အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, August 23, 2019
" ခါးပမ်းကြိုး ကြွက်မကိုက်စေနဲ့ ..." ~~~~~~~~~~~~~~~~~ ရှေးရှေးတုန်းက … ရသေ့ကြီးတစ်ပါးဟာ ရွာတစ်ရွာကို ရောက်လာပြီး တရားဟောသတဲ့ ဒီတော့ ရွာသားတစ်ယောက်ဟာ ရသေ့ကြီးအပေါ် ကြည်ညိုလေးစားပြီး ရသေ့ဝတ်ခွင့် တောင်းသတဲ့ ။ ရသေ့ကြီးကလဲ "အေး ငါကတော့ ဟိမဝန္တာကို သွားပြီး၅- နှစ် တရား အားထုတ်လိုက်ဦးမယ်... မင်းက ရသေ့လေး ဝတ်ပြီး ဒီရွာမှာ စောင့်နေ ၅- နှစ်ပြည့်ရင် ငါ လာခေါ်လိုက်မယ်" လို့မှာပြီး ဟိမဝန္တာကို ထွက်သွားခဲ့သတဲ့ ။ ဒီလိုနဲ့ ရသေ့လေးဟာ ဆရာအလာကို စောင့်မျှော်ပြီး နေသတဲ့ နောက်တစ်နေ့မှာ ရွာထဲကို ဆွမ်းခံထွက်တဲ့အခါ ရွာသူရွာသားတွေက စားစရာတွေသာမကပဲ ရသေ့လေး သီတင်းသုံးဖို့ ဆိုပြီး သစ်ခက်တဲကျောင်းလေး တစ်ခုပါ ဆောက်ပေးပြီး ပစ္စည်းလေးပါး ဒါယကာ ခံယူကြသတဲ့..။ ဒီလိုနဲ့ တစ်နေ့မှာ ရသေ့လေးရဲ့ ခါးပမ်းကြိုးကို ကြွက်ကိုက်သွားပါလေရောတဲ့ ဒါကို ရွာသူရွာသားတွေက မြင်တော့ ရသေ့လေးရဲ့ကျောင်းမှာ ကြွက်တွေ ပေါနေတယ်ထင်ပါရဲ့ ကြွက်တွေပြေးအောင် ဆိုပြီး ကြောင်တစ်ကောင်ကို လှူလိုက်ကြသတဲ့။ ရသေ့လေးမှာ ကြွက်ရန်က အေးသွားသော်လည်း ကြောင်က အမ, လေးဆိုတော့ ကြောင်ပေါက်စလေးတွေ မွေးပါလေရော ဖြစ်ချင်တော့ ကြောင် အမေကြီးက နို့မထွက်ဘူးတဲ့ ဒါနဲ့ ရွာထဲကို နွားနိ့ အလှူခံရပြန်တယ် ကြောင်ပေါက်စလေးတွေ သောက်ဖို့အတွက်လေ ဒီတော့ ရွာသားတွေကလဲ ရသေ့လေး အဆင်ပြေအောင် ဆိုပြီး နွားမလေး တစ်ကောင်ကို လှူပြန်သတဲ့ ။ ဒီလိုနဲ့ နွေရောက်တော့ နွားအတွက် ကောက်ရိုးက လိုလာပြန်ရော ရွာသားတွေကလဲကောက်ရိုးအတွက် အဆင်ပြေအောင် ဆိုပြီး ကျောင်းရှေ့မှာ စပါးခင်လေး စိုက်ပေးကြသတဲ့။ ပြီးတော့ ကောက်စိုက်ဖို့ နွားစာကြွေးဖို့ အတွက်ဆိုပြီး ရွာထဲက လုံမပျို တစ်ဦးကို လစာနဲ့ ငှားပေထားကြသတဲ့ ။ ဒီလိုနဲ့ ၅- နှစ် ပြည့်လို့ရသေ့ကြီး ရောက်လာတဲ့အခါ အလွန်ပဲ အံ့သြသွားခဲ့ရတယ် ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ရသေ့လေးမှာကြောင်မိသားစုက တစ်အုပ် နွားအုပ်ကြီးက တစ်အုပ် လယ်ကွင်းပြင်ကြီးနဲ့ ကလေး ငိုသံတွေကလဲ ဆူလို့ ညံလို့ ရသေ့ကြီးက " ဒါက ဘယ်လိုဖြစ်တာလဲ " လို့ မေးတဲ့အခါ သူ့တပည့် ဖြေလိုက်ပုံက " ခါးပမ်းကြိုး ကြွက်ကိုက်ရာက စတာပါဘုရား " ဟူသတည်း Credit
via အလင်းရောင် ဓမ္မ https://ift.tt/2NnOcb4
Newer Post
Older Post
Home