အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, August 24, 2019
ဝစီဗေဒ ထိတိုင်းရှ အမြဲသတိရှိပါစေ 🙏🙏🙏🙏🙏🙏🙏🙏🙏 တောပြော တောင်ပြော မပြောနဲ့၊ မဂ်တား ဖိုလ်တား ဖြစ်မယ်။ သူများဆဲတာကို အပြစ်မပြောဘူး။ ဦးဇင်းက အတိတ်က သူများကို ဆဲခဲ့တဲ့ အပြစ်ကိုသိတယ်။ ငါ့ကိုက မကောင်းတဲ့ကံ၊ သူများကို ဆဲခဲ့လို့အခုငါခံ။ အတိတ်အကြောင်း သိချင်လား ဒကာကြီး။ ဦးဇင်းက ဝေဿဘူဘုရားလက်ထက်က ရှင်ဘုရင် ဖြစ်ခဲ့တယ်။ ထီးနန်းအုပ်ချုပ်သူ ဘုရင်။ ပိဋကတ်သုံးပုံ ပြောင်းပြန် ဘယ်ပြန်ညာပြန် လှန်ခဲ့တယ်။ အတတ်မျိုးစုံလည်း တတ်ခဲ့တယ်။ ဘုရင်ကလည်း အကြီးစား၊ ဦးဇင်းအတိတ်က ကံပြောတာ။ ဒါပေမဲ့ မကောင်းတာက သူများကို ဆဲခဲ့တာ ပြောတာ။ ကိုယ့်ထက် တတ်တဲ့သူ မရှိဘူးလို့ ဒီလို မာန်မာနတရားတွေ လက်မကြီးထောင် ခဲ့တယ်။ အစွယ်ကြီးချိတ်ခဲ့တယ်။ မာန်တွေ မာန်တွေ၊ ငါ့ထက်တတ်တဲ့သူ မရှိဘူးလို့. အစွယ်ကြီး ချိတ်ခဲ့တယ်။ အဲဒီတော့ ဘုရင်လည်း ဖြစ်နေတော့ ဒကာကြီးရဲ့ ပိဋကတ်သုံးပုံ နှုတ်ငုံ အာဂုံဆောင်နိုင်တဲ့ ရှင်ဘုရင်။ ပိဋကတ်သုံးပုံ နှုတ်ငုံဆောင်လာတဲ့ ပုဂ္ဂိုလ်ဆိုတော့ သံဃာတော် အရှင်မြတ် များတွေ ကြည့်လိုက်တဲ့အချိန်ခါကျတော့ ငါ့လောက် စာမတတ်ပါဘူးလို့ ဒီလိုသွားပြီးတော့ ပြစ်မှားတယ်၊ သံဃာတွေကို .. ငါ့လောက် မတတ်ပါဘူး ကွာ၊ ငါမေးလိုက်ချင်တယ်၊ အဲဒီလို ဒကာကြီးရေ။ ငါမေးလိုက်ရင် ငါ့အမေး မခံနိုင်ပါဘူး၊ ငါ့လောက် မတတ်ပါဘူး၊ အဲဒီလို သွားပြီးတော့ ၀စီဗေဒကံ မျက်ခြင်းကြောင့် အကုသိုလ်ကံကြီးတွေ။ ဦးဇင်းက အတိတ်ကာလတုန်းက သံဃာတော်အရှင်မြတ်များ အဲဒီလို ဆဲခဲ့တယ်။ အခုလည်း ဦးပဇင်းကို ဘာတတ်တာလဲကွာဆို အဆဲခံရတာ။ ဦးပဇင်းကံက အတိတ်က မကောင်းခဲ့လို့ ဦးပဇင်းက ဆဲခဲ့လို့၊ အခု သူများက ကိုယ့်ဆဲတာ။ ကိုယ်က မကောင်းတာ ဒကာကြီး။ သူများက မကောင်းတာ မဟုတ်ပါဘူး။ ဦးပဇင်းရဲ့ကံပါ။ ငါ့လောက်မတတ်ပါဘူး၊ ငါမေးလိုက်ရင် အမေးမခံနိုင်ဘူးပါဘူးဆိုတဲ့ လောဘ ဒေါသ မောဟ မာနတရားတွေ ထောင်လွှားပြီးတော့ လာခဲ့တယ်။ အဲဒီဘ၀က ကျသွားပြန်တော့ ဒကာကြီးရေ ငါ့လောက်မတတ်ဘူးဆိုတဲ့ဟာ ငရဲကျသွားတာပဲ။ ငရဲမှာ ခံလိုက်ရတာ မပြောချင်ဘူး ဒကာကြီးရေ။ အဲတော့ သိတော့ ကြောက်တာပေါ့ ဒကာကြီးရာ။ အတိတ်က ခံလာရတဲ့ဟာတွေ မြင်တော့ ကြောက်တယ်။ အတိတ်က ခံလာရတဲ့ဟာ မမြင်တော့ ဘယ်သူမှ မကြောက်ဘူး။ လက်ဖက်ရည်ဆိုင်ထိုင်ရောင်းနေတဲ့ ပုဂ္ဂိုလ်ကလည်း လက်ဖက်ရည်ဆိုင်ထိုင်ရင်း ငါဒီကနေ့ဘယ်လောက်ရမလဲ ဒါပဲတွက်ပြီးတော့ နေတာ သေတော့ အပါယ်ဆင်းမှာကို မသိဘူး။ ဒါထက် ပိုဆိုး။ အရက်ရောင်းတဲ့ မိန်းမ။ သောက်ချင်တဲ့ လူတွေကို ရောင်းတယ် ဆိုပေမယ့် သူရောင်းလိုက်တဲ့သေရည် သောက်ပြီး လူတွေ ဘယ်လောက် မူးပြီး သောင်းကျန်းကြ မေ့လျော့ကြတယ် မစဉ်းစားမိဘူး။ ရောင်းကောင်းရင် ပျော်နေတယ်။ သေတော့ အပါယ်ဆင်းပြီး မီးလောင်ခံရမှာကို မသိဘူး။ သွားရာလမ်းကြောင်း မသိကြဘူး။ သနားဖို့ကောင်းတယ်။ မသိကြတော့ ဒီလိုပဲ ပျော်ပျော်ကြီး နေတာပေါ့။ စာတတ်တဲ့ပုဂ္ဂိုလ်တွေက စာနဲ့နှိုင်းတယ်။ စာနဲ့မနှိုင်းနဲ့ခန္ဓာနဲ့နှိုင်း။ ထိုင်နေတုန်း ခန္ဓာထဲကြည့်။ သဘောတွေ့လိမ့်မယ်။ စာနဲ့သွားမဟပ်လိုက်နဲ့၊ စာက ပညတ်၊ ခန္ဓာက ပရမတ်။ ပရမတ်သဘောတရားကို မြင်အောင်ကြည့်။ ကိုယ်သိရမှာက ခန္ဓာကိုကြည့် သဘောသိမယ်။ ဘုရားအသိကို အဂ္ဂသာဝက မဟာသာဝက မသိနိုင်ဘူး။ အဂ္ဂသာဝကအသိကို ပကတိသာဝက မသိဘူး။ ပကတိသာဝကအသိကို အနာဂမ်က သိပါမလား။ အနာဂမ်အသိကို သကဒါဂမ်က သိပါမလား။ သကဒါဂမ် အသိကို သောတာပန်က သိပါမလား။ သောတာပန်အသိကို အန္ဓပုထုဇဉ်က သိပါမလား။ အဲ အခုပုဂ္ဂိုလ်တွေက သောတာပန်လည်း မဟုတ်၊ ဘာမှလည်း မဟုတ်ဘဲနဲ့၊ ပေတံတွေနဲ့ထောက်လိုက်ကြတာ။ ကိုယ်ကလည်း ဘာမှမသိဘူး။ စာအုပ်ကလေးကြည့်ပြီး ပေတံနဲ့ထောက်လို့ ဘယ်ရမလဲ၊ ခန္ဓာကိုကြည့်ပြီး ထောက်။ ခန္ဓာအသိနဲ့ထောက်လိုက်ရင် သိပ်ကောင်းတယ်။ မကျင့်လည်း မကျင့်ဘဲနဲ့ ပေတံနဲ့ထောက်လို့ရမလား။ ဦးပဇင်း ၀စီဗေဒကံထိုက်လို့ အခုထိ စာကို ပါဠိလို မရွတ်တတ်ဘူး။ ဒါကြောင့်မို့အခုလာရောက်တဲ့ ဒကာဒကာမတွေ ကိုယ်လည်း မသိဘဲနဲ့၊ သူများကို ပေတံနဲ့မထောက်လိုက်နဲ့၊ ၀စီဗေဒကံများ မမျက်လိုက်နဲ့၊ စာမတတ်တဲ့ကောင်ပဲ သွားမလုပ်လိုက်နဲ့၊ နောက်များ ကိုယ်စာမတတ်ပဲ ဖြစ်လိမ့်ဦးမယ်။ ၀စီဗေဒကံ မျက်တိုင်း ရှိတယ်။ အဲဒီတော့ မမျက်ကြနဲ့။ ဝိပဿနာဟာ အမြတ်ဆုံးတရားပဲ။ ကျင့်တုန်းများ သေသွားနတ်ပြည်သွားတာပဲ။ မကျင့်ဘဲနဲ့နာရုံပဲနာပြီးများ မနေကြနဲ့၊ ကျင့်ကြ ကျင့်ရင် အပါယ်ဘယ်တော့မှ မသွားဘူး။ မကျင့်ဘဲပုဂ္ဂိုလ်ကတော့ နာရုံသက်သက်နဲ့တို့လည်း သိထားတာပဲလို့မလုပ်နဲ့၊ သေတော့ လူးလှိမ့်သေရမယ်သာ မှတ်။ သိလို့ပြောတာ။ သေမှာကတော့ ကျိန်းသေတယ်။ ဒီရုပ်နဲ့ဒီနာမ်ဖြစ်လာ သေမှာပဲ။ သေပင် သေရငြားသော်လည်း အသိလေးနဲ့သေရရင် မမြတ်ဘူးလား။ အသိမရှိတဲ့ပုဂ္ဂိုလ် - လူရော နတ်ရော ဗြဟ္မာရော သီလရှင်ရော ဘုန်းကြီးရော မည်သူမဆို မောဟနဲ့ သေမယ်ဆိုလို့ရှိရင် ရုပ်လည်းမသိ နာမ်လည်းမသိ၊ ပညတ်လည်းမသိ ပရမတ်လည်းမသိ၊ သဘောတရားလည်း မသိ၊ မသိတဲ့ပုဂ္ဂိုလ် မှန်သမျှကတော့ လေးဘက်ထောက် လှိမ့်သာချတော့။ လူသေလို့လူဖြစ်မယ်များ ထင်သလား၊ ဘယ်တော့မှ မဖြစ်ဘူး။ လူသေလို့လူဖြစ်တာ၊ လူသေလို့နတ်ဖြစ်တာ၊ လူသေလို့ဗြဟ္မာဖြစ်တာ၊ လူသေလို့ ပြိတ္တာ ဖြစ်တာ၊ လူသေလို့ တိရစ္ဆာန် ဖြစ်တာ၊ လူသေလို့အပါယ်ကျတာ ၊ လူသေပြီး နိဗ္ဗာန်ရောက်တာ .... စိတ်တွေကြောင့်ပဲ။ အဲတော့ လူတော့ လူပဲ ခေါ်ဝေါ်သမုတ်ထားတာ ပညတ်ပဲ။ စိတ်ကရှိသေးတယ်။ ပြိတ္တာစိတ် တိရစ္ဆာန်စိတ် ငရဲစိတ် လူစိတ် နတ်စိတ် ဗြဟ္မာစိတ်ရှိသေးတယ်၊ နိဗ္ဗာန်စိတ် ရှိတယ်။ အဲဒီစိတ်တွေက သူ့စိတ်နဲ့သူ။ ဘုရားက စိတ်ပဲဟောတယ်။ စိတ်ကိုတော့ ဘယ်သူမှမသိဘူး။ ပညတ်ကြီးကြည့်ပြီးတော့ တောပြော တောင်ပြော မပြောကြနဲ့။ ကျင့်တဲ့သူတွေက အသေခံကျင့်ပြီးတော့ လုပ်ကြတာ၊ မကျင့်တဲ့သူတွေက တောပြောတောင်ပြော ပြောတော့ မစားရဘဲနဲ့အပြစ်ခံရမယ်။ ဒီသာသနာကြီး မှီတဲ့အချိန်အခါမှာ မဂ်တား ဖိုလ်တားတော့ မခံကြနဲ့။ ကိုယ်လည်း ဘာမှသိတာမဟုတ်ဘူး။ ကိုယ်ကသိတယ်လို့ထင်နေတယ်၊ မသိဘူး။ သိတယ်ဆိုလို့ရှိရင် သူများအတင်းမပြောဘူး။ သိရင် .. ကြောက်တယ်။ ကိုယ့်အပြစ်သာ ပြောတယ်။ သူများအတင်းမပြောဘူး။ သဲအင်းဂူဆရာတော်ဘုရားကြီး (၂၆-၃-၁၉၆၉ နေ့တွင် ဟောကြားတော်မူသော မဂ်လေးပါးတရားတော်မှ) ဓမ္မဒါနအဖြစ်ပြန်လည်ကူးယူမျှဝေပါသည်ဘုရား စကားနည်းလေ ကောင်းလေ၊ ပြောဖန်များ စိတ်ဆင်းရဲရတယ် အပြစ်များတယ်။ Thanks: #ULL ပဋ္ဌာန်းပူဇော်ကြသူများ ဗုဒ္ဓတရားများဖြင့်လောကကို အလင်းရောင်ပေးနိုင်ကြပြီး ကျန်းမာချမ်းသာကြပါစေ အလင်းရောင်ဓမ္မ
via အလင်းရောင် ဓမ္မ https://ift.tt/2KSePU5
Newer Post
Older Post
Home