Monday, July 22, 2019

" အပ္ပမာဒတရား " 🌷💫💫💫💫🌷 မမေ့မလျော့ခြင်းဖြင့် ပျော်မွေ့နိုင်ရမယ်။ မမေ့မလျော့နေရတာကိုပဲ ပျော်စရာလို့ စိတ်ထဲက ခံစားပြီးနေနိုင်ရမယ်။ မမေ့မလျော့ခြင်းမှာ ပျော်တယ် ဆိုတာသည် မမေ့မလျော့ခြင်းရဲ့ အရသာကို ကောင်းကောင်းခံစားရမှ မမေ့မလျော့ နေရတာကို ပျော်တဲ့သဘောဖြစ်မှာပါ။ မမေ့မလျော့ခြင်းဆိုတာ အပ္ပမာဒတရားပဲ။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံခါနီးထိ အပ္ပမာဒတရားနဲ့ပြည့်စုံဖို့ တိုက်တွန်းခဲ့တယ်။ ပန်းတကာ့ပန်းထဲမှာ မြတ်လေးပန်းသည် အမြတ်ဆုံး။ တရားတကာ့တရားထဲမှာ အပ္ပမာဒသည် အမြတ်ဆုံး။ ကုန်းသတ္တဝါတွေရဲ့ ခြေရာတွေထဲမှာ ဆင်ခြေရာသည် အကြီးဆုံး။ ကုန်းသတ္တဝါတွေရဲ့ ခြေရာမှန်သမျှကို ဆင်ခြေရာထဲထည့်ရင် အားလုံးဝင်သွားတာချည်းပဲ။ အဲလိုပဲ တရားတွေမှာ အပ္ပမာဒသည် အမြတ်ဆုံးပဲ။ အပ္ပမာဒရဲ့အဓိပ္ပါယ်က ကျယ်ဝန်းတယ်။ အဲထဲက (၂)ချက်က---- (၁) ကုသိုလ်ကောင်းမှုကို မမေ့တာ (၂) သဘာဝတရားကို မမေ့တာ။ (၁)ကုသိုလ်ကောင်းမှုကို မမေ့ခြင်း 💫💫💫💫💫💫💫💫💫💫💫 ကုသိုလ်ကောင်းမှုဟာ ငါ့ရဲ့ ကျေးဇူးရှင်ဖြစ်တယ်။ ချမ်းသာခြင်းမှန်သမျှကို ကုသိုလ်ကောင်းမှုကပဲ ဖန်တီးပေးတယ်။ ဒါကြောင့် ... ချမ်းသာချင်တဲ့သူဟာ ကုသိုလ်ကို မမေ့ရဘူး။ ကုသိုလ်ကို ကိုယ်ကမေ့ရင် ကုသိုလ်က ကိုယ့်ကိုမေ့လို့ ဘေးတွေ့တတ်တယ်။ ကုသိုလ်ကောင်းမှုကြောင့် " လူ " ဖြစ်လာရတာပါ။ ကုသိုလ်ကောင်းမှုဟာ ကိုယ့်ရဲ့ ကျေးဇူးရှင်ပဲ။ ကိုယ့်ကျေးဇူးရှင်ကို မေ့ထားလို့ ဖြစ်ပါ့မလား။ ချမ်းသာခြင်းရဲ့ အကြောင်းကိုမေ့ထားရင် ချမ်းသာသုခရဖို့ မဖြစ်နိုင်ဘူး။ ကုသိုလ်ကောင်းမှုဖြစ်တဲ့ ဒါန သီလ သမာဓိ ပညာ ကို မမေ့ရင် ချမ်းသာသုခရမယ်။ (၂) သဘာဝတရားကို မမေ့ခြင်း 💫💫💫💫💫💫💫💫💫💫 မိမိခန္ဓာရဲ့ သဘာဝကို မမေ့နဲ့။ ခန္ဓာရဲ့သဘာဝက ဘာလဲဆိုရင်--- ဘယ်သူမှ မတားဆီးနိုင် ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေတာက တဖြည်းဖြည်း အိုလာတယ် ဟောင်းလာတယ် ဆွေးမြေ့လာတယ်။ နှစ်ရှည်လများသုံးထားတဲ့စက်တစ်လုံးလိုပဲ ဟိုနားကချောင် ဒီနားကချွတ်ယွင်း ဟိုနားကပြုတ်ထွက်နဲ့ အင်္ဂါတွေ မစုံဖြစ်လာတော့ ငယ်ငယ်တုံးကလို နေလို့ထိုင်လို့ မကောင်းတော့ဘူး။ နာကျင်ကိုက်ခဲလာတယ်။ စက်တစ်လုံး ခိုင်းပါများတော့ ပျက်စီးလာပြီး ဝပ်ရှော့ ပို့သော်လည်း နောက်ဆုံးသုံးမရတော့ သံရည်ကျိုစက်ရုံကို ရောက်တယ်။ ပိဿာချိန်နဲ့ ရောင်းလိုက်ရတယ်။ အဲဥပမာလိုပဲ--- ခန္ဓာဟာ သုံးပါများတော့ ဟောင်းနွမ်းလာပြီး နောက်ဆုံး လက်ညှိုးလေးတောင် မလှုပ်နိုင်ဘူး။ မျက်တောင်မခတ်နိုင်တော့ဘူး။ နောက်ဆုံး ... သုံးမရတဲ့ ပျက်စီးခြင်းအဖြစ်ရောက်တာ သဘာဝပဲ။ ဒါကို ဘယ်သူမှ မတားနိုင်ဘူး။ ဒီလမ်းကြောင်းကို ပုံမှန်သွားနေတာ။ တစ်မိနစ်တောင်အနားမရှိဘူး။ အိပ်ပျော်နေလည်း နားခွင့်မရှိဘူး။ အိုရမယ် နာရမယ် သေရမယ် အဲဒါတွေဟာ သဘာဝတရားပဲ။ အဲဒီ့သဘာဝကို မမေ့ရင် အပ္ပမာဒပဲ။ ငါ အိုရဦးမယ် အိုခြင်းတရားကို မလွန်မြောက်နိုင်ဘူး။ ငါ နာရဦးမယ် နာခြင်းတရားကို မလွန်မြောက်နိုင်ဘူး။ ငါ သေရဦးမယ် သေခြင်းတရားကို မလွန်မြောက်နိုင်ဘူး။ အဲဒီ့ သဘာဝတွေကို မမေ့ရင် ကုသိုလ်ကောင်းမှုကိုပါ မမေ့ဘူး။ ကုသိုလ်ကို မေ့နေတယ်ဆိုတာ အဲဒီ့အချက်တွေကိုမေ့နေလို့ပါ။ မအိုခင် မနာခင် မသေခင်မှာ ကုသိုလ်သည်သာ အားကိုးရာဖြစ်ကြောင်း ကုသိုလ်ကို မမေ့အောင် နှိုးဆော်တာသည် အိုခြင်း နာခြင်း သေခြင်းဆိုတဲ့ တရားတွေပါပဲ။ သစ္စာရွှေစည်ဆရာတော်ဘုရားကြီး 💥💥💥 ​မေတ္တာဖြင့်​ #LaWarSo

via အလင်းရောင် ဓမ္မ https://ift.tt/2JUC1zf

🙏🙏🙏 အရဟံ 🙏🙏🙏 ပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရား ကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရား စိတ်ကွယ်ရာအရပ်၌ မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရား အားရှစ်ခိုးကန်တော့ပါ၏ဘုရား 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဓမ္မမိတ်ဆွေအားလုံး အပုပင်ကင်းစင်ကြပါစေဘုရား အလင်းရောင်ဓမ္မ

via အလင်းရောင် ဓမ္မ https://ift.tt/2Z7p4Zs

Sunday, July 21, 2019

. မှန်တာပြောလို့ ရိုက်တာ 🙏🙏🙏🙏🙏🙏 တစ်ခါက ပထမ လယ်တီဆရာတော် ဘုရားကြီးကျောင်းတိုက်မှ ကျောင်းသား နှစ်ယောက်သည် သာသနာ ငါးထောင်နှင့် လေးထောင် ငြင်းခုံကြရာမှ ခိုက်ရန် ဖြစ်ကြသည်။ နောက်ဆုံး ဆရာတော်ဆီရောက်ကြသည်။ ဆရာတော်က့  "မင်းတို့ ဘာတွေ ငြင်းခုံနေကြတာတုန်း" "ဘုရားထားခဲ့တဲ့ သာသနာ ငါးထောင်နဲ့ လေးထောင် ငြင်းနေကြတာပါဘုရား" "ဘယ်သူက ငါးထောင် - ဘယ်သူက လေးထောင်တုန်း" "တပည့်တော်က ငါးထောင်။ သူက လေးထောင်ပါဘုရား" "အေ့း့  အဲဒါဆိုရင် သာသနာငါးထောင်သမားနေခဲ့။ လေးထောင်သမား သွားတော့" ထို့နောက် သာသနာငါးထောင်ဘက်က နေသော ကျောင်းသားကို မှောက်ခိုင်းပြီး ကြိမ်နှစ်ချက်ရိုက်၍ ဆုံးမလေသည်။ ရိုက်ပြီးသောအခါ ကျောင်းသားက- "ဆရာတော့့်  တပည့်တော် သာသနာငါးထောင် လို့ ပြောတာ မှားသလားဘုရား" "မမှားဘူး။ မင်း မှန်တယ်" "မှန်ရင် တပည့်တော်ကို ဘာလို့ ရိုက်တာတုန်းဘုရား" "အေ့း့  သာသနာငါးထောင်ဆိုတာ အသိဉာဏ်ရှိတဲ့ ဗုဒ္ဓဘာသာတိုင်း သိတယ်။ အဲဒီတော့ သာသနာငါးထောင် မသိတဲ့ နလပိန်းတုန်းတစ်ယောက်နဲ့ ပြိုင်ပြီး ငြင်းခုံနေလို့ ရိုက်တာ" ဟူ၏။ #ပထမလယ်တီဆရာတော်ကြီး ပါရမီနဂိုရ် မရှိလိုကကုသိုလ်ဒုစရိုက် မဟောထိုက်သည့်လူမိုက်တိရိစ္ဆာန် နိဗ္ဗာစကား အလွန်ခါး၏။ နားပါးမဝင် မကြားချင်ဘူး သိမြင်မဲ့စွာ သူယုတ်မာအား ခြင်းရာကောင်းဆိုး ကြောင်းကျိုးတရား မဟောကြားရာ ဟောမိပါက အပြစ်ရ၏။ Credit လူမိုက်ဆိုတာ...ဘယ်လိုနားဝင်အောင် ​ပြောပြော... နားမဝင်တတ်တာ...ကိုယ်တွေ့ပါဘုရား... တပည့်တော်ကိုသာ..နာနာရိုက်ပါ... crd

via အလင်းရောင် ဓမ္မ https://ift.tt/2JGN8Np

"မင်းကြီးအားတုန်လှုပ်စေသော အံ့ဖွယ်သီလ" ******************************** @@@@@@@@@@@@@@@@@ ရာဇဂြိုလ်ပြည့်ရှင်ဗိမ္ဗိသာရမင်းကြီးနှင့် တိုင်းသူပြည်သားများသည် အပတ်စဉ် ဥပုသ်သီတင်း သီလ ဆောက်တည်ကြ၏။ဘုရင်၏စားတော်ကဲ ဖြစ်သည့် "သီလရက္ခိတ"လည်းပါဝင်၏။ ဥပုသ်တစ်ရက်တွင် မုဆိုးတစ်ယောက်သည် ဝေဘာရ တောင်သို့သွားပြီး သလေးစပါးတောကြီးထဲတွင် ညွတ်ကွင်းထောင်၏။ထိုအခါ တစ်ကိုယ်လုံးဖြူဆွတ်နေ သည့် ကြက်ဖြူဇနီးမောင်နှံသည် ကြက်အပေါင်းငါးရာ ခြံရံလျှက် တောင်ထိပ်မှဆင်းလာ၏။ ကြက်အပေါင်းသည်သလေးစပါးတောအနီး ကျောက်ဆောင်ပေါ်ရပ်နေရင်း သုံးကြိမ်တွန်ပြီးနောက် မြေသို့ဆင်းကာ သလေးစပါးတို့ကို စားသောက်ပြီး ပျော်ရွှင်စွာကခုန်နေ၏။ကခုန်ရင်းကြက်ဖြူဇနီးမောင်နှံ သည် ညွတ်ကွင်းတွင်မိလေသည်အခြားကြက်များ လည်း လန့်ပြီးပြေးကြလေသည်။ မုဆိုးသည် ကြက်ဖြူနှစ်ကောင်ညွတ်ကွင်းမိနေ ကြောင်း မြင်သည်နှင့် ပြေးဖမ်းကာ ယူဆောင်သွား၏။ မုဆိုးက"ဤကြက်ဖြူနှစ်ကောင်သည်အလွန်ထူးဆန်း၏။ဈေးသို့သွားရောင်းလျှင် ဥစ္စာများများရမည်မဟုတ်။ဘုရင်ထံ ဆက်သလျှင် ဥစ္စာများများရမည်"ဟုကြံမိပြီး ဗိမ္ဗိသာရမင်းကြီးထံ ယူဆောင်ကာ ဆက်သလိုက်၏။ မင်းကြီးလည်း ဝမ်းသာအားရဖြစ်ပြီး မုဆိုးအား ဆုလာဘ်အမြောက်အများပေးလိုက်လေသည်။ မင်းကြီးသည် စားတော်ကဲ သီလရက္ခိတအားခေါ်ပြီး "အချင်း စားတော်ကဲ ဤကြက်နှစ်ကောင်ကို ပွဲတော် အတွက် ချက်စေ"ဟု အပ်လိုက်၏သို့သော်အဲဒီနေ့ သည် ဥပုသ်သီတင်းစောင့်သည့်နေ့ဖြစ်နေ၏။ ထို့ကြောင့် စားတော်ကဲသည်ကြက်ဖြူနှစ်ကောင်ကို ကြည့်ပြီး"ငါဟာ ဒီနေ့ ဥပုသ်စောင့်တည်ထားတာ ဆိုတော့ ဒီကြက်နှစ်ကောင်ကိုသတ်ရင်သူ့အသက် သတ်ခြင်းသိက္ခါပုဒ်ပျက်စီးပြီး သီလကျိုးပေါက်မယ်။ ဒါ့ကြောင့် မင်းကြီးဟာငါ့ကိုသတ်လိုက သတ်စေ။ ဒါမှမဟုတ် တိုင်းပြည်မှနှင်ထုတ်ပါစေ။ငါဒီကြက် နှစ်ကောင်ကိုအသက်ပေးပြီးသူ့အသက်သတ်ခြင်းသိက္ခါပုဒ်ကို စောင့်ထိန်းမယ်"လို့ကြံပြီး ကြက်နှစ်ကောင် ကို တောစပ်သို့ လွတ်လိုက်လေသည်။ ပွဲတော်တည်ချိန်ရောက်သည့်အခါ မင်းကြီးက ကြက်သားပါမလာတာကိုကြည့်ပြီး "ဟဲ့ အချင်းစားတော်ကဲ ...ငါချက်ရန်ပေးထားသော ကြက်သားပါမလာပါ့လား"ဟုမေးလေသည်။ "မှန်ပါ အရှင်မင်းမြတ်ယနေ့ကျွန်ုပ်ဟာအရှင်မင်းကြီးလို ဘဲ သီလဥပုသ်တော်မြတ်ကို ခံယူဆောက်တည်ထား သည့်အတွက် သီလပျက်စီးသွားမည်ကို စိုးရိမ်ပါသည်။ ဒါကြောင့်သူ့အသက်မသတ်ဘဲအရှင်မင်းမြတ်သတ် လျှင်လည်း သေစေ။တိုင်းပြည်မှနှင်ထုတ်လျှင် လည်းနှင်ပါစေ။သူ့အသက်မသတ်ခြင်းသိက္ခါပုဒ်ကို စောင့်ထိန်းလျှက်ကြက်နှစ်ကောင်ကို ယူဆောင်ပြီး တောစပ်လွှတ်လိုက်ပါသည်ဘုရား"ဟု လျှောက်တင် လိုက်လေသည်။ မင်းကြီးလည်း အလွန်နှစ်သက်ဝမ်းမြောက်ပြီး "အချင်း သီလရက္ခိတ သင့်ရဲ့သီလစောင့်ထိန်းခြင်းဟာ အံ့ဖွယ်ရှိပါပေတယ်။ကိုယ့်အသက်ကို ပဓာနမထားဘဲ သီလကို မကျိုးမပေါက်အောင် စောင့်ထိန်းတဲ့ သင့်ရဲ့ ကောင်းမှုပြုခြင်းဟာ ငါ့အားတုန်လှုပ်မိစေတယ်။ ဒါ့ကြောင့်ယနေ့မှစ၍ သင့်အား စားတော်ကဲရာထူး တွင်မထားတေါ့ပြီ။သင်ဟာချမ်းသာစွာအသက်မွေး လော့"ဟု မိန့်ကာမြောက်များစွာသော ဥစ္စာတို့ကို ပေးရုံမက ဆင်တစ်ရာမြင်းတစ်ရာ အလုပ်အကျွေး တစ်ရာ တန်ဆာဆင်သောအမျိုးသမီးတစ်ရာအပြင် အခွန်တစ်သိန်းထွက်သောရွာကြီးရှစ်ရွာနှင့်တကွ သူဋ္ဌေးဘွဲ့ထူးကိုပါ အပ်နှင်းလိုက်လေသည်။ ယခင်သူဋ္ဌေးကြီးများနေထိုင်ရာအိမ်ရာမြေကိုလည်း ပေးလိုက်၏။အိမ်ဆောက်ရန် မြေညှိစဉ် ရွှေအိုးကြီးများ သည် မြေပြင်အပြည့်ပေါ်လာ၏။ရေတွင်းဟောင်းဖော် သောအခါတွင်လည်း ရွှေအိုးအလုံးခြောက်ဆယ် တစ်ပြိုင်တည်းပေါ်လာ၏။ ဤအကြောင်းအရာအားလေ့လာခြင်းဖြင့် ၁။ သီလတော်မြတ်အား ယုံကြည်စွာဆောက်တည်ပါက အလွန်အကျိုးကျေးဇူးများကြောင်းတွေ့ရ၏။ ၂။ အဆိုပါ သီလတွင် အသက်လှူသည့် သီလသည် ကြီးကျယ်သောအကျိုးကိုရ၏။ ၃။ သီလရက္ခိတ၏ သီလမျိုးသည် အသက်ကိုပေးလှူ သော သီလဖြစ်၍ သောတာပန်သီလမျိုးဖြစ်၏။ သောတာပန်သည် သီလကို အသက်ထက် တန်ဖိုး ထား၏။ ==========တရား ရတနာ========

via အလင်းရောင် ဓမ္မ https://ift.tt/2Y2vSWV

ဆရာမှားလျှင် တစ်ကမ္ဘာ ------------------------------ • ဆရာမှားလျှင် တစ်ကမ္ဘာ တပည့်မှားသော် တစ်ဘဝတဲ့။ • ဆရာအရွေးမှားလျှင် သားတို့ဘဝ လူဖြစ်လာရကျိုးနပ်မှာ မဟုတ်တော့ဘူး။ • လေ့လာလိုက တွေ့သမျှဆရာလေ့လာပါ တပည့်ခံတော့မယ်ဆို ဆရာကောင်းကို ရွေးချယ်ပါ။ • ဆရာကောင်းမှာ နည်းကောင်းရှိလို့ ကောင်းလာတာ သူ့နည်းကောင်း ရမှ ကိုယ်ကောင်း ဖြစ်မှာ။ • နည်းကောင်းရှိဆရာမှာလည်း နည်းကောင်းပြီး ဉာဉ်ကောင်းရှိဦးမှ နည်းကောင်းနောက် ဉာဉ်ကောင်းမထောက်ပြန်လျှင်လည်း ​ကောင်းတစ်ဝက် ဆိုးတစ်ခြမ်း ပါလာတတ်တယ်။ /// မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး /// [အညွှန်း။ ။ ၁၉၉၄ ထုတ် မင်္ဂလာဓာရဏကထာ ပအကြိမ် စာ-၁၂] ------------------------------------------------------------------- ပြန်​လည်​မျှ​ဝေ ကုသိုလ်​ပြုပါ၏။ Credit to original uploader.

via အလင်းရောင် ဓမ္မ https://ift.tt/30JT8dP

လှူသည့်အခါသတိပြုရမည့်အချက်(၅)ချက် 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 မိမိမှ လှူဖွယ်ပစ္စည်းများကို ဘုရားအစရှိသော ရဟန်းများအား လှူသည့်အခါ ကုသိုလ်ရရေး သတိထားရမည့် အချက်များအား ၀ါဆိုသင်္ကန်းကပ်ရာတွင် ဘုန်းဘုန်းမှဟောကြားခဲ့ ပါတယ် (၁) သဒ္ဒါ ယုံယုံကြည်ကြည်နဲ့လှူရမယ် (ရတနာသုံးပါးကိုယုံကြည်ရမယ်)။ရတနာသုံးပါးကိုယုံကြည်လို့ မဟုတ်ပဲ ဂုဏ်လိုချင်လို့ သူများလုပ်သလို အထင်ကြီးခံချင်လို့ လူရာဝင်ချင်လို့ဆိုလျင် ကုသိုမရပါ (၂) ရိုရိုသေသေပေးလှူရမယ်။မိမိမှ ကိုယ့်ထက်သီလသမာဓိနဲ့ပြည့်စုံတဲ့ ရဟန်းသံဃာများကို မရိုသေကအကုသိုလ်ရမှာဖြစ်တယ် (၃) အချိန်ကာလကိုကြည့် ပြီးလှူရမယ်။ဝါဆိုသင်္ကနးဆိုလျင် ၀ါဆိုလပြည့်နေ့ကစလို့သီတင်းကျွှတ်လပြည့်နေ့အထိ ၃လထိဘယ်အချိန်လှူလှူ ၀ါဆိုသင်္ကန်းမြောက်တယ် စသည်အခြေနေကြည့်လှူရင်ပိုကုသိုလ်ရနိုင်တယ် (၄)လှူတဲ့အခါမိမိကိုယ်ကို ရောသူတစ်ပါးကိုပါမထိခိုက်အောင်လှူရမယ်။ကိုယ်မတက်နိုင်ပဲ လှူရင်မိမိပဲထိလိုက်ရင် စိတ်မကောင်းဖြစ်နေရင် ကုသိုလ်မရပါ။သူတပါးလှူမဲ့နေရာမလှူစေချင်လို့ ကိုယ်က လှူတာ မျိုး ကိုဆိုလိုတယ် (၅)လှူဖွယ်ပစ္စည်းအပေါ်မှာတက်မက်မှုကင်းရမယ်။လှူပြီးလို့ ကိုယ်လှူတဲ့ ပစ္စည်းပေါ်သံယောဇဉ် ကပ်ညိနေရင်ကုသိုလ်ရသင့်သလောက်မရကြောင်း ဘုရားဟောလေးပြန်လည်ဝေမျှလိုက်ပါတယ် (၀ါဆိုသင်္ကန်းကပ် တရားမှ)

via အလင်းရောင် ဓမ္မ https://ift.tt/2Lxk8K9

ပရိတ်ကြီး ဆယ့်တစ်သုတ် ရွတ်ဆိုရခြင်းရဲ့ အကျိုးများ ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪ ပရိတ်ဆိုတာ ပရိတ္တ = အရံအတားလို့ ဆိုပါတယ်။ မြတ်စွာဘုရားရှင် လက်ထက်တော် အခါ ကတည်းက မြတ်စွာဘုရားက တောထဲ တောင်ထဲ အဆင်ပြေရာ သီတင်းသုံးနေထိုင် ကြရတဲ့ တောရ ဆောက်တည် ကြတဲ့ တပည့်သား သံဃာတော် အရှင်မြတ်များ ဘေးရန်များက လွတ်အောင် ရွတ်ဆို ပွားများစေတဲ့ အရံ အတား ဂါထာ မန္တာန်တော်များ ဖြစ်ပါတယ်။ . . . မြန်မာများ ရင်းနှီးနေကျ ပရိတ်ကြီး ဆယ့်တစ်သုတ်မှာ သူ့ သုတ်နဲ့ သူ၊ ဘယ်သုတ်ဟာ ဘယ်လို ဘေးမျိုးအတွက် အရံ အတားဖြစ်တယ် ဆိုတာ အဓိပ္ပာယ် ကိုယ်စီ ရှိပါတယ်။ ပရိတ်ရွတ်ရာမှာ ရွတ်သူ စည်းကမ်းနဲ့ ကြားနာသူ စည်းကမ်း ၂မျိုး ရှိပါတယ်။ စည်းကမ်းကို လိုက်နာပြီး ရွတ်မှ ထက်မြက်စွာ အကျိုး ပေးတယ်လို့ ဆိုပါတယ်။ ရွတ်သူ စည်းကမ်းများကတော့ (၁) ပုဒ်ဖြတ် ပုဒ်နေ ပါဠိ သဒ္ဒါ အသံမှန်အောင် ရွတ်ရပါမယ်။ (၂) ကိုယ်ရွတ်တဲ့ ပါဠိကို အဓိပ္ပာယ်ကို အတိအကျ အစအဆုံး မသိတောင် အကြမ်းဖျင်းတော့ သိရပါမယ်။ (၃) လာဘ်လာဘ အတွက် ငွေအတွက် မရွတ်ရပါဘူး။ ကြည်လင် သန့်စင်တဲ့ စေတနာ သဒ္ဓါတရားနဲ့သာ ရွတ်ရပါမယ်။ ကြားနာသူ စည်းကမ်းများကတော့ (၁) ပဉ္စာနန္တရိယ ကံလို့ ခေါ်ဆိုတဲ့ ဂုဏ်ကျေးဇူး အားဖြင့် အတိုင်းအဆမရှိ အနန္တ ကြီးမြတ်သူ ငါးဦးကို ပြစ်မှား ဖူးတဲ့ ကံ မရှိရပါဘူး။ အဲဒီကံငါးပါးကတော့ မိသတ်၊ ဖသတ်၊ ဘုရားကို သွေးစိမ်းတည်အောင်လုပ်၊ သံဃာကို သင်းခွဲ၊ မိစ္ဆာအယူကို ယူခြင်း တို့ ဖြစ်ပါတယ်။ ဒါတွေကို ပြစ်မှား ကျူးလွန်ထားရင် ပရိတ်နာလဲ အကျိုးခံစားရခြင်း မရှိတော့ပါဘူး။ အဲဒါတွေလုပ်လို့ဖြစ်တဲ့ အကုသိုလ်ကံရဲ့ အကျိုးပေးကို ဘယ်အရာ ကမှ တားမြစ် နိုင်ခြင်း မရှိလို့ပါ။ (၂) နိယတ မိစ္ဆာဒိဌိ မဖြစ်ရပါဘူး။ ဘုရားကို ဘုရားမဟုတ်၊ တရားကို တရားမဟုတ်၊ သံဃာကို သံဃာ မဟုတ်လို့ ထင်မြင် ယူဆ စွပ်စွဲ ပြောဆို လက်ခံ ကျင့်သုံးသူကို ပရိတ်က အကာအကွယ် မပေးပါဘူး။ (၃) ပရိတ်တော်ရဲ့ တန်ခိုးနဲ့ သူ့ရဲ့ အကျိုးအာနိသင်ကို ယုံကြည်မှု သဒ္ဓါတရားနဲ့ ပြည့်စုံ ရပါမယ်။ ပရိတ်ကြီး ဆယ့်တစ်သုတ်မှာ ရွတ်ရုံ ရွတ်ရတဲ့ ပရိတ်နဲ့ ရွတ်လဲ ရွတ်၊ ကျင့်လဲ ကျင့်ရတဲ့ ပရိတ် ဆိုပြီး ၂မျိုး ပြန်ကွဲပါတယ်။ ရွတ်လဲရွတ်၊ ကျင့်လဲ ကျင့်ရတဲ့ ပရိတ် သုတ်တော်များကတော့ မင်္ဂလသုတ်၊ အင်္ဂုလိ မာလ သုတ်၊ ဗောဇ္ဈင်သုတ်၊ မေတ္တာသုတ်၊ ခန္ဓသုတ်နဲ့ ဓဇဂ္ဂသုတ်တို့ ဖြစ်ပြီး ရွတ်ရုံ ရွတ်ရတဲ့ သုတ်တော် များကတော့ ရတနသုတ်၊ မောရသုတ်၊ ၀ဋ္ဋသုတ်၊ အာဋာနာဋိယသုတ်၊ ပှုဗ္ဗဏှ သုတ်တို့ ဖြစ်ပါတယ်။ မင်္ဂလ သုတ်= လောကီ၊ လောကုတ္တရာ တို့တွင် သတ္တ၀ါများအတွက် ကောင်းကျိုးချမ်းသာကို ကြီးပွား စေသော၊ ဆိုးကျိုးများကို ကာကွယ်သော အရံအတား။ (ဆယ့်နှစ်နှစ်တိုင် လူအများ ကြံစည် တွေးတော နေမှုကို မထင်မရှား နတ်သားတစ်ပါး လာမေးလျှောက်လို့ ဘုရားဟောသည်) ရတနသုတ်= ကပ်ကြီး သုံးပါးမှ ကင်းဝေး ပြေပျောက် စေသော သုတ်တော်။ ( ဝေသာလီပြည်တွင် ကပ်ကြီး သုံးပါး (ဘီလူးဘေး၊ အနာရောဂါဘေး၊ အငတ်ဘေး) ဆိုက်ရောက်ပြီး လူများသေကြေ ပျက်စီး သောကြောင့် ဘီလူး သရဲများ မြို့တွင်းဝင်ပြီး လူသေ သာမက လူရှင်များကိုပါ သတ်ဖြတ် စားသောက် လာသောကြောင့် ဘုရင်ရဲ့ ပင့်ဖိတ်ချက်အရ ကြွလာပြီး ရှင် အာနန္ဒာကို သုတ်တော်ကို သင်ပေးပြီး မြို့တံတိုင်း သုံးထပ် အကြား လှည့်လည် ရွတ်စေပြီး ကပ်ဘေးများ ကင်းပျောက်စေခဲ့သည်။ ) မေတ္တာသုတ် = လူ၊ နတ်၊ ဗြဟာ သတ္တ၀ါတို့ ချစ်ခင် မြတ်နိုးစေသော သုတ်တော် ( တောရ ဆောက်တည် သော သံဃာတော်များရဲ့ သီလ အစွမ်းကြောင့် တောထဲတွင် မနေနိုင်သော နတ်၊ မှင်စာ၊ တစ္ဆေ၊ သရဲတို့ ခြောက်လှန့်သောကြောင့် တရား အားမထုတ်နိုင်ဖြစ်ရသောကြောင့် ထို အနှောင့်အယှက် ကင်းဝေး စေ ရန် ရွတ်ဆိုစေခဲ့သည်။) ခန္ဓသုတ် = မြွေမျိုး၊ ကင်းမျိုး တို့ရဲ့ ဘေးရန်မှ လွတ်မြောက်စေသော သုတ်တော် ( မြွေ ဆိုသည်မှာ စတုမဟာရာဇ် နတ်မင်းကြီး တစ်ပါးဧ။် အုပ်ချုပ်မှု လက်အောက်ခံ နဂါးမျိုးစိတ်ထဲမှ နိမ့်သော အမျိုး ဖြစ်သောကြောင့် နတ်မင်းကြီးများကို တိုင်တည်ပြီး သူ့ရဲ့ တပည့် သားမြေးများ ကိုယ့်ကို မနှောင့်ယှက် စေရန် တောင်းဆိုစေသော သဘောဖြစ်လေသည်။) မောရသုတ် = အဖမ်းအဆီး အချုပ် အနှောင်မှ ကင်းလွတ်စေသော သုတ်တော် (ဘုရားအလောင်း ဥဒေါင်းမင်း ဘ၀က ပုံမှန် ရွတ်ဆိုခဲ့သောကြောင့် ငှက်ခတ် မုဆိုး သားစဉ်မြေးဆက် ခုနှစ်ဆက်တိုင်တိုင် က ဥဒေါင်းမင်းကို အနှစ် ခုနှစ်ရာပတ်လုံး ဖမ်းသော်လည်း မမိခဲ့ပေ။ လက်တွေ့ ဘ၀တွင်လည်း မောရသုတ်ကို ပုံမှန် ရွတ်ဆိုပြီး ကိုယ်စောင့်နတ်ကို အမျှပေးသူသည် အဖမ်းအဆီး ရှိခဲ့သော် ထိုနေရာမှ အချိန်မီ ခွာရန် အိပ်မက်ရခြင်း၊ သတိပေး ခံရခြင်းများ ဖြစ်လေ့ ရှိသည်ဟု ကြားနာ မှတ်သားဖူးပါသည်။) ဗောဇ္ဈင်သုတ်= မကျန်းမာသူများ ပြန်လည် ကျန်းမာ လာစေသော သုတ်တော် (ရှင် မဟာ ကသပ ကိုယ်တော်၊ ရှင် မောဂ္ဂလာန်ကိုယ်တော်တို့ နာမကျန်းဖြစ်စဉ်က မြတ်စွာဘုရားမှ ရွတ်ဖတ်ရန် သင်ကြား ပေးပြီး မြတ်စွာဘုရားကိုယ်တော်တိုင် နာမကျန်း ဖြစ်သောအခါ စုန္ဒ မထေရ်ကို ရွတ်စေပြီး မြတ်စွာဘုရား ကိုယ်တော်တိုင် နာကြားရင်း ပြန်လည် ကျန်းမာ လာခဲ့စေသော သုတ်တော် ဖြစ်ပါသည်။ သတိ သမ္ဗောဇ္ဈာင်၊ သမာဓိသမ္ဗော ဇ္ဈာင် တို့ကို ကျင့်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် ပဋိကတ်တိုက် စာကြည့် တိုက်မှူး ယဉ်ကျေးမှု သင်တန်း ဆရာတော် ဘဒ္ဒန္တ ပညာသာမိ (မာဂဓီ-သာစည်) ဆရာတော် လေဖြတ်ပြီး ဦးနှောက်သွေးကြောပေါက်ကာ ဦးခေါင်းတော်ထဲ သွေးပြန်ခဲစဉ် တပည့်များမှ ဆရာတော်အတွက် ဗောဇ္ဈင် သုတ်တော်ကို ထိုစဉ်က ဆရာတော် ရဲ့ သက်စေ့ ၅၇ကြိမ် ရွတ်ဆိုပေးခဲ့ရာ အံ့မခန်းဖွယ် ပြန်လည် ကျန်းမာ လာသည်မှာ ကိုယ်တွေ့ ဖြစ်ပါသည်။) အင်္ဂုလိမာလ သုတ်= မြန်မာ အများစုမှ ကိုယ်ဝန်ဆောင်များ မီးဖွားချိန် ရွတ်လျှင် ကလေးမွေးရ လွယ် တယ်ဟု မှတ်ယူကာ တွင်ကျယ်စွာ ရွတ်ကြသော်လည်း မည်သည့် ဝေဒနာ ခံစားရသည် ဖြစ်ပါစေ ရွတ်နိုင် ပါသည်။ (အင်္ဂုလိမာလ မထေရ် ရဟန္တာ ဖြစ်သော်လည်း သူလက်ဖြတ်ခဲ့ဖူးသူများရဲ့ ဆွေမျိုး သားချင်း လူ အများက ဆွမ်းမလောင်းသည့်အပြင် ခဲဖြင့် ပစ်ပေါက်ခြင်း အစရှိသဖြင့် ဆက်ဆံ ခံရသောကြောင့် ပြေ ပျောက် စေရန် မြတ်စွာဘုရားက သင်ပေးသော မန္တန်ဖြစ်လေသည်။ အဓိပ္ပာယ်မှာ ငါသည် ရဟန်း ဖြစ် သည့် နေ့မှစပြီး သူတပါးကို မသတ်ဖူးပါ။ သည်မှန်သော သစ္စာ စကားကြောင့် သင်ခံစား နေရသော ဝေဒနာ ပျောက်ကင်းပါစေဟု အဓိပ္ပာယ်ရလေသည်။ ထို့ကြောင့် ဒီဂါထာကို ရွတ်ဆို မည့်သူသည် သူတပါး အသက် ကို ခြင်၊ ပရွက်ဆိတ်မှ အစ မသတ်ရပေ။ ထိုမှသာ စွမ်းပါသည်။ မဟုတ်က သစ္စာ ပျက်ပါသည်။) ဓဇဂ္ဂ သုတ်= အကြောက်တရားကို ကာကွယ်သော သုတ်တော်။ ( ကြောက်ရွံ့ တုန်လှုပ်သူများ အတွက် ဟောသည်။ သိကြားမင်း အသုရာကို တိုက်စဉ် နတ်စစ်သည်များက ကြောက်ရွံသောအခါ နတ်စစ်သူကြီး များရဲ့ အောင်လံဖျားကို ကြည့်ပြီး ရဲဆေးတင်ရန် သိကြားမင်းက ပြောရာ မြတ်စွာဘုရားက အကြောက် တရား ကိုယ်တိုင် မကင်းသော သိကြားမင်းရဲ့ အောင်လံကို ကြည့်ရုံနဲ့ နတ်စစ်သည်တို့ တကယ် အ ကြောက် တရား မကင်းနိုင်ကြောင်း၊ အကြောက်တရားမှ တကယ် ကင်းဝေးသော ငါဘုရားရဲ့ ဂုဏ်တော် များကို ရွတ်ဖတ် ပွားများက အမှန်တကယ် အကြောက်တရား ကင်းနိုင်ကြောင်း၊ ငါဘုရားရဲ့ ဂုဏ်တော်ကို အာရုံမှာ ထင်အောင် မပွားနိုင်ပါက တရားဂုဏ်တော် ခြောက်ပါးကို ပွားနိုင်ကြောင်း၊ ဒါတောင်မှ အာရုံမှာ ဂုဏ်တော် ထင်အောင် မပွားနိုင်ပါက သံဃာ ဂုဏ်တော် ကိုးပါး တို့ကို အထပ်ထပ် ရွတ်ဆို ပွားများ ခြင်း ဖြင့် ဂုဏ်တော်တို့ ရွတ်ဖတ်သူရဲ့ အာရုံကို ထင်ဟပ် လာသည့်အခါ အကြောက်တရား ကင်းကြ လိမ့်မည် ဟု ဟောသည်ကို ဥပမာပေးသည်။ သာမန် အဆောက်အဦ၊ တောင်၊ လှေကား၊ သစ်ပင် စသည်တို့မှ ပြုတ်ကျခြင်းသာ မက ရာထူးပြုတ်မှာ ကြောက်သူများလဲ ရွတ်ကြလေသည်။) အာဋာနာဋိယ သုတ်= မြတ်စွာဘုရား လက်ထက်တော် ခေတ်အခါက သာသနာတော်ကို မသက်ဝင်သော၊ သီလစောင့်သူများရဲ့ ဘုန်းကံကို မခံနိုင်သော ဘီလူး မိစ္ဆာများက သာသနာ့ အနွယ်ဝင် ပရိတ်သတ် လေး ပါး ဖြစ်သော ရဟန်း၊ ရဟန်းမ၊ သာသနာ့ ဒါယကာ၊ သာသနာ့ ဒါယိကာမ တို့ကို ဖမ်းဆီး နှောင့်ယှက် ကြသောကြောင့် ထို မိစ္ဆာ ဘီလူးများ ယဉ်ကျေးလာပြီး သာသနာတော်တွင် သက်ဝင် ယုံကြည်လာအောင် ရွတ်ဆိုစေသည်။ ၀ဋ္ဋသုတ် = မီးကွင်းစေသော၊ လောင်နေသော မီးကို ရပ်တန့်စေသော အစွမ်းရှိသည့် သုတ်တော် ဖြစ်သည်။ ဘုရားအလောင်း ငုံးမင်း ဘ၀က တောမီးလောင်ရာ မပျံနိုင်အောင် ငယ်သေးသောကြောင့် သစ္စာပြုရာ တောမီး ငြိမ်းခဲ့သည်။ သို့သော် စဉ်းစားရန်မှာ ငုံးမင်းရဲ့ သစ္စာပြုပုံမှာ လူများနဲ့ မတူတဲ့ အချက် ဖြစ်လေသည်။ ငါသည် ငယ်လွန်းသည်။ အတောင်ရှိလျက် မပျံနိုင် ခြေရှိလျက် မသွားနိုင် ငါ့မိဘ တို့သည် ငါ့ကို ထားခဲ့ပြီ။ ဒီစကားမှန်လျှင် တောမီး ငြိမ်းပါစေ ဟု အဓိပ္ပာယ် ရလေသည်။ လူများ ရွတ်က တော်မတော် စဉ်းစားစေချင်ပါသည်။ ရွတ်လိုပါကလည်း ငုံးမင်းကို အတုခိုးပြီး မိမိတို့ရဲ့ မှန်ရာ အဖြစ် နဲ့သာ သစ္စာဆိုခြင်း သို့မဟုတ် ငုံးမင်းက ဒီလို ရွတ်ဆိုမီးကွင်း ဖူးသည်မှာ မှန်ကန်ကြောင်း သစ္စာဆို ခြင်းသာ ပြုသင့်လေသည်။ ပုဗ္ဗဏှ သုတ်= နကတ် ဂြိုလ်စီးဂြိုလ်နင်းမကောင်းသောကြောင့် ကံဆိုးများ ကျရောက်သော အခါ ကံကောင်းရန် ရွတ်သည်။ Credit - Khun Mya Hlaing &MS #PhyoeMayOo Tzwin

via အလင်းရောင် ဓမ္မ https://ift.tt/2M2V7pC

ချပ်ဝတ်တန်ဆာ ရိက္ခာအပြည့်အစုံနဲ့  စစ်သူကြီးပမာ ရွှင်လန်းတက်ကြွစွာဖြင့် ချီတက်သွားပါပြီ ၁၀ ရက်တရားစခန်းပွဲကို ... ၁ ရက် ၂ ရက် အစဦးနေ့ တွေမှာ သဒ္ဓါတရားက အားကောင်းနေတော့ အစွမ်းရှိသလောက် ကိုယ်စီ ကိုယ်င ကြိုးစား အားထုတ်ကြပါတယ် ... ၃ ရက် ၄ ရက် ကြာလာရော တရားထိုင်ရတာ ညောင်းညာ ကိုက်ခဲ နာကြင်တဲ့ ဒုက္ခဝေဒနာတွေက များလာတော့ မျက်နာလေးတွေက သိပ်မကောင်းချင်ကြတော့ဘူး ... ၅ ရက် ၆ ရက် ရောက်လာတော့ ခန္ဓာကို သည်းမခံနိုင်တာကတစ်မျိုး စားချင်တာ မစားရတာကတစ်ဖုံ အိပ်ရေးမဝ တာကတစ်ကြောင်း ... စသည့်အမျိုးမျိုးသော အကြောင်းတွေကြောင့် တရားထိုင်ဖို့ ကြေးမောင်းထိုးသံကို သိပ်မကြားချင်တော့သလိုလို အိပ်ဆောင်ကနေ ဓမ္မာရုံပေါ်ကိုသွားနေတဲ့ ခြေလှမ်းလေးတွေကလည်း လေးလံနှေးကွေးလာပြီး လမ်းလျှောက်တဲ့ ခြေသံတွေက ဒေါမနဿ အသံတွေပါလာနေပြီ ... ၇ ရက် ၈ ရက် ကြာလာတော့ ရသေ့စိတ်ဖြေ အလုပ်တွေစပေါ့ ... အိမ်ကပါလာတဲ့ စားစရာလေးတွေ တစ်မျိုးပြီးတစ်မျိုး ထွက်လာပြီ ... မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့  နီးစပ်ရာ မျက်မှန်းတန်းမိနေတဲ့သူတွေကို မိတ်ဆွေဖွဲ့ တော့မယ် ... တရားအားထုတ်ရတာ အဆင်ပြေလား ဘယ်မှာနေကြတာတုန်း ခင်တတ်ပါတယ် ဖုန်းနံပတ်ပေးလေ လမ်းကြုံရင်ဝင်လည်မယ်နော် ဒီနောက်ပိုင်း စကားကြောလည်း တည့်လာပါလေရော အကြွားတွေ အတင်းတွေကို ကရားရေလွတ်သလို သွန်တော့မယ် ... ၉ ရက် လည်းရောက်လာပါလေရော စိတ်နဲ့ ကိုယ်က ကပ်မနေတော့ဘူး ရုပ်ခန္ဓာကြီးက ဓမ္မာရုံပေါ် ငုတ်တုတ်ကြီးထိုင်နေတာ နာမ်ခန္ဓာကတော့ စိတ်ကူး ရေယာဉ်ကြောကြီးထဲ မျောနေပေါ့ ... ခုနေချိန်များအိမ်ကလူတွေ တစ်စုံတစ်ရာ အကြောင်းပြပြီးလာခေါ်ရင် ဘယ်လောက်ကောင်းလိမ့်မလည်းနော် ... ကျန်းမာရေး အကြောင်းပြပြီး ပြန်သွားရင်လည်း သူများတွေက အထင်သေး ကံရဲ့ နေကြအုံးမယ် ရှက်စရာကြီး ... ကဲပါလေ အားတင်းလိုက်ပါအုံးမယ်ဆိုပြီး ... ၁၀ ရက် နောက်ဆုံးနေ့ ကလည်းရောက်လာ မိုးတောင်ကောင်းကောင်းမလင်းသေးဘူး ကောင်းလိုက်တဲ့ ဝီရိယ အိမ်ပြန်ဖို့  အထုပ်အပိုးတွေက ပြင်ဆင်ပြီးနေပြီ ... ဟိုလူကို ပြုံးပြ နှုတ်ဆက်ရတာနဲ့  ဒီလူကို လိမ်စာပေးရတာနဲ့  လေပေးဖြောင့်တဲ့ သူတွေကို အိမ်အလည်ခေါ်ရတာနဲ့  အလုပ်တွေကို ရှုပ်လို့ ပေါ့ဗျာ ... တရားထိုင်ချိန် ရောက်လာတော့ သူများတွေ အမြင်မှာတာ ဓမ္မာရုံပေါ် တရားထိုင်နေတဲ့ ပုံစံ ... စိတ်ကတော့ ဘယ်သူများလာကြိုမလည်းနော် အရှုခံကလည်း လာရာ ပြန်မယ့် လမ်းကြီးသာ ပေါ်ပေါ်နေတယ် ... ပြီးတော့ ဓမ္မာရုံပတ်ဝန်းကျင်မှာ အသံလေး ဘာလေးများကြားမိရင် ကိုယ့်အိမ်ကလူများလားဆိုပြီး မျက်လုံးဖွင့် လည်ပင်းစောင်းငဲ့ ကြည့်ရ ရှာရလွန်းလို့ ဇာတ်ကြော တွေတောင်တက်သွားမတတ် ... ဒါနဲ့  ( ၁၀) ရက်က ပြည့်ပြီဆိုတော့ အိမ်ကို ခပ်တည်တည်ပြန်ပြီပေါ့ ... ကိုယ့်အိမ်ကိုယ် ပြန်ရောက်တာနဲ့  အထုပ်အပိုးတွေကို ချပြီး ဘာစားစရာတွေများရှိလည်းဟေ့ ... ငါ့အိပ်ယာလေးတွေ သေသေ ချာချာ ပြင်ပေးထားနော် ... ငါပင်ပန်း ဆင်းရဲလာလို့ တစ်ခုခုစားပြီး ကောင်းကောင်းအနားယူချင်တယ် ... ကိုယ့်အသံကို ကြားတော့ သားငယ် သ္မီးငယ် မြေးလေးတွေက ဟေး ... တို့ ဖေကြီး မေကြီး ဖိုးကြီး ဖွားကြီးတွေ ပြန်လာပြီဆိုပြီး ကလေးသဘာဝအတိုင်း ကိုယ့်အနားကိုလာကြတာပေါ့ ... ဒါနဲ့  ရိပ်သာမှာ အလှူရှင်တွေ ဒါနပြုတဲ့ မုန့် ပဲ သရေစာ ချို ချဉ် လေးတွေကို ကိုယ်တိုင်မစားပဲ ... သိမ်းထား စုထားတာ လေးတွေကိုဆွဲထုတ်လာပြီး ... ရော့တာက သားအတွက် သ္မီးအတွက် မြေးလေးအတွက် ဆိုပြီး ခွဲတမ်းချပေးလိုက်တော့ ကလေးလေးတွေဆိုတာ ဘာနားလည်ကြအုံးမှာလည်း စားစရာ မုန့် ရတော့ ပျော်နေကြပြီး ကိုယ့်အနားနားမှာ တီတီ တာတာလေး လာလုပ်နေတော့တာပေါ့ { အဲ့ဒါနဲ့ ပဲ ရိပ်သာကပါလာတဲ့ တရားယဲ့ယဲ့လေးတွေက ကုန်တော့မယ် } အမယ်လေးအခုမှပဲ သာယာနာပျော်ဖွယ် ဂီတသံလေး ကြားနေရသလိုပဲ စိတ်ချမ်းသာလိုက်တာ ဆိုပြီး ကြည်နူးနေမယ်နော် ... သတိတော့ထားအဲ့ဒီ အသံတွေက ဂီတသံလည်းမဟုတ်ဘူး ... ဆည်းလည်းသံ လည်းမဟုတ်ဘူး { ယမမင်း မြူသံလို့ ခေါ်တယ် } ဘာဖြစ်လို့ လည်းဆိုတော့ ငါ ငါ့သား ငါ့သ္မီး ငါ့မြေး ဆိုတဲ့ ဒိဋ္ဌိတွေ ဖြစ်ကုန်ပြီလေ ဝေဒနာ နဲ့ တဏှာကြား ပထမမဂ် သွင်းပြီးသွားလို့  သမုတိနယ် ပရမတ်နယ် ကွဲသွားရင်တော့တစ်မျိုးပေါ့ ... အဲ့လိုနဲ့  ၁ ပတ် ၁၀ ရက်လောက်လည်း နေရော ကျွတ်ကျွတ် ဆတ်ဆတ် မူလဘူတရုပ်က ပေါက်လာပြန်ပေါ့ ... နောက် ၁၅ ရက် ရက် ၂၀ လောက်ကြာလာတော့ အိမ်မှာ ဟိုလူနဲ့ အဆင်မပြေ ဒီတစ်ယောက်နဲ့  မတည့်ပြန်တော့ { အားမာန်တွေ တင်ပြီး ရိပ်သာကို ပြန်ပြေးတော့မယ် } ဒါနဲ့ ၁၀ ရက် ပြည့်ပြန်တော့ ပြုံးပြုံး ပြုံးပြုံးလေးနဲ့ အိမ်ပြန်လာ ... ကြာတော့ ဘာဖြစ်လာလည်းဆိုရင် တရားစခန်း ဝင်ဖန်များသွားပြီး တရားစကားလေးလည်း အထိုက် အလျောက် ပြောတတ်လာတော့ မာန လေးကပါလာပြီ ... တရားစခန်းဝင်တာ အကြိမ်ပေါင်း ဘယ်လောက် တောင်ရနေပြီ ရိပ်သာတွေလည်း စုံပေါ့ဆိုပြီး { ပတ်ဝန်ကျင်းက လူတွေကိုတောင် ခွဲခြား ခွဲခြား ဆက်ဆံနေမိတတ်တယ် } သူ့ ဟာက အကြိမ်အရေ အတွက်သာ ပြောနေတာ ... သီလ သမာဓိ ပညာ အားကောင်းလာလေ အရှုခံခန္ဓာကပိုပြီး သိမ်မွေ့ သွားလေ ... အဲ့လို အချိန် မှာ သဒ္ဓါ နဲ့ ပညာ သမာဓိ နဲ့  ဝီရိယ သတိက ပိုသည်မရှိ ဣနြေ္ဒတွေ ညီမျှ နေမှ ဖြစ်ပျက်ကို မြင်နိုင်တယ်ဆိုတဲ့ မဂ်ဥာဏ် ဖိုလ်ဥာဏ်နဲ့ နီးစပ်ကြောင်း { အရည်အခြင်း စကားမျိုး ကြတော့ ပါမလာဘူး } နောက်တော့လည်း ပြန်သွားအုံးမှာပဲ တရားစခန်း ရိပ်သာတွေ ရှိရာကို ... ဘယ်လိုပုံစံနဲ့ ပဲသွားသွား အိမ်မှာပဲ ဝိပဿနာတရား အားထုတ်ထုတ် ဦးဇင်းတို့ က သာဓု ခေါ်ပြီးသားပါ ... ပုံမှန်လေး အလုပ်လုပ်နေတော့ တစ်ချိန်ချိန်မှာ မှန်မှန်ကန်ကန် နှလုံးသွင်းတတ်သွားပြီး ဓမ္မကအရှုခံခန္ဓာ အဖြစ်ခေါ်ဆောင် သွားတော့ လောကကြီးထဲမှာ နေတတ် ထိုင်တတ်သွားပါမယ် လောကဒဏ် တရားတွေရိုက်ခတ် လာရင်လည်းခံနိုင်ရည် ရှိသွားမယ်ပေါ့ { တရားတာတကယ် တိုးတက်လာရိုးမှန်ရင် } ခုဒီစာကို ရေးသားရခြင်းကလည်း ယောဂီ ဒကာ ဒကာမ တွေကို ထိခိုက် နစ်နာစေချင်တဲ့စိတ်နဲ့ ရေးသားထားခြင်းမျိုး မဟုတ်ပါဘူး ... ပေါ့ပျက်ပျက်နဲ့  ဝိပဿနာ တရားအားထုတ်နေရင် ဥာဏ်မဦးခင် အသေဦးသွားမှာဆိုးလို့ ပါ { အချိန်နဲ့ သေမင်းက ဘယ်သူ့ ကိုမှ မျက်နာသာမပေးပါဘူး } ပြီးတော့ အခွင့်ကောင်း အခါကောင်း လေးတွေဆိုတာ အမြဲတမ်းမရနိုင်ပါဘူး ဒါကြောင့် အကြောင်းအကျိုး အမျိုးမျိုး ညီညွတ်နေလို့  တရားအားထုတ်ခွင့်လေး ရတုန်းကြိုးစားစေချင်တဲ့ စေတနာလေးတစ်ခုကြောင့် ခုလို စာတွေကိုဖွဲ့ နွဲ့ ရေးသားပြီး သတိပေးရခြင်းဖြစ်ပါတယ် ... စာရေးသူ ကိုယ့်ကိုယ်ကိုဆုံးမရင် ဒီထက်ပိုပြီး ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေသုံးပြီး ဆုံးမပါတယ် ... မင်းကို မနက်မိုးလင်းတာနဲ့  ဆွမ်းလောင်းဖို့  ဒကာ ဒကာမတွေက ရာသီမရွေး ပင်ပင်ပန်းပန်း နံက် ၄ နာရီလောက်ကတည်းက ထပြီး ချက်ပြုတ်ကြရတာ ... မင်းက ဒကာ ဒကာမတွေရဲ့ ဆွမ်းဦး ဆွမ်းဖျားစားပြီး တရားမထိုင်ချင်ပဲ အပျင်းကြီးနေရအောင် ... မင်းက တိရစ္ဆာန်စိတ်ပေါက်နေပြီလား ... ဒကာ ဒကာမ တို့ ရဲ့ ချွေးနဲစာတွေကို မင်းမို့ လို့ အလကား အချောင်ခို စားရက်တယ် ... မင်းကြောင့် သာသနာတော်မြတ်ကြီး မညိုးနွမ်းပါစေနဲ့ ... မင်းကတစ်ပါးတည်း တော တောင်တွေထဲမှာနေတယ်ဆိုပြီး စားစားပြီး အိပ်နေတာ သူများတွေမသိပေမယ့် မင်းကိုယ်မင်းသိပါတယ် မင်းလုပ်ရပ်တွေအတွက် မင်းမရှက်ဘူးလား ... စသည်ဖြစ်ပေါ့ ကိုယ့်ကိုယ်ကို ဆုံးမရပါတယ် ... လူဆိုတာ ကိုယ့်ကိုယ်ကို ဆုံးမတတ်ရင် ဆုံးမရဲရင်ကောင်းတယ်နော် ... သူတစ်ပါးဆုံးမတာက အခန့် မသင့်ရင် စကားများ ရန်ဖြစ်ရတတ်တယ် ဟုတ်တယ်မလား ... ဓမ္မမိတ်ဆွေ ယောဂီသူတော်ကောင်း အပေါင်းတို့ သည် ရရှိလာတဲ့ ဘဝ တန်ဖိုး ကြုံလာတဲ့ သာသနာ တန်ဖိုး ဆုံးမတတ်တဲ့ ဆရာသမား တန်ဖိုး စသည့်အခွင့်ကောင်း အခါကောင်း လေးတွေကို လက်မလွတ်စေပဲ အမိအရ ဖမ်းယူနိုင်အောင် ... နောင်အခါ တရားစခန်းပဲ သွားသွား ကိုယ့်အိမ်ယာ ထိုင်ခင်းလေးမှာပဲ ဝိပဿနာတရားကို အားထုတ်ထုတ် တရားတော်မြတ်ကို ရိုရို သေသေ လေးလေး စားစား ကြိုးစား ကျင့်ကြံ အားထုတ်ကြပြီး တရားထူး တရားမြတ်တွေကို ကိုယ်စီ ကိုယ်င ရလွယ်နိုင်ကြပါစေလို့  မေတ္တာ စေတနာအပြည့်နဲ့  ဆန္ဒပြု သတိပေးရင်း အဆုံးသတ်ပါရစေ ... Ashin Dhamma Sara ဆရာတော် အရှင်ဓမ္မသာရ ... ရေးသားသည်။ Cr#phyomayoo

via အလင်းရောင် ဓမ္မ https://ift.tt/30PLnTB

လူသားတွေ အများဆုံး ပြောနေတဲ့ ငါ'' ~~~~~~~~~~~~~~~~~ ခန္ဓာကိုယ် တစ်ခုရဲ့ အစိတ်အပိုင်းကို ပိုင်းခြားပြီး ကြည့်ကြမယ် ငါဆိုတဲ့ဟာကြီးကို ရှာကြည့်မယ် ရှာကြည့် တော့ ဘယ်နားမှာလဲ ငါဆိုတာ ရှာလို့ တွေ့သေးလား ငါဆိုတဲ့ တယူတန် အစွဲတွေကို ခဏဘေးဖယ်ထားပြီး ဒီခန္ဓာကြီးကို ဓမ္မ တစ်ပုဒ်လိုကြည့်တတ်မယ်ဆိုရင် အပုပ်ကောင်က ရုပ်ဆောင်ထားတဲ့ ဖြစ်ပျက်ကြီးပါပဲလို့ သိထားရမယ် ဒါကြောင့် ငါ' ငါ့မယား' ငါ့လင်' ငါ့သား' ငါ့ပစ္စည်း' ငါ့ဥစ္စာ' ဆိုတဲ့ အစွဲတွေကို ဒိဋ္ဌိ မဖြုတ်နိုင်ကြပေမဲ့ ဒီခန္ဓာကြီးဟာ တစ်နေ့နေ့ မှာ ပျက်စီးရမှာပါလားဆိုတာ ဓမ္မတစ်ပုဒ်လို ကြည့်ပြီး အသိတရားတွေနဲ့ သတိထားနိုင်ကြပါစေ ဓမ္မမိတ်ဆွေတို့ရေ……// *နွေ*

via အလင်းရောင် ဓမ္မ https://ift.tt/30HWb6r

"ပုဆိုးပိုင်းတစ်စနှင့်နို့ဃနာတစ်ခွက် လှူဒါန်းခဲ့သော ************************************ ဒါနအစွမ်း" ********** ဗုဒ္ဓဘုရားရှင်လက်ထက်တော်တွင် မဟာသေန အမည်ရှိ ပုဏ္ဏားတစ်ဦးရှိ၏။အရှင်သာရိပုတ္တရာ မထေရ် မြတ်အား သားအရင်းပမာချစ်ခင်၏။တစ်ချိန်တွင် ဥစ္စာ စည်းစိမ်များပျက်ပြီး အလွန်ဆင်းရဲသွား၏။မထေရ်မြတ် ကြီးဆွမ်းခံကြွလာလျှင် မျက်နှာပူ၍အိမ်ထဲပုန်းနေရရှာ၏။ တစ်ရက်တွင် ပုဏ္ဏားတို့ စာဟောပြောပွဲမှ အဝတ် ကြမ်းတစ်ပိုင်းနှင့် နို့ဃနာတစ်ခွက် ရခဲ့၏။အရှင်သာရိ ပုတ္တရာအား လှူချင်လွန်းသဖြင့် မိမိမသုံးဘဲ မနက်စော ကတည်းက စောင့်နေ၏။ မထေရ်မြတ်ကြွလာလျှင် အကုန်လောင်းလှူလိုက်ပြီး "အရှင် ဘုရားတို့သိမြင်အပ်သော တရားထူးတရားမြတ် ကို တစ်ပည့်တော်လည်း သိမြင်ရပါလို၏"ဟု ဆုတောင်း ၏။ထိုဘဝမှ သေလွန်သော် အရှင်သာရိပုတ္တရာအား ဆည်းကပ်ကိုးကွယ်သော သူဋ္ဌေးမိသားစု၌ ပဋိသန္ဓေ တည်၏။ ထိုကလေး ကိုယ်ဝန်ရှိသည်နှင့် မိခင်သည် ချင်ခြင်း တစ်ခုဖြစ်၏။ထိုချင်ခြင်းကား အရှင်သာရိပုတ္တရာအမှုးရှိ သော သံဃာ ငါးရာကို ရေမရောသော နို့ဃနာဆွမ်းကပ် လှူချင်သည်။ထိုကပ်လှူချိန်တွင် ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်ပြီး သံဃာတော်တို့၏ ဆွမ်းကျန်ကို စားလိုခြင်းပင်ဖြစ်၏။ သူ၏ဆန္ဒအတိုင်းပြုလုပ်ပေး၏။မွေးဖွားပြီး ကင်မွန်း တပ် ပွဲတွင်လည်း မထေရ်မြတ်ကြီးနှင့် သံဃာငါးရာကို ပင့်ပြီး နို့ဃနာဆွမ်းကို ကပ်လှူကြ၏။အရှင်သာရိပုတ္တရာ မထေရ်မြတ်အား မြင်သည်နှင့် လသားအရွယ်သာရှိသေး သော သူငယ်သည် ဇာတိဿရဥာဏ်ကြောင့် မှတ်မိ၏။ "ဤ မထေရ်မြတ် ချီးမြှောက်ခဲ့လို့သာ ငါသည် ယခုလိုသူဋ္ဌေးသားဘဝသို့ရောက်ရခြင်းဖြစ်သည်။ ထိုမထေရ်၏ ကျေးဇူးကို ငါဆပ်အံ့"ဟု တွေးပြီး မထေရ်မြတ်အား ကလေးပြရန်အတွက် မ,ချီလိုက်သော အခါ ကျောအောက်မှ အသပြာတစ်သိန်းတန်သည့် ကဗ္ဗလာအခင်းကို လက်သန်းဖြင့်ကုတ်ချိတ်ထားလိုက်၏။ လူကြီးများက အမှတ်တမဲ့ပါလာသည်ထင်၍ ဆွဲ ဖြုတ်လိုက်သောအခါ ကလေးသည် သည်းထန်စွာငို၏။ သူ့လက်တွင်းပြန်ထည့်မှ အငိုတိတ်၏။ထိုအခါမှ ကလေး ၏ ဆန္ဒကို လူကြီးများ သိပြီး အခင်းအား လှူလိုက်၏။ သူ၏အမည်အား"တိဿ"ဟုမှည့်၏။(၇)နှစ်အရွယ် ရောက်သည်နှင့်ရှင်သာမဏေပြု၏။ "ပုဏ္ဏားဘဝတွင်ပြုခဲ့သော ပုဆိုးပိုင်းတစ်စနှင့်နို့ဃနာ ဆွမ်းတစ်ခွက် လှူဒါန်းခဲ့သော ကောင်းမှုကုသိုလ်နှင့် အရှင် ဘုရားတို့သိမြင်အပ်သော တရားထူးတရားမြတ် ကို သိမြင်ရပါလို၏"ဟု ဆုတောင်းကြောင့် မျက်မှောက် ဘဝတွင် ရဟန္တာဖြစ်လေသည်။ဒါနအစွမ်းသည် နိဗ္ဗာန် တိုင်အောင် ပို့နိုင်၏။ဒါနက သံသရာရှည်သည်မဟုတ် လိုချင်သည့် တဏှာကသာ သံသရာရှည်ခြင်းဖြစ်၏။ သို့ပါ၍ မည်သည့်ဝတ္ထု ပစ္စည်းမဆို ငါကောင်းစား ဖို့မပါဘဲ နိဗ္ဗာန်ရည်မှန်းလှူဒါန်းခြင်း ,လှူဒါန်းပြီးလျှင် လည်း ဆုတောင်းရန်လိုအပ်ခြင်းတို့သည် ဘဝအ ဆက်ဆက်တွင် ကောင်းကျိုးများ ရရှိစေမည်ဖြစ်ပါ ကြောင်း ရေးသားလိုက်ရပေသည်။ =========တရား ရတနာ==========

via အလင်းရောင် ဓမ္မ https://ift.tt/2xX6wz7

''' ခုဇ္ဇုတ္တရာနှင့်သာမာဝတီ ''' 💮💮💮💮💮💮💮💮 🔲 ခုဇ္ဇုတ္တရာ သည် ဃောသက သူဋ္ဌေး၏ အထိန်းတော်ကြီး သမီးဖြစ်၏. ။ကိုယ်ခန္ဓာ ကုန်းကုန်းကလေးရှိ၍ ခုဇ္ဇုတ္တရာ သူငယ်မ ဟု အမည်တွင်၏. .။ 🔲(အတိတ် ဘဝ ၌ ပစ္စေကဗုဒ္ဓါမထေရ်မြတ် တစ်ပါးကို သူကလမ်းသွားရင် ကုန်းကုန်းကလေး သွားတယ် ဟု ကုန်းကွကွ အမူရာလေးပြု့ကာ ပြက်ရယ် ပြုမိခဲ့သောကံကြောင့် ယခု ခုဇ္ဇုတ္တရာ ဘဝ၌ ကုန်းကူန်းကလေး လာဖြစ်ရ၏ ) 🔲သာမာဝတီ သည် ဘဒ္ဒိယမြို့ ဘဒ္ဒဝတိယသေဋ္ဌေးကြီး၏ သမီးဖြစ်၏. .။ 🔲ခုဇ္ဇုတ္တရာ နှင့် သာမာဝတီ တို့၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤကဲ့သို့ ဖြစ်၏- 🔲သာမာဝတီ ကို ဃောသက သူဋ္ဌေးကြီးက သမီးအဖြစ် မွေးစား၏.။ ဥဒေန မင်းကြီးကလည်း မိဖုရား မြှောက်ခဲ့၏.။ 🔲ခုဇ္ဇုတ္တရာ ကျွန်မလေးသည် သာမာဝတီ မိဖုရားအား နေ့စဉ် ပန်းဆက်သရသော တာဝန်ကို ယူထား၏. .။ နေ့တိုင်း နေ့တိုင်း မိဖုရားမှ ပေးလိုက်သော ပန်းဖိုးအား အကုန်မဝယ်ဘဲ နုတ်၍ ယူကာထားလေ၏. .။ 🔲 တစ်နေ့သ၌ မြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံလျှက် ပန်းသည်ကြီးအိမ်တွင် ထိုင်နေတော်မူ၏.။သာမာဝတီမိဖုရား၏ အလုပ်ကျွေးဖြစ်သော ခုဇ္ဇုတ္တရာသည် ထိုအိမ်သို့ ပန်းလာဝယ်၏.။ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းကပ်ရာဝယ် ဝေယျာဝေစ္စကုသိုလ် ကူညီကာ လုပ်ပေး၏. .။ 🔲ဗုဒ္ဓဘုရားရှင် ဟောကြားသောတရားတော်ကို အလုံးစုံ နုတ်ငုံရအောင် သင်ယူ၏.။အနုမောဒနာတရားအဆုံး၌ သောတာပတ္တိဖိုလ်တည်၍ သောတာပန် အရိယာဥပါသိကာ ဖြစ်လေသည်. .။ ဤအချိန်မှ စ၍ ပန်းဖိုးများ နုတ်၍ မယူတော့ . .။ နန်းတော်ပြန်ရောက် ပန်းများ ဆက်သသည့်အခါ အရင်နေ့တွေကနှင့်မတူ ပိုများလာသော ပန်းတို့ကို ကြည့်၍ မိဖုရားကြီးသည် မေးမြန်းရာ ဖြစ်ကြောင်းကုန်စဉ် ရှင်းပြလိုက်၏. .။ 🔲မိဘုရားကြီးလည်း ခုဇ္ဇုတ္တရာအား ဘုရားရှင်ဟောကြားလိုက်သော တရားတော်ကို တစ်ဖန်ပြန်၍ ဟောကြားစေ၏. .။ခုဇ္ဇုတ္တရာ သည်လည်း မိမိနာကြားခဲ့ရသော တရားများအား သာမာဝတီမိဖုရား အမှုးပြုသော မောင်းမငါးရာအား ဟောကြားရာ ဒေသနာအဆုံး၌ မိဖုရားကြီးနှင့်တကွ မောင်းမငါးရာ သောတာပန် အရိယာများဖြစ်သွားကြ၏. .။ 🔲ခုဇ္ဇုတ္တရာသည် ထိုနေ့မှ စ၍ နေ့စဉ် မြတ်ဗုဒ္ဓထံမှ တရားဓမ္မကို နာယူပြီးလျှင် သာမာဝတီအမှူးရှိသော မောင်းမငါးရာအား ရွှေနန်းတော်မှာပင် တစ်ဖန်ပြန်၍ ဟောကြားလေသည်. .။ 🔲သာမာဝတီအမှူးရှိသော မောင်းမငါးရာတို့သည် #မာဂဏ္ဍီ မိဖုရား၏ ရန်တိုတ်မှု့ကို သုံးကြိမ်မြှေက်ခံရသော်လည်း . . 🔲 သူတစ်ဖက်သား မျက်မာန်ပွါးသော်တရားမကွာ ထိန်းစောင့်ကာဖြင့် မေတ္တာနှလုံး ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာ ရှိချိမ့်နည်း. .။(ဓမ္မုပဒေသသ) ဆိုသည်နှင့်အညီ မေတ္တာနှလုံး ကျင့်သုံးခြင်းဖြင့် အနိုင်ရခဲ့လေသည်.။သို့သော် ရှေးအကုသိုလ်ကံကြောင့် နောက်ဆုံးအကြိမ်တွင် မီးလောင်တိုတ်သွင်း၍ သတ်ခြင်း ခံရရှာ၏.။ (အတိတ်ဘဝ၌ သာမာဝတီနှင့် မောင်းမငါးရာတို့သည် ဖလသမာပတ်ဝင်စားနေသော ရဟန္တာမထေရ်အား မီးရှို့ခဲ့သော အကူသိုလ်ကံကြောင့် ယခုကဲ့သို့ ခံရလေသည်) 🔲မြတ်ဗုဒ္ဓသည် အကြားအမြင် ဗဟုသုတများကြသည့် ငါဘုရား၏ တပည့်မသာဝိကာ ဥပါသိကာမတို့တွင် #ခုဇ္ဇုတ္တရာ ဥပါသိကာမသည် အသာဆုံး အမြတ်ဆုံးဟူ ဧဒတဂ် ဘွဲ့ထူးကို ချီးမြှင့်တော် မူပါသည်. .။ သာမာဝတီမိဖုရားကိုမူကား မေတ္တာဈာန်ဖြင့် နေလေ့ရှိကြသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဥပါသိကာမတို့တွင် #သာမာဝတီ သည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ် ဘွဲ့ထူးကို ချီးမြှင့်တော် မူပါသည်. .။ #ဗုဒ္ဓဘာသာလက်စွဲကျမ်း စာအုပ်မှ ကူးယူပူဇော်ပါသည်. .။ အကျဉ်းချူပ် ဖြစ်နေ၍ အနည်းငယ် ဖြည့်စွက်​ ရေးသားထားပါသည်. .။ Credit #Dr,Myo 🔲🔲🔲🔲🔲🔲🔲🔲🔲🔲🔲🔲🔲 Credit to - Original Uploader. Credit -KoNyanHtun. 📝 ဓမ္မရေအိုးစင် - သုတ စာပေဒါန 📝 © April

via အလင်းရောင် ဓမ္မ https://ift.tt/30Nq454

အမြင်မတူရုံနဲ့ ရန်ဖြစ်ဖို့ရာ အကြောင်းမလုံလောက်ဘူး ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ★ အိုင်ဒီယာချင်းမတူဘူးဆိုရင် ဘယ်လိုလုပ်မှာတုန်း? အိုင်ဒီယာ မတူတာ ကုမ္ပဏီတိုင်းမှာ ရှိတယ်။ မိသားစုတိုင်းမှာ ရှိတယ်။ အစိုးရအဖွဲ့တိုင်းမှာ ရှိတယ်။ ပါတီတိုင်းမှာ ရှိတယ်။ ဘုန်းကြီးကျောင်းဆိုလည်း ဘုန်းကြီးကျောင်းတိုင်းမှာရှိတယ်။ ★ ဒီအကြောင်း ပြောတယ်ဆိုရင် ဘုန်းဘုန်း ဘာသတိရတုန်းဆိုရင် ကျေးဇူးတင်တဲ့အနေနဲ့ ဒီဟာလေးကို ပြန်ပြီးတော့ ပြောပါတယ်။ ★ ဦးဇင်းငယ်လေး ဘ၀နဲ့ သီရိလင်္ကာမှာ စာသင်တဲ့အချိန် အခုလက်ရှိ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဆရာတော်ကြီးက ဘုန်းဘုန်းတို့ကို အုပ်ချုပ်တဲ့ တိုက်အုပ်ဆရာတော်လိုမျိုးပေါ့ သီရိလင်္ကာနိုင်ငံ မြန်မာကျောင်းမှာ။ ဆရာတော်က အဲအချိန်မှာ master ပြီးပြီ၊ မဟာဝိဇ္ဇာပြီးပြီ၊ ဘုန်းဘုန်းတို့က မပြီးသေးဘူး။ ★ စာကြည့်ပုံကြည့်နည်းတွေ ဆရာတော်က ပြောပြတယ်။ ဆရာတော် essay တွေ ကြည့်ပြီးတော့ အတုခိုးရတယ်။ ဆရာတော်က ဘုန်းဘုန်းကိုတိတိကျကျပေးတဲ့ အကြံဉာဏ်တွေထဲမှာ မြောက်များစွာထဲမှာ တစ်ခုကတော့ ဘာတုန်းဆိုရင် ဘုန်းဘုန်းက အင်္ဂလိပ်စာ ပိုဖတ်တယ် နိုင်ငံခြားရောက်ပြီးတဲ့အခါ အင်္ဂလိပ်စာပိုဖတ်တယ်။ စိုးရိမ်တဲ့စိတ်ကြောင့်။ ★ နိုင်ငံခြားမှာ သာသနာပြုတာ မအောင်မြင်မှာစိုးလို့ ဗုဒ္ဓဘာသာအကြောင်းဖတ်တာတောင်မှာ အင်္ဂလိပ်လို အများကြီးဖတ်တယ်။ အဲဒါနဲ့ ဆရာတော်ကြီးက ၇-ရက်မှာ ၁-ရက် တခြားဘာမှ မဖတ်နဲ့တဲ့ ပါဠိပဲ ဖတ်ပါတဲ့။ ★ အဲဒီအကျင့် အခုထက်ထိ ရှိနေတုန်းပဲ။ အခုထက်ထိရှိတယ် နှစ်ပေါင်း ၂၈-နှစ် ရှိပြီ။ ပါဠိတော်တွေဖတ်တာ တခြားဟာလည်း မဖတ်ဘူး သတင်းစာလည်း မဖတ်ဘူး လုပ်စရာရှိတဲ့အလုပ်တွေ ခဏထားပြီး ဒီစာတွေဖတ်တယ်။ ★ အဲဒီစာတွေ ဖတ်ပြီးတော့ များများသိလာတဲ့အခါကျတော့ ဆရာတော်နဲ့ ဆွေးနွေးတဲ့အခါ ဆွမ်းစားရင်းနဲ့ပဲ ဆွေးနွေးတဲ့အခါ ဆရာတော်လည်း အလုပ်မပျက်ဘူး ဘုန်းဘုန်းလည်း အလုပ်မပျက်ဘူး။ ဆရာတော်က သူက Mobile library ဆိုတာ ရွေ့လျားတဲ့ စာကြည့်တိုက်လို ဖြစ်နေတာ။ ဘာပဲမေးမေး ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ပြောပြတယ် ချက်ချင်းပြောနိုင်တဲ့ ဆရာတော်မှာပါတယ်။ ★ အဲဒါနဲ့ ဘုန်းဘုန်းတို့ကလည်း တခါတခါ အပျင်းထူတာလည်း ပါတယ် အားကိုးတာလည်းပါတယ် စာတွေ တွေ့တိုင်း စာတွေလျှောက်တဲ့အခါကျတော့ ဆရာတော်အမိန့်ရှိတဲ့တစ်ခု အခုထက်ထိ ခေါင်းထဲမှာ သံနဲ့ရိုက်ထားသလို - ❝ဦးဓမ္မသာမိတဲ့ လူ့လောကကြီးထဲမှာ အမြင်မတူရုံနဲ့ ရန်ဖြစ်ဖို့ရာ အကြောင်းမလုံလောက်ဘူးတဲ့။❞ ★ အမြင်မတူရုံနဲ့ ရန်ဖြစ်တယ်ဆိုတာက သူက အမြင်မတူတိုင်း ရန်ဖြစ်တာမဟုတ်ဘူး။ မဇ္ဈိနိကာယ်ထဲမှာ ဘယ်သုတ္တန် သွားကြည့်ခိုင်းလဲဆိုတော့ “စာတုမသုတ္တန်” အဲဒါ ဘုန်းဘုန်းက ကောင်းကောင်းကြည့်တယ် အကြိမ်ကြိမ်ကြည့်တယ်။ အင်္ဂလန်ရောက်ပြီးတော့လည်း အဲဒါပဲကြည့်တယ်၊ ကြည့်ပြီးတော့ ပြန်စဉ်းစား။ ★ ဘာဖြစ်လို့တုန်းဆိုတော့ ဘုန်းဘုန်းက နိုင်ငံတကာ ဗုဒ္ဓဘာသာအဖွဲ့ ထေရ၀ါဒပါတယ်၊ မဟာယနပါတယ်၊ ၀ဇီရာယန နိုင်ငံတိုင်းပါတယ်။ ပါမောက္ခ (၂၀) ကိုဦးဆောင်ပြီးတော့ စုပေါင်းစာအုပ်တစ်အုပ်ရေးရတာ ၇-နှစ်ကြာသွားတယ်။ စာမျက်နှာ (၄၀၀) ပဲပါတယ်။ ★ မဟာယာနကလည်းပဲ ထေရ၀ါဒက သူတို့ကို သွားပြီးတော့ စိုးမိုး (dominate) လိမ့်မယ်ဆိုပြီး စိုးရိမ်ပြီးတော့လေ စိတ်ထဲမှာ ဘုန်းဘုန်းတို့ကို ယံကြည့်မှု (trust) မဖြစ်ဘူး။ ★ ဘုန်းဘုန်းတို့ကလည်း အဲလိုပဲ မယာယနက ဒီထဲမှာ ဘာတွေ လာထည့်မလဲ မသိဘူး ဆိုပြီး ဘုန်းဘုန်းတို့ကလည်း trust မဖြစ်ဘူး။ အဲဒါ ၉-လ လိပ်ခဲတင်းလင်း အဲဒီဟာကို သိပ္ပံပညာအနေနဲ့လည်း စိတ်ကိုနားလည်ချင်တဲ့အခါကျတော့ ဒါ အခုနောက်ဆုံးပေါ် ဟားဗဒ်တက္ကသိုလ် Harvard Business Review စာအုပ်။ ★ ဒီထဲမှာ သူက ဘာပြောတာတုန်းဆိုတော့ neuroscience of trust ယုံကြည်မှု မရှိဘူးဆိုရင် ဦးနှောက်က ဘယ် နယူရွန် (neurone) ကအလုပ်လုပ်ပြီး active ဖြစ်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက် trust ဖြစ်တယ် ယုံကြည်မှု ရှိတယ်ဆိုရင် ဘယ်လိုဖြစ်တယ်။ ★ ဥပမာ တိရစ္ဆာန်ထဲမှာ တိရစ္ဆာန်က သူကြည့်လိုက်တယ် သူတွေ့ရတဲ့အရာက အန္တရာယ်ရှိသလား။ ရှိတယ်ဆိုရင် အဲအချိန်မှာ ဘယ် neurone ကအလုပ်လုပ်တယ်။ ဘယ် ဟော်မုန်းကအလုပ်လုပ်တယ်။ အန္တရာယ်မရှိဘူး သူစိတ်ချရပြီ သူ trust ရှိပြီဆိုရင် အဲဒီအချိန်မှာ ဟော်မုန်းက ဘယ်ဟော်မုန်းက စအလုပ်လုပ်တုန်း သိပ္ပံပညာတွေ ဆယ်နှစ်ကျော်ကျော် သုတေသန လုပ်ထားတာကို ဒီ Harvard business review က ပြန်ပြီးတော့ ရီဗျူးလုပ်ထားတယ်။ ★ အဲထဲမှာ oxytocin ဆိုတဲ့ ဟော်မုန်းပေါ့နော် အရမ်း အရေးကြီးတယ် trust ရှိဖို့။ ဘုန်းဘုန်းတို့က ၉-လ အလုပ်လုပ်ရတယ် ဒီခေါင်းစည်းအောက်မှာ ထေရ၀ါဒ လည်းပဲ သူ့အခန်းကဏ္ဍနဲ့သူ ရှိပါတယ်၊ မဟာယာန သူ့အခန်းကဏ္ဍနဲ့ရှိပါတယ်၊ ကိုယ့်ဟာကိုယ် ဒီထဲမှာ ကိုယ့်ကျမ်းစာထဲက ယူပြီးတော့ ဘာသာပြန်ပြီး ရေးထည့်ရုံပါပဲ။ ★ ဒီစာအုပ်ကို ကုလသမဂ္ဂကို တင်ပြမှာပါ။ အကုန်လုံး ညီတူညီမျှ အခွင့်အလမ်း ရှိပါတယ်။ ဒီ message အဲဒီ ပါမောက္ခ ၂၀ ရဲ့ မသိစိတ်ထဲကို ရောက်သွားအောင် ၉-လ ကြာပါတယ်။ ဘုန်းဘုန်း တစ်ပါးတည်း လုပ်လို့ မရပါဘူး။ ဆရာတော်ကြီးတွေ တရားဆရာတော်ကြီးတွေလည်း အများကြီး ပါဝင်ပတ်သတ်တယ်။ ★ အဲတော့ ဆိုလိုတာက “စာတုမ” ဆိုတဲ့သုတ်ထဲမှာ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန် အဂ္ဂသာဝကြီးနှစ်ပါး အမြင်ချင်းမတူတာကို ပြောပြထားတာ။ ပါမောက္ခချုပ်ဆရာတော်က ဘုန်းဘုန်းကို ထောက်ပြတယ်။ အရှင်မောဂ္ဂလာန်က တွေးတာတစ်မျိုး interpretation က တစ်မျိုး၊ အရှင်သာရိပုတ္တရာကတစ်မျိုး။ ★ ပြဿနာကတော့ သူတို့တပည့်တွေက ဆူတာ။ ရဟန်းအသစ်တွေကဆူတာ ဆူတာကို မြတ်စွာဘုရားက အဲကိုယ်တော်တွေ ငါ မတွေ့ချင်ဘူး အာနန္ဒာရေ သူ့တို့ကို သွားပြီးတော့ အဝေးသွားခိုင်းလိုက်ကွာ နှင်ထုတ်လိုက်ဆိုတော့ အဲဒီ incident ခေါ်တာပေါ့ မထင်မှတ်ဘဲနဲ့ ဖြစ်ပေါ်လာတဲ့ incident ကို အဓိပ္ပါယ်ယူဆဲ့နေရာမှာ ရှင်သာရိပုတ္တရာ နဲ့ ရှင်မောဂ္ဂလာန် မထေရ်မြတ်နှစ်ပါး အမြင်ချင်း မတူဘူး။ ★ ရှင်သာရိပုတ္တရာက ဘယ်လိုတွေးတာတုန်းဆိုတော့ မြတ်စွာဘုရားက ကိုယ်တော်ငယ်လေးတွေကို နှင်ထုတ်တယ်။ ကြည့်ရတာ မြတ်စွာဘုရား ပင်စင်သွားချင်ပြီထင်တယ်၊ အနားယူချင်ပြီ ထင်တယ်။ ငါကလည်း အနားယူမှ ဖြစ်တော့မယ်။ အေးအေးဆေးဆေး နေမှ ဖြစ်တော့မယ်။ တခြားငယ်တဲ့ သာဝကတွေကို တာဝန်ပေးမှ ဖြစ်မယ်။ သူက အဲလိုတွေးတာ။ ★ အရှင်မောဂ္ဂလာန်ကို မြတ်စွာဘုရား မေးတဲ့အခါ အရှင်မောဂ္ဂလာန်က ကိုယ်တော်ကကော ဘယ်လိုတွေးတုန်း။ ရှင်သာရိပုတ္တရာက အနားယူရမယ်လို့တွေးတာ အဲဒါ အရှင်မောဂ္ဂလာန်က ‘တပည့်တော်ကတော့ ဒီလိုတွေးပါတယ် ဘုရား။ မြတ်စွာဘုရားက သက်တော်ကြီးပြီ ဒါကြောင့် မြတ်စွာဘုရားရဲ့တာဝန်ကို ရှင်သာရိပုတ္တရာနဲ့ ငါနဲ့ ပိုပြီးတော့ ယူရမယ်’ လို့ တပည့်တော် ဒီလိုတွေးပါတယ်။ ★ တစ်ပါးက နောက်ဆုတ်ဖို့ တစ်ပါးက ရှေ့တိုးဖို့ အကြံအဉာဏ်မတူပါဘူး။ အတွေးမတူဘူး။ မတူပေမဲ့ အဲဒီရဟန္တာအရှင်မြတ်ကြီး ၂-ပါးက သူတို့မှာ positive emotion ပဲရှိတယ်။ ကရုဏာပဲ ရှိတယ်။ ဒေါသမဖြစ်ဘူး၊ ဒေါသ မရှိဘူး negative emotion မရှိဘူး။ ★ အဲလို negative emotion မရှိတဲ့အခါကျတော့ သူတို့အမြင်မတူမှုက ပဋိပက္ခဆီကို ခေါ်မသွားဘူး ပဋိပက္ခ မဖြစ်စေဘူး။ ဒါကြောင့် ငြိမ်ချမ်းရေးအကြောင်း ပြောတဲ့နေရာမှာ ဘုန်းဘုန်းတို့က Anger management သိပ်အရေးကြီးပါတယ်။ ဘာပဲပြောပြော ကိုယ်ပြောတဲ့ဟာ ဒေါသနဲ့ မပြောမိစေဖို့ အဲဒါ သိပ် အရေးကြီးပါတယ်။ ★ မြတ်စွာဘုရား သူရဲ့တရားတော်ကို အကျဉ်းချုံးနဲ့ နေရာမှာ “ခန္တီပရမံ တပေါတိတိက္ခာ” တဲ့ ခန္တီတရားရှိရမယ်။ ခန္တီတရားဆိုလို့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးတွေက ခန္တီတရားကို အထင်လွဲတတ်တယ်။ #ခန္တီစ မနိုင်လို့သည်းခံရခြင်းသည်လည်းကောင်း တချို့ကိုရင်လေးတွေက အဲဒီလို ရွဲ့ပြီးတော့ အဓိပ္ပါယ်ဆိုသေးတယ်။ မနိုင်လို့ သည်းခံတာ။ ★ အမှန် မြတ်စွာဘုရားက အဲဒီလို မဟုတ်ဘူး။ ပြောရမယ့် နေရာမှာ ချက်ချင်းပြောနိုင်တယ်။ သူတပည့်တွေကိုလည်းပြောတယ်၊ ဒကာတွေကိုလည်း ပြောတယ်။ သူ့ကိုထောက်ခံတဲ့ ပစ္စည်းလေးပါးထောက်ပံ့တဲ့ ဘုရင်တွေ သူဌေးကိုလည်းပဲ ပြောတယ်။ ဘာသာခြားတွေကိုလည်းပဲ ပြောတယ်။ 💕 ဒါပေမဲ့ မြတ်စွာဘုရား ဘာနဲ့ပြောတုန်း ဒေါသနဲ့ မပြောဘူး။ ကရုဏာနဲ့ပြောတယ် မေတ္တာနဲ့ပြောတယ်။ ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ 🙏🙏🙏 “လူ့ဦးနှောက် လူ့စိတ် လူ့အသိုင်းအ၀ိုင်းထဲက သတိအခြေခံတဲ့ ငြိမ်းချမ်းရေး - Mindful Peace in the Brain, the Mind and the Society” တရားတော် (၅.၄.၂၀၁၉ ပြည်သူရင်ပြင်) မှ ရေးသားပူဇော်ပါသည်။ Photo credit #ChanMyaeAung

via အလင်းရောင် ဓမ္မ https://ift.tt/2Gnr7RL

ရက်​တိုတိုဖြင့်​မဂ်ဖိုလ်​နိဗ္ဗာန်​သို့ ◾◽◾◽◾◽◾◽◾ မာလုကျပုတ္တမ​ထေရ် အထူးထူး​သော ဝါဒ​ရေးများနှင့်​ရှုတ်​​ထွေး​နေပြီး၊ ထိုဝါဒ​ရေးရာများကို၊ မြတ်​စွာဘုရား ​ဟောကြား​လေမလားဟု သာသနာ​တော်​အတွင်း ဝင်​​ရောက်​လာ​သော မာလုကျပုတ္တသည်​၊ မဂ်​ဖိုလ်​မှအချည်းနှီးဖြစ်​​သော ထိုဝါဒများကိုဖယ်​၍မဂ်​ဖိုလ်​အကျိုးငှါ၊ အကျင့်​မြတ်​ကိုကျင့်​​ဆောင်​သင့်​​ကြောင်း မြတ်​ဗုဒ္ဓ၏လမ်းညွှန်​မှုဖြင့်​ တရားထူးရရန်​ ဝိပဿနာဓုရကိုကျင့်​သုံးရန်​ ဆုံးဖြတ်​လိုက်​လေ၏။ မာလုကျပုတ္တသည်​၊ တရားကျင့်​ပါ​တော့မည်​ဆိုမှမိမိသည်​အိုမင်းမစွမ်းဖြစ်​​နေသည်​ကို သတိပြုမိ​တော့သည်​။ စိတ်​သွားရာကိုယ်​မလိုက်​နိုင်​​တော့။ ဘာဘြဲဖစ်​ဖြစ်​မြတ်​စွာဘုရားထံမှ သင့်​​တော်​ရာ ကမ္မဌာန်းတစ်​ခုကို​တောင်းမည်​။ ထိုကမ္မဌာန်းတရားကိုကျင့်​မည်​ဟု မြတ်​စွာဘုရားထံချဉ်းကပ်​၍ ဤသို့​လျောက်​ထား​လေ၏။ "အရှင်​ဘုရား၊ တပည့်​​တော်​သည်​ ယခုအခါအိုမင်းမစွမ်းဖြစ်​​နေပါပြီ။ တပည့်​​တော်​အား နိဗ္ဗာန်​မဂ်​ဖိုလ်​သို့ ရက်​တိုတိုဖြင့်​​ရောက်​​အောင်​အားထုတ်​နိုင်​​သောကမ္မဌာန်းတရားကို ချီးမြှင့်​​တော်​မူပါအရှင်​ဘုရား" မြတ်​စွာဘုရားသည်​ မာလုကျပုတ္တ၏ ​လျောက်​ထားမှုကိုနားဆင်​ပြီး၊မာလုကျပုတ္တအားအရွယ်​ရှိစဉ်​က တရားမကျင့်​ဘဲဝါဒ​ရေးရာများဖြင့်​ အချိန်​လွန်​ခဲ့ခြင်းကို​ထောက်​ပြ​တော်​မူခဲ့၏။ "မာလုကျပုတ္တ၊ သင်​သည်​နိဗ္ဗာန်​မဂ်​ဖိုလ်​သို့ရက်​တိုတိုဖြင့်​ ရောက်​လို​သောကမ္မဌာန်းကို​တောင်း၏။ "မာလုကျပုတ္တ၊ ထိုသို့ဖြစ်​လျင်​ဤနည်းအတိုင်းကျင့်​ သုံး​လေ​လော့။" "သင်​သည်​၊ မြင်​လျင်​မြင်​ကာမတ္တဖြစ်​လတ္တံ.့၊ ကြားလျင်​ကြားကာမတ္တဖြစ်​လတ္တံ.့၊ နံလျင်​နံကာမတ္တဖြစ်​လတ္တံ.့၊ စားလျင်​စားကာမတ္တဖြစ်​လတ္တံ.့၊ ထိလျင်​ထိကာမတ္တဖြစ်​လတ္တံ.့၊ သိလျင်​သိကာမတ္တဖြစ်​လတ္တံ.့။ "မာလုကျပုတ္တ၊ သင်​သည်​ဤအတိုင်းသာပင်​ ကျင့်​သုံး​ပေ​တော့" ဟူ၍ကမ္မဌာန်းတရားကို​ ဟောကြားလိုက်​​လေသည်​။ ဤတွင်​မာလုကျပုတ္တသည်​၊ မြင်​လျင်​မြင်​ကာမျှသာဖြစ်​လတ္တံ.့ဟူရာ၌၊ တစ်​စုံတစ်​ခု​သောရူပါရုံကိုမြင်​​သောအခါ၊ မြင်​စိတ်​သည်​ ပကတိသ​ဘောအားဖြင့်​စင်​ကြယ်​​သော စိတ်​မ​နောသာဖြစ်​၏ မြင်​အပ်​​သောရူပါရုံကို​ ​လောဘဖြင့်​လည်းမတပ်​မက်​၊ ​ဒေါသဖြင့်​လည်းမပြစ်​မှား၊​ မောဟဖြင့်​လည်းတွေ​ဝေခြင်းမရှိ​ပေ။ ဤသို့အားဖြင့့််​မြင်​စိတ်​မှာကိ​လေသာမရှိ။ ပကတိစင်​ကြယ်​​နေသည်​။ ထို့အတူ၊ သူ့​နောက်​မှာဖြစ်​​ပေါ်လာ​သော ဝီထိစိတ်​များကိုလည်းဤသို့ထားရမည်​။ ကိ​လေသာမယှဉ်​စင်​ကြယ်​​သော၊ ဝိပဿနာ​ဇောစိတ်​များသာဖြစ်​​နေပါ​စေဟု၊ ဆိုလို​ကြောင်းကိုနားနှင့်​တရားကိုနာ၍ ဉာဏ်​ဖြင့်​ထိုးထွင်းသိ​လေ၏။ ​ဒေသနာ​တော်​သည်​ အတိုချုံး​ဟောထားသည်​ဆို​သော်​လည်း အနိစ္စ၊ဒုက္ခ၊အနတ္တ၊အသုဘလက္ခဏာ များအကျုံးဝင်​​နေ၏။ မြင်​​သောအခါမြင်​ကာမျှဖြစ်​၍​ ရောက်​တတ်​ရာရာမ​တွေး​တော​တော့ဘဲအမြင်​ဖြင့်​သာရပ်​လိုက်​သဖြင့်​၊ တင့်​တယ်​ဖွယ်​ရာ၊လိုချင်​စရာဟူ​သော သုဘနိမိတ်​​ပေါ်မလာ​တော့​ချေ။ ထိုအယူအစွဲမ​ပေါ်လာ​တော့သဖြင့်​ အသုဘဘာဝနာကို ဝိပဿနာဖြင့်​အတူ အလိုလိုပွားပြီးသားဖြစ်​၏။ ထို့အတူပင်​ သုခ၊နိစ္စ၊အတ္တအယူအစွဲတို့သည်​လည်း ကပ်​​ရောက်​ခွင့်​မရ​တော့​ချေ။ ဤသို့အားဖြင့့််​ဒုက္ခ၊အနိစ္စ၊ဘာဝနာတို့လည်း ပွားပြီးဖြစ်​​လေ၏။ ထိုမြင်​အပ်​​သောရူပါရုံ သန့်​သန့်​သည်​လည်း​ကောင်း၊ မြင်​တတ်​​သော စိတ်​သန့်​သန့်​သည်​လည်း​ကောင်း၊ ပြု.သူမရှိ၊ခိုင်းသူမပါ သူ့သ​ဘောအ​လျောက်​ဖြစ်​​ပေါ်​နေ​သော တရားသ​ဘောမျှပါတကားဟူ၍၊အနတ္တဘာဝနာသည်​လည်း ပွားပြီးဖြစ်​​လေသည်​။ မြတ်​စွာဘုရား​ဟောကြား​တော်​မူ​သော ဤကမ္မဌာန်းကိုပွားများရင်း မာလုကျပုတ္တသည်​ မြင်​ကြားနံစားထိသိစ​သော အာရုံများနှင့်​တိုက်​တိုင်း,တိုက်​တိုင်း ပကတိကိ​လေသာကင်းစင်​​သော စိတ်​သာဖြစ်​ပြီး၊ သူငါမ​နှော​သောရုပ်​နာမ်​သ​ဘောတို့၏ ဖြစ်​ခြင်း​ပျက်​ခြင်းအဆုံးတွင်​ ခန္ဓာတို့ချုပ်​ငြိမ်းရာ အမှန်​ဖြစ်​​သောနိဗ္ဗာန်​မဂ်​ဖိုလ်​ကို ရက်​တိုတိုဖြင့်​မျက်​​မှောက်​ပြု​လေ​တော့၏။ သာဓု၊သာဓု၊သာဓု။ စူဠမာလုကျပုတ္တသုတ်​၊ မဇ္ဈိမပဏ္ဏာသ၊မြန်​မာပြန်​။ ​လေးစားစွာဖြင့်​ LugyiMinရေးသားပူဇော်သည်။ #PhyoeMayOo

via အလင်းရောင် ဓမ္မ https://ift.tt/2y1nPz2