အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, August 18, 2019
မဂ်စစ်,မစစ် ဖိုလ်နဲစစ် ဝိပဿနာရှုနေရင်း လောကီ ရုပ်,နာမ်နှစ်ပါး စလုံး ချုပ်သွားသဖြင့် မဂ်ဟုတ်သည်-မဟုတ်သည့်ကို အတတ် ဒိဋ္ဌသိလိုလျှင် ဤသို့ ဖြစ်ပြီးသည်နှင့်တပြိုင်နက် မြတ်စွာ ဘုရားကို ရှိခိုးလျက်၊ တပည့်တော်သည် မဂ်ဥာဏ် ဖိုလ် ဥာဏ်ကို ရတာရောက်တာမှန်လျှင် ယခုအကြိမ်တွင် သိသာထင်လျှားအောင် နိဗ္ဗာန်ကို တနာရီ တဆက်တည်း မျက်မှောက် ပြုလျက် နေရပါစေသတည်းဟု နှုတ်ဖြင့် သော်၎င်း စိတ်ဖြင့်သော၎င်း အဓိဋ္ဌာန်ပြုပါ။ ဓိဋ္ဌာန်ပြီးလျှင် ခုနက ဝိပဿနာရှုသလိုပင် ရှု၍နေပါ။ စိတ်ကူးခြင်း ကြံစည်ခြင်း တွေးတောခြင်း ဝမ်းသာခြင်း စသည်တို့ မဖြစ်ပါစေနှင့်။ ဤအတိုင်းရှုနေစဉ် ခုနက ရုပ်နာမ်နှစ်ပါးစလုံး ချုပ်သွားတာသည် မဂ်အစစ် ဟုတ်လျှင် ဓိဋ္ဌာန်ထား သည့်အတိုင်း နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် တနာရီဖြစ် စေ ပို၍ဖြစ်စေ လို၍ဖြစ်စေ နိဗ္ဗာန်ကို မျက်မှောက်ပြုမိ လျက်သား ဖြစ်၍နေလိမ့်မည်။ အကယ်၍ ပထမအကြိမ် ၌ ဓိဋ္ဌာန်သလို မဖြစ်လျှင် ဒုတိယအကြိမ်၌ တပည့်တော် သည် ယခုအကြိမ် ဝိပဿနာရှုနေရင်း နိဗ္ဗာန်ကို တနာရီ ကြာအောင် မျက်မှောက်ပြုလျက် နေရပါလို၏ဟု ဓိဋ္ဌာန်၍ ဝိပဿနာကို ခါတိုင်းလိုပင် ရှုပါ။ ဓိဋ္ဌာန်သလို နိဗ္ဗာန်ကို မျက်မှောက် မပြုရလျှင်လည်း ဒုတိယအကြိမ် က ဓိဋ္ဌာန်သည့်အတိုင်းပင် ထပ်၍ ဓိဋ္ဌာန်ပြီး ဝိပဿနာကို ရှုမြဲတိုင်းပင်ရှုပါ။ ဤကဲ့သို့ အကြိမ်ကြိမ် အဖန်ဖန် ဓိဋ္ဌာန်လို့မှ မရလျှင် ပထမကမဂ်ဟုထင်ခြင်းသည် မဟုတ်သေးဘူးဟူ၍သာ မှတ်ဖို့ရှိတော့သည်။ သို့ရာတွင် အားမလျှော့ပါနှင့် ပထမအကြိမ်က ဤကဲ့သို့ဖြစ်ဖူးသော ယောဂီများမှာ များမကြားမီ မဂ်ဥာဏ် ဖိုဥာဏ်အစစ်ကို ရတတ်ပါသည်။ သို့ဖြစ်၍ နောက်ထပ် အားထုတ်သောအချိန်တိုင်း၌ ဒုတိယအကြိမ်က ဓိဋ္ဌာန်သလို ဓိဋ္ဌာန်ပြီးမှ အားထုတ်ပါ။ ဤအတိုင်းအားထုတ်သွားလျှင် နောက်ထပ် အားထုတ် အားထုတ်သောအကြိမ်များတွင် တကြိမ်ကြိမ်၌ မဂ်ဥာဏ် အစစ်ကို ရတတ်ပါသည်။ သို့ရာတွင် တကြိမ် တကြိမ် ဆိုရာ၌ ခဏမျှကြာသောတကြိမ်မျိုးမဟုတ် တကြိမ်လျှင် အနည်းဆုံး ၂နာရီထက်များမှ သာ၍ကောင်း၏။ တရားအားထုတ်ရင်း မဂ်ဥာဏ်ဖြစ်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုမိသည်မှန်လျှင် ဤသို့ပြုမိပြီးသည်နှင့် တပြိုင်နက် အဓိဋ္ဌာန်ဖြင့် နိဗ္ဗာန်ကို ချက်ခြင်းအာရုံပြု ရပါလို၏။ တနာရီကြာအောင် အာရုံပြုရပါလို၏ဟု ဓိဋ္ဌာန်ပြီး မူလအတိုင်း ဝိပဿနာကိုရှုနေလျှင် မကြာမီပင် နိဗ္ဗာန်ကို အာရုံပြု၍သွားတတ်သည်။ သို့ရာတွင် တနာရီတိတိဖြစ်စေ ပို၍ လို၍ ဖြစ်စေ ကြာသင့်သလို ကြာလိမ့်မည်။ ဆက်ခါဆက်ခါဓိဋ္ဌာန်၍ နိဗ္ဗာန်ကို အာရုံပြုလျှင်မူကား ဝသီဘော်နိုင်ပြီးသကာလ ဓိဋ္ဌာန်သည့်အတိုင်း တနာရီ တိတိပင်ကြာလိမ်မည်။ ပို၍ လို၍ ဓိဋ္ဌာန်လျှင်လည်း ဓိဋ္ဌာန်သည့်အချိန်အတိုင်း တိတိကျကျရနိုင်သည်။ ဤကဲ့သို့ ဓိဋ္ဌာန်သလို နိဗ္ဗာန်ကို အလိုရှိသလို မျက်မှောက် ပြု၍ရလျှင် မဂ်ဥာဏ်ဖိုလ်ဥာဏ် အစစ်ဖြင့် နိဗ္ဗာန်အစစ်ကို မျက်မှောက်ပြုနိုင်သော သောတာပန် အစစ်ဖြစ်ပြီဆိုတာ စိတ်ချလက်ချ ယုံကြည်ရတော့ပြီ။ ဝိပဿနာပါရဂူကျမ်း CR# phyo may Oo
via အလင်းရောင် ဓမ္မ https://ift.tt/2MnCXzY
Newer Post
Older Post
Home