အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, August 18, 2019
🙏🙏🙏မင်္ဂလာနေ့သစ်လေးပါ🙏🙏🙏 🙏🙏🙏၀ဋ်ဆင်းရဲတို့မှ လွတ်မြောက်ရာ 🙏🙏🙏 အကြောင်း (၄) မျိုး 🙏🙏🙏 { အာဠ၀က } ရှင်ဂေါတမ အဘယ်သို့သော အကြောင်းအရာဖြင့် သံသရာတည်းဟူသော သြဃကို ကူး မြောက်နိုင်ပါအံ့နည်း.. အဘယ်သို့သော အပြားအားဖြင့် ၀ဋ်ဆင်းရဲတည်းဟူသော သမုဒ္ဒရာကို ကောင်း စွာ လွန်မြောက်နိုင်ပါအံ့နည်း... အဘယ်သို့သောအကြောင်းဖြင့် ဆင်းရဲအပေါင်းမှ ကောင်းစွာ လွတ်ပါမည်နည်း.... အဘယ်ရေအေးဖြင့် ကိလေသာဟူသော အညစ်ကြေးကို ဆေးကြောသုတ်သင်၍ စင်ကြယ်ပါမည်နည်း..... ဟု မေးလျှောက်၏... . . { ဘုရားရှင် } အို... အာဠ၀ကဘီလူး သဒ္ဓါတရားဖြင့်သံသရာတည်းဟူသော သြဃကို ကူးမြောက်နိုင်၏၊ ကုသိုလ်ပြုပြု ကောင်းမှု့ပျော်မွေ့ မမေ့မလျော့ခြင်းဖြင့် သမုဒ္ဒရာ ပမာထက်ကဲ ၀ဋ်ဆင်းရဲကို လွတ်မြောက်နိုင်၏၊ ပါရမီဆယ်ပါး တရားဝီရိယ မြတ်ဓမ္မ၌ နိစ္စကြိုးကုတ် အားထုတ်ခြင်းဖြင့်၊ဇာတိ.ဇရာ.ဗျာဓိ မရဏ စသည်သောင်းသောင်း ဆင်းရဲအပေါင်းကို လွတ်စေနိုင်၏၊ ၀ိပဿနာ ပညာဆယ်ပါး ဉာဏ်တရားဖြင့် ကိလေသာမြူမှေး အညစ်အကြေးမှ ကင်းဝေးစင်ကြယ်နိုင်၏ ။ ဤသို့ ဖြေတော်မူသော ဒေသနာကို ကြားရလျှင် အာဠ၀ကကလည်း ပါရမီ သမ္ဘာရ ရှိသသူဖြစ်၍ ရှစ်ပါး.ဆယ်ပါး.တစ်ဆယ်ခြောက်ပါး သော ယုံမှားခြင်း ကင်းကွာလျက် သောတာပတ္တိဖိုလ်၌ တည်လေသည် ။ . Thanks; Cr#tzwin ပဋ္ဌာန်းပူဇော်ကြသူများ
via အလင်းရောင် ဓမ္မ https://ift.tt/2N7iYoG
Newer Post
Older Post
Home