Sunday, August 18, 2019

"ပစ္စေကဗုဒ္ဓကတရားမဟောဘူးဆိုတာ မဟုတ်ပါ" 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ကစ္စေကဗုဒ္ဓဟာ အနောက်တိုင်းက ဘာသာပြန် သလိုSilent Buddha မဟုတ်ပါ.. ပစ္စေကဗုဒ္ဓက တရားမဟောဘူးဆိုတာလည်းမဟုတ်ပါ ပစ္စေကဗုဒ္ဓတွေ ဟောတဲ့တရားတွေ အများကြီးရှိပါတယ်.. အရိန္ဒမဇာတ်မှာ ပစ္စေကဗုဒ္ဓက ဥပမာ ဥပမေးယျနဲ့ တောင် ဟောပါတယ်.. "မြစ်ထဲမှာမျောနေတဲ့ဆင်သေကောင်ကြီးပေါ်မှာ ကျီးကန်းတစ်ကောင်ကရောက်လာပြီးဒီဆင်ကောင် ကို စားရရင်တော့ ငါတစ်သက်လုံး ဟန်ကျပြီ အစာရှာစရာမလိုတော့ဘူး နေစရာလည်းရှိတယ်ဆိုပြီး ဆင်ကောင်ကြီးပေါ်မှာနားမယ် စားမယ်ပြီးရင် ရေသောက်လိုက်မယ် ရေကလည်းဘေးမှာ ကပ်လျက်ပဲ ဆာရင် ဆင်ကောင်ကြီးအသားစားမယ်နေရင်လည်း ဒီကောင်ကြီးပေါ်မှာနေမယ်ဆိုပြီး အေးအေးဆေးဆေး နေသွားတဲ့အခါဆင်ကောင်ကြီး က ပင်လယ်ထဲရောက်ပြီး လှိုင်းလုံးတွေပုတ်တော့ ကျီးကန်းဟာ ရပ်တည်မှုမရတော့ဘူး.. ဟိုဟိုဒီဒီပျံတော့လည်း ကမ်းမတွေ့လို့ပင်လယ်ထဲ မှာပဲ အသက်ဆုံးရှုံးရတယ်.." ဒီဇာတ်လမ်းကို ပစ္စေကဗုဒ္ဓဟောတာ.. အရိန္ဒမမင်းကြီးကို အဲဒီဥပမာပြပြီးကာမဂုဏ် အာရုံတွေထဲမှာ နစ်မြုပ်နေရင် အဲဒီကျီးမိုက်လိုဖြစ်မယ် လို့ဟောပါတယ်.. အဲဒီတော့ ပစ္စေကဗုဒ္ဓတွေဟာ Silent Buddha တော့ မဟုတ်ဘူး.. အကျွတ်တရား တရားထူးတရားမြတ်ရအောင် မဟောနိုင်တာတော့"အာသယာအနုသယနဲ့ ဣန္ဒြိယပရောပရိယတ္တိဉာဏ်" မရသည့်အတွက်ကြောင့်ပုဂ္ဂိုလ်ရဲ့စရိုက်ကို မသိဘူး..မသိသည့်အတွက်ကြောင့်ဟောတော့ ဟောတယ် မထိရောက်ဘူးလို့ပြောတာ.. ဒါဖြင့် ရှင်သာရိပုတ္တရာတို့ ရှင်မဟာမောဂ္ဂလာန်တို့ ဟောတော့ကျွတ်တယ်.. ပစ္စေကဗုဒ္ဓဟောတာ ဘာကြောင့် မကျွတ်တုန်း ဆိုတော့ရှင်သာရိပုတ္တရာ ရှင်မဟာမောဂ္ဂလာန်တို့ ဟောတာကျတော့ကိုယ်ပိုင်နည်းစနစ်မဟုတ်ဘူး မြတ်စွာဘုရားဆီက ရတဲ့နည်းနဲ့ ဟောတာ.. ဘယ်သူဟောဟော ဘုရားရဲ့တရားပဲ.. ပစ္စေကဗုဒ္ဓကသူ့ရဲ့ကိုယ်ပိုင်တရားဖြစ်တယ်.. တစ်ခြားပုဂ္ဂိုလ်ဆီက နည်းယူစရာမရှိဘူး.. ပစ္စေကဗုဒ္ဓတွေမှာအာသယနုသယဉာဏ် မရှိဘူး..သတ္တဝါရဲ့စရိုက်နဲ့ ဝါသနာကို မသိပါဘူး.. အဲဒီအချက်အလက်တွေ သမ္မာသမ္မုဒ္ဓနဲ့ပစ္စေက ဗုဒ္ဓတို့ ထူးခြားပါတယ်.. မြတ်စွာဘုရားက တရားဟောပြီဆိုရင် "ဗုဒ္ဓ စက္ခုနာ လောကံ ဝေါလောကေသိ" ဗုဒ္ဓစက္ခုနဲ့ လောကကြီးကို ကြည့်တယ်ကြည့်ပြီးမှ ဟောတယ်.. ဒါကြောင့် မြတ်စွာဘုရားက ဆရာကောင်းတစ် ယောက်နဲ့ အလားတူတယ်.. တပည့်တွေကိုဘယ်လိုသင်ရမလဲ သိတယ်.. အဲ့လိုသိပြီး သင်တဲ့ဆရာလိုပဲ.. ပစ္စေကဗုဒ္ဓက သိတော့သိတယ် မသင်တတ်တဲ့ ဆရာလိုပေါ့.. ဒီလို ကွဲပြားမှုရှိပါတယ်.. ပါချုပ်ဆရာတော်ကြီး ohmarshin


via အလင်းရောင် ဓမ္မ https://ift.tt/30d2HSF