Friday, August 23, 2019

*မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြဝါဒ* ============================ ၁* ရှေးဦးစွာ ပဋိစ္စသမုပ္ပါဒ်ကို နားလည်အောင် လုပ်ပါ။ ၂* တရားအားထုတ်လိုလျှင် ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်ကို သိအောင်ကြိုးစားပါ။ ၃* ပဋိစ္စသမုပ္ပါဒ်မသိဘဲနှင့် ကျင့်ကြံအားထုတ်ခြင်းသည် ပင်ပန်းရုံမျှပဲ မှတ်ပါ။ ၄* ပဋိစ္စသမုပ္ပါဒ်ကိုသိမှသာ အရှိနှင့်အသိကိုက်မည် ၅* အရှိနှင့်အသိ ကိုက်မှသာလျှင် ဟုတ်တိုင်းမှန်စွာ သိမြင်မည်။ ၆* ဟုတ်တိုင်းမှန်စွာ သိမြင်မှ နှလုံးသွင်းမှန်မည်။ ၇* နှလုံးသွင်းမှန်မှသာလျှင် ဒုက္ခကိုဒုက္ခဟု ပိုင်းခြားနိုင်မည်။ ၈* ဒုက္ခဟု ပိုင်းခြားနိုင်မှသာလျှင် သမုဒယသေမည်။ ၉* သမုဒယသေမှသာလျှင် သန္တိသုခပေါ်မည်။ ၁၀* သန္တိသုခပေါ်မှသာလျှင် နောင်တဖန်မဖြစ်ဘဲ ဇာတိချုပ်မည်။ ၁၁* နောက်တဖန် ဇာတိချုပ်အောင် အကြောင်း/အကျိုး နားလည်ရမည်။ ၁၂* အကြောင်း/အကျိုးနားလည်လျှင် အဟေတုကဒိဋ္ဌိ သေတယ်။ ၁၃* အကြောင်းဖြစ်လို့ အကျိုးဖြစ်တာဘဲလို့သိလျှင် ဥစ္ဆေဒဒိဋ္ဌိ သေတယ်။ ၁၄* အကြောင်းချုပ်လို့ အကျိုးချုပ်တာဘဲလို့ သိလျှင် တဿတဒိဋ္ဌိ သေတယ်။ ၁၅* အကြောင်းအကျိုး ဆက်တာကိုသိလျှင် ဝိစိကိစ္ဆာ သေတယ်။ ၁၆* အကျိုးထဲမှာ ယောင်္ကျား မိန်းမ မပါဘူးလို့သိရင် သက္ကာယဒိဋ္ဌိ သေတယ်။ ၁၇* အဖြစ်မသိသေးတော့ နိဗ္ဗာန်မကြိုက် အချုပ်မသိတော့လည်း နိဗ္ဗာန် ရှာမတွေ့တော့ဘူး။ ၁၈* ပဋိစ္စသမုပ္ပါဒ်ဖြစ်ပုံ နားလည်မှသာလျှင် ဒုက္ခသစ္စာကို နားလည်တယ်။ ၁၉* ပဋိစ္စသမုပ္ပါဒ်ပျက်ပုံ နားလည်မှသာလျှင် မဂ္ဂသစ္စာကို နားလည်တယ်။ ၂၀* မဂ္ဂသစ္စာကို နားလည်သွားတော့မှ နိရောဓသစ္စာက အလိုလိုဝင်လာတယ်။ ၂၁* နိရောဓသစ္စာက ဝင်လာတော့မှ နိဗ္ဗာန်ကို သဘောကျတယ်။ ၂၂* နိဗ္ဗာန်ကိုသဘောကျမှ ဒိဋ္ဌိ.. အသိနှင့် ပြုတ်တယ်။ ၂၃* ဒိဋ္ဌိ.. အသိနှင့်ပြုတ်ပြီးမှ အပွားနှင့်ဖြုတ်လို့  ရတယ်။ ၂၄* ပွားမှု့နှင့် ဖြုတ်လိုက်တော့မှ အပါယ်နှင့်ဖြုတ်နိုင်တယ်။ ၂၅* ပါယ်မှုနှင့်ပြုတ်သွားတော့မှ ဒိဋ္ဌိအားလုံး ကင်းစင်သွားတယ်။ ၂၆* ဒိဋ္ဌိအားလုံး ကင်းစင်မှသာလျှင် သောတာပန် တည်နိုင်တယ်။ ၂၇* သောတပန်တည်ပြီးမှသာလျှင် အပါယ်ဘေးက စိတ်ချရတယ်။ #မိုးကုတ်ဆရာတော်ဘုရားကြီး Credit -


via အလင်းရောင် ဓမ္မ https://ift.tt/2Nsp4A2