Monday, August 19, 2019

{မျက်ကန်းလမ်းလျှောက်} စိတ်ရဲ့ပင်ကိုသဘောက အင်မတန်ဖြူစင်တောက်ပတယ်။ လောကထဲမှာ ရှိရှိသမျှဘယ်လိုအလင်းရောင်မှ လိုက်မမီအောင် တောက်ပတယ်။ ဒီလောက် အားကြီးတဲ့ အားကောင်းတဲ့ စိတ်အလင်း စိတ်စွမ်းရည်ကို မည်းညစ်အောင် လုပ်ပစ်တာ လောဘ ဒေါသ မောဟ အစရှိတဲ့ ကိလေသာတွေပဲ။ ကိလေသာ ဆိုတာ ပူးဝင်လိုက်ပြီ ဆိုတာနဲ့ စိတ်ကိုတစ်ခါတည်း မည်းညစ်သွားစေတော့တာပဲ။ တစ်ဆက်တည်းမှာပဲ စိတ်ကို ပူပန်စေခြင်း ကိုယ်စိတ်နှစ်ပါးလုံးကို နှိပ်စက်ခြင်းတွေ ပယ်ပယ်နယ်နယ် လုပ်တော့တာပဲ။ ကိလေသာ အမွှေခံရတဲ့စိတ်ဟာ မီးကျွမ်းထားတဲ့မီးဒဏ်သင့်အရာဝတ္ထုတွေလိုပဲ မည်းမှောင်သွားတော့တယ်။ မှောင်တော့ ဘာမှ မမြင်တော့ဘူး ဘာမှ မမြင်တော့ ဘာမှ မမြင်တဲ့သူချင်း တိုက်မိခိုက်မိကုန်ရော သူသွားရာ လမ်းတစ်လျှောက် သက်ရှိဖြစ်ဖြစ် သက်မဲ့ဖြစ်ဖြစ် တွေ့သမျှတိုက်မိတော့မှာပဲ မြင်မှ မမြင်တော့ဘဲကိုး။ (မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး) [အညွှန်း။ ။၁၃၅၃ ပျဉ်းမနားလက်လုပ်တောင်သြဝါဒ] share & copy


via အလင်းရောင် ဓမ္မ https://ift.tt/33HWy3b