​ ​စောင့်​​မျှော်​ပြီး ​နေသတဲ့ ​နောက်​တစ်​​နေ့မှာ ရွာထဲကို ဆွမ်းခံထွက်တဲ့အခါ ရွာသူရွာသားတွေက စားစရာ​တွေသာမကပဲ ရသေ့လေး သီတင်းသုံးဖို့ ဆိုပြီး သစ်ခက်တဲကျောင်းလေး တစ်ခုပါ ​ဆောက်ပေးပြီး ပစ္စည်းလေးပါး ဒါယကာ ခံယူကြသတဲ့..။ ဒီလိုနဲ့ တစ်နေ့မှာ ရသေ့လေးရဲ့ ခါးပမ်းကြိုးကို ကြွက်ကိုက်သွားပါလေရောတဲ့ ဒါကို ရွာသူရွာသားတွေက မြင်တော့ ရသေ့လေးရဲ့ကျောင်းမှာ ကြွက်တွေ ​ပေါနေတယ်ထင်ပါရဲ့ ကြွက်တွေပြေးအောင် ဆိုပြီး ​ကြောင်တစ်ကောင်ကို လှူလိုက်ကြသတဲ့။ ရသေ့လေးမှာ ကြွက်ရန်က ​အေးသွားသော်လည်း ကြောင်က အမ, လေးဆိုတော့ ကြောင်ပေါက်စလေးတွေ မွေးပါလေရော ဖြစ်​ချင်​​တော့ ကြောင် အမေကြီးက နို့မထွက်​ဘူးတဲ့ ဒါနဲ့ ရွာထဲကို နွားနိ့ အလှူခံရပြန်​တယ်​ ​ကြောင်​​ပေါက်​စ​လေး​တွေ ​ ​သောက်​ဖို့အတွက်​​လေ ဒီ​တော့ ရွာသား​တွေကလဲ ရ​သေ့​လေး အဆင်​​ပြေ​အောင်​ ဆိုပြီး နွားမ​လေး တစ်​​ကောင်​ကို လှူပြန်​သတဲ့ ။ ဒီလိုနဲ့ ​နွေ​ရောက်​​တော့ နွားအတွက်​ ​ကောက်​ရိုးက လိုလာပြန်​​ရော ရွာသား​တွေကလဲ​ကောက်​ရိုးအတွက်​ အဆင်ေ​ပြ​အောင်​ ဆိုပြီး ​ကျောင်း​ရှေ့မှာ စပါးခင်​​လေး စိုက်​​ပေးကြသတဲ့။ ပြီး​တော့ ​ကောက်​စိုက်​ဖို့ နွားစာ​ကြွေးဖို့ အတွက်​ဆိုပြီး ရွာထဲက လုံမပျို တစ်​ဦးကို လစာ​နဲ့ ငှား​ပေထားကြသတဲ့ ။ ဒီလိုနဲ့ ၅- နှစ်​ ပြည့်​လို့ရ​သေ့ကြီး ​ ​ရောက်​လာတဲ့အခါ အလွန်​ပဲ အံ့သြသွားခဲ့ရတယ်​ ။ ဘာလို့လဲဆို​တော့ သူ့ရဲ့ ရ​သေ့​လေးမှာ​ကြောင်​မိသားစုက တစ်​အုပ်​ နွားအုပ်​ကြီးက တစ်​အုပ်​ လယ်​ကွင်းပြင်​ကြီးနဲ့ က​လေး ငိုသံ​တွေကလဲ ဆူလို့ ညံလို့ ရ​သေ့ကြီးက " ဒါက ဘယ်​လိုဖြစ်​တာလဲ " လို့ ​မေးတဲ့အခါ သူ့တပည့်​ ​ဖြေလိုက်​ပုံက " ခါးပမ်းကြိုး ကြွက်​ကိုက်​ရာက စတာပါဘုရား " ဟူသတည်း Credit


via အလင်းရောင် ဓမ္မ https://ift.tt/2NnOcb4