အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, August 22, 2019
❄အနုဿ တိ ( ၁ဝ ) ပါး❄ 💫💫💫💫💫💫💫💫 ⏩အဖန်တလဲလဲ အောက်မေ့ဆင်ခြင်မှုဟူသော သတိစေတသိက်ကို ( အနုဿ တိဟု ) ခေါ်၏။ ၁။ဗုဒ္ဓာနုဿ တိ 〰〰〰〰 ဘုရားရှင်၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။ ၂။ဓမ္မာနုဿ တိ 〰〰〰〰 တရားတော်၏ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။ ၃။သံဃာနုဿ တိ 〰〰〰〰〰 သံဃာတော်၏ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။ ၄။သီလာနုဿ တိ 〰〰〰〰〰 မိမိ၏သီလဂုဏ်ကို အဖန်တလဲလဲအောက်မေ့ခြင်း ။ ၅ ။စာဂါနုဿ တိ 〰〰〰〰〰 မိမိစွန့်ကြံပေးကမ်း လှူ ဒါန်းခြင်းဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း ။ ၆။ဒေဝတာ နုဿ တိ 〰〰〰〰〰 နတ်တို့၏သဒ္ဒာစသည့်ဂုဏ်နှင့်တူသော မိမိ၏ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ ခြင်း။ ၇။ဥပသမာနုဿ တိ 〰〰〰〰〰 ဒုက္ခခပ်သိမ်းအေးငြိမ်းသော နိဗ္ဗာန်ကို အဖန်တလဲလဲ အောက်မေ့ ခြင်း။ ၈။မရဏာနုဿ တိ 〰〰〰〰〰 မိမိ၏ သေခြင်းကို အဖန်တလဲလဲ အောက်မေ့ ခြင်း။ ၉။ကာယဂတာသတိ 〰〰〰〰〰 ဆံပင် ၊ မွေးညှင်း ၊ ခြေသည်း လက်သည်း စသည့် ၃၂ ကောဌာသကို အဖန်တလဲလဲ အောက်မေ့ ခြင်း။ ၁၀။အာနာပါနဿ တိ 〰〰〰〰〰 ထွက်သက်ဝင်သက်ကို အဖန်တလဲလဲ အောက်မေ့ ခြင်း။ ⏪သာယာချမ်းမြေ့ကြပါစေ⏩ 🌟သစ္စာနီ🌟 💡ဒေါက်တာမင်းတင်မွန်ရေးသားသော ဝိသုဒ္ဓိအလင်းပြ နိဗ္ဗာန်လမ်းမကြီး ပတွဲစာ ၁၇၃
via အလင်းရောင် ဓမ္မ https://ift.tt/2TSAVZq
Newer Post
Older Post
Home