အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, August 21, 2019
ဖြစ်ပျက် မြင်၊ မုန်း ၊ဆုံးတဲ့ ဉာဏ်ဆိုတာ ……… …… …… …… …… … ……… ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရား ကြီးရဲ့ ဥပမာလေးပါ။ သားသည်မိခင်တစ်ယောက်ဟာ ကလေးဆယ်ယောက်မွေးတယ်ဆိုပါစို့  ပထမ ကလေးလေးတစ်ယောက်မွေးတယ် မွေးပြီးပြီခြင်း သေသွားတယ်။ ဒုတိယကလေးတစ်ယောက် မွေးတယ် မွေးပြီပြီးခြင်း သေသွားတယ်။ တတိယကလေးတစ်ယောက်မွေးတယ် မွေးပြီးသေသွားပြန်တယ်။ ကလေးအသေတွေမြင်ပါများလာတော့ နောက်ထပ်မွေးရင်လည်း သေမှာပဲ ဆိုတာမြင်လာတယ်။ မွေးရမှာလည်းကြောက်လာတယ် အသေတွေကိုမုန်းလာတယ်။ တော်ပြီနောက်ထပ်မမွေးချင်တော့ဘူး ဆိုတဲ့စိတ်တွေ ဖြစ်လာတာနဲ့ သားမိခင်ဟာနောက်ထပ်ဘယ်တော့မှ ကလေးမယူချင်မရချင်တော့ဘူးဆိုတဲ့ စိတ်တွေဖြစ်လာတာနဲ့… မွေးလိုက်သေလိုက်ဇာတ်တွေ သိမ်းသွားပါတယ်။ @တစ်ယောက်မွေးလိုက် သေသွားလိုက်ဆိုတာ မိမိခန္ဓာမှာပေါ်လာတဲ့ရုပ်နာမ်တွေ ဖြစ်လာတာ မွေးတာ သေသွားတာ ပျက်တာ ဖြစ်လိုက်ပျက်လိုက်တွေ ကိုမြင်တာ "ဖြစ်ပျက်မြင်တာ"ပါ @နောက်ထပ်ကလေးတွေမွေးရင်လည်း သေဦးမှာပဲလို့  သိမြင်လာတာသည်။ မိမိခန္ဓာမှာ ရုပ်ကိုဖြစ်စေ နာမ်ကိုဖြစ်စေဖြစ်ပျက်တွေမြင်ပါများလာ လို့ ဉာဏ်ရင့်ကျက်လာတဲ့အခါမှာ နောက်ထပ် ဘယ်ဘုံ ဘယ်ဘဝတွေရရ မွေးလိုက်သေလိုက်တွေပဲရမယ်ဆိုတာ သိလာတာပါ။ အသေခန္ဓာတွေကို မမြင်ချင်တော့တဲ့ ကြောက်တဲ့စိတ်တွေဖြစ်လာပါတယ်။ အသေတွေမုန်းတဲ့စိတ် ဝင်လာပါတယ်။ @အသေတွေမြင် @နောက်ထပ်သေမှာလည်းသိပြီး @နောက်ထပ်အသေတွေ မလိုချင်မရချင်တော့ဘူး ဆိုတဲ့ အခါမှာအသေလွတ်ရာဖက်ကို အာရုံပြု လိုက်တာ နိဗ္ဗာန်ကိုမြင်တာပါ။ မသေခင်မြင်ရတဲ့နိဗ္ဗာန်ကို ခနနိဗ္ဗာန် သို့ မဟုတ် "သဥပါဒိသေဿ" နိဗ္ဗာန်လို့  ခေါ်ပါတယ်။ သေပြီးရောက်သွားတဲ့(သမုတိအသုံးအနှူံး) နိဗ္ဗာန်ကိုတော့ … ဖြစ်ခြင်းပျက်ခြင်း အဖန်ဖန်ပြုပြင်ခြင်းကင်းတဲ့ "အနုပါဒိသေဿ" နိဗ္ဗာန်လို့ ခေါ်ပါတယ်။ မိမိတို့ လည်း ကိုယ့်ခန္ဓာရဲ့ ဖြစ်ပျက်တွေကို မြင်နေရင် ဆက်ပြီးရှု့ပါ ဖြစ်ပျက်ဆိုတာအကြိမ်ကြိမ်ပေါ်ပါတယ်။ ဖြစ်ပျက်တွေကို ဉာဏ်နဲ့မမုန်းသမျှ ဖြစ်ပျက်အဆုံးကို မရောက်နိုင်ပါဘူး။ ပထမဦးဆုံး…… မိမိတို့  လောကီ ဖြစ်ပျက်ကိုအရင်မြင်အောင်ကြည့်နေပါ ရုပ်ကလေးတွေ ဝေဒနာလေးတွေ စိတ်ကလေးတွေ အမျို မျိုး ပေါ်လာတယ် မရှိတော့ပါလား ပျက်သွားပြီ ပျက်သွားပြီဆိုတာ ဆရာသမားတွေကလည်းသင်ပေး ထားတယ် ၊မိမိကလည်း ခန္ဓာထဲမှာမြင်နေတယ် အဲ့ဒီဖြစ်ပျက်တွေကို လောကီနယ်ထဲမှာ မြင်နေတာလို့ မှတ်ယူပါ။ မဂ္ဂင်ငါးပါးမပြည့်သေးပါဘူး မဂ္ဂင်ငါးပါးပြည့်လို့  ဓမ္မက ဆောင်တဲ့ လောကုတ္တရာနယ်ထဲက ဖြစ်ပျက်ဆိုတာတွေဟာ မိမိဉာဏ်အောက်မှာ သိမ်သိမ်မွေ့မွေ့ တရိပ်ရိပ် ချူ ပ်ပျောက် နေတဲ့သဘောလေးတွေကို မြင်နေတာကိုခေါ်ပါတယ်။ ခန္ဓာအရှိကို ဉာဏ်အသိနဲ့ ကိုက်ဖို့  တရားအားထုတ်တဲ့အလုပ်ကို နေ့ စဉ်ကြိုးစားပြီး လုပ်ပါ။ လိုချင်သလောက်မရပေမဲ့ လုပ်သလောက်တော့ရနေမှာပါ။ ပါလာပြီးသားပါရမီတွေကို ပြည့်အောင်ကြိုးစားပြီးဖြည့်ပါ။ ဒီဘဝ ဒီသာသနာ မှာ ဒီနာမည်နဲ့ ဒီတစ်ခါပဲ လူဖြစ်ရမှာပါ အချိန်ကာလတွေမလွန်ပါစေနဲ့။ ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီက "ဒီသနာမခိုင်ဘူးကွ တစ်သက်နှစ်သက်ပဲ ကျန်တော့တယ်" တရားအားမထုတ်ပဲသေသွားရင် "ငါသေရင် ငါ့သနာကွယ်ပြီ "့ မှတ်ကြ လို့  ဆုံးမတော်မူခဲ့ပါတယ်။ ~~တရားထူးတွေ့၍ ချမ်းမြေ့ ကြပါစေ~~
via အလင်းရောင် ဓမ္မ https://ift.tt/2zdG44F
Newer Post
Older Post
Home