Sunday, July 21, 2019

ရက်​တိုတိုဖြင့်​မဂ်ဖိုလ်​နိဗ္ဗာန်​သို့ ◾◽◾◽◾◽◾◽◾ မာလုကျပုတ္တမ​ထေရ် အထူးထူး​သော ဝါဒ​ရေးများနှင့်​ရှုတ်​​ထွေး​နေပြီး၊ ထိုဝါဒ​ရေးရာများကို၊ မြတ်​စွာဘုရား ​ဟောကြား​လေမလားဟု သာသနာ​တော်​အတွင်း ဝင်​​ရောက်​လာ​သော မာလုကျပုတ္တသည်​၊ မဂ်​ဖိုလ်​မှအချည်းနှီးဖြစ်​​သော ထိုဝါဒများကိုဖယ်​၍မဂ်​ဖိုလ်​အကျိုးငှါ၊ အကျင့်​မြတ်​ကိုကျင့်​​ဆောင်​သင့်​​ကြောင်း မြတ်​ဗုဒ္ဓ၏လမ်းညွှန်​မှုဖြင့်​ တရားထူးရရန်​ ဝိပဿနာဓုရကိုကျင့်​သုံးရန်​ ဆုံးဖြတ်​လိုက်​လေ၏။ မာလုကျပုတ္တသည်​၊ တရားကျင့်​ပါ​တော့မည်​ဆိုမှမိမိသည်​အိုမင်းမစွမ်းဖြစ်​​နေသည်​ကို သတိပြုမိ​တော့သည်​။ စိတ်​သွားရာကိုယ်​မလိုက်​နိုင်​​တော့။ ဘာဘြဲဖစ်​ဖြစ်​မြတ်​စွာဘုရားထံမှ သင့်​​တော်​ရာ ကမ္မဌာန်းတစ်​ခုကို​တောင်းမည်​။ ထိုကမ္မဌာန်းတရားကိုကျင့်​မည်​ဟု မြတ်​စွာဘုရားထံချဉ်းကပ်​၍ ဤသို့​လျောက်​ထား​လေ၏။ "အရှင်​ဘုရား၊ တပည့်​​တော်​သည်​ ယခုအခါအိုမင်းမစွမ်းဖြစ်​​နေပါပြီ။ တပည့်​​တော်​အား နိဗ္ဗာန်​မဂ်​ဖိုလ်​သို့ ရက်​တိုတိုဖြင့်​​ရောက်​​အောင်​အားထုတ်​နိုင်​​သောကမ္မဌာန်းတရားကို ချီးမြှင့်​​တော်​မူပါအရှင်​ဘုရား" မြတ်​စွာဘုရားသည်​ မာလုကျပုတ္တ၏ ​လျောက်​ထားမှုကိုနားဆင်​ပြီး၊မာလုကျပုတ္တအားအရွယ်​ရှိစဉ်​က တရားမကျင့်​ဘဲဝါဒ​ရေးရာများဖြင့်​ အချိန်​လွန်​ခဲ့ခြင်းကို​ထောက်​ပြ​တော်​မူခဲ့၏။ "မာလုကျပုတ္တ၊ သင်​သည်​နိဗ္ဗာန်​မဂ်​ဖိုလ်​သို့ရက်​တိုတိုဖြင့်​ ရောက်​လို​သောကမ္မဌာန်းကို​တောင်း၏။ "မာလုကျပုတ္တ၊ ထိုသို့ဖြစ်​လျင်​ဤနည်းအတိုင်းကျင့်​ သုံး​လေ​လော့။" "သင်​သည်​၊ မြင်​လျင်​မြင်​ကာမတ္တဖြစ်​လတ္တံ.့၊ ကြားလျင်​ကြားကာမတ္တဖြစ်​လတ္တံ.့၊ နံလျင်​နံကာမတ္တဖြစ်​လတ္တံ.့၊ စားလျင်​စားကာမတ္တဖြစ်​လတ္တံ.့၊ ထိလျင်​ထိကာမတ္တဖြစ်​လတ္တံ.့၊ သိလျင်​သိကာမတ္တဖြစ်​လတ္တံ.့။ "မာလုကျပုတ္တ၊ သင်​သည်​ဤအတိုင်းသာပင်​ ကျင့်​သုံး​ပေ​တော့" ဟူ၍ကမ္မဌာန်းတရားကို​ ဟောကြားလိုက်​​လေသည်​။ ဤတွင်​မာလုကျပုတ္တသည်​၊ မြင်​လျင်​မြင်​ကာမျှသာဖြစ်​လတ္တံ.့ဟူရာ၌၊ တစ်​စုံတစ်​ခု​သောရူပါရုံကိုမြင်​​သောအခါ၊ မြင်​စိတ်​သည်​ ပကတိသ​ဘောအားဖြင့်​စင်​ကြယ်​​သော စိတ်​မ​နောသာဖြစ်​၏ မြင်​အပ်​​သောရူပါရုံကို​ ​လောဘဖြင့်​လည်းမတပ်​မက်​၊ ​ဒေါသဖြင့်​လည်းမပြစ်​မှား၊​ မောဟဖြင့်​လည်းတွေ​ဝေခြင်းမရှိ​ပေ။ ဤသို့အားဖြင့့််​မြင်​စိတ်​မှာကိ​လေသာမရှိ။ ပကတိစင်​ကြယ်​​နေသည်​။ ထို့အတူ၊ သူ့​နောက်​မှာဖြစ်​​ပေါ်လာ​သော ဝီထိစိတ်​များကိုလည်းဤသို့ထားရမည်​။ ကိ​လေသာမယှဉ်​စင်​ကြယ်​​သော၊ ဝိပဿနာ​ဇောစိတ်​များသာဖြစ်​​နေပါ​စေဟု၊ ဆိုလို​ကြောင်းကိုနားနှင့်​တရားကိုနာ၍ ဉာဏ်​ဖြင့်​ထိုးထွင်းသိ​လေ၏။ ​ဒေသနာ​တော်​သည်​ အတိုချုံး​ဟောထားသည်​ဆို​သော်​လည်း အနိစ္စ၊ဒုက္ခ၊အနတ္တ၊အသုဘလက္ခဏာ များအကျုံးဝင်​​နေ၏။ မြင်​​သောအခါမြင်​ကာမျှဖြစ်​၍​ ရောက်​တတ်​ရာရာမ​တွေး​တော​တော့ဘဲအမြင်​ဖြင့်​သာရပ်​လိုက်​သဖြင့်​၊ တင့်​တယ်​ဖွယ်​ရာ၊လိုချင်​စရာဟူ​သော သုဘနိမိတ်​​ပေါ်မလာ​တော့​ချေ။ ထိုအယူအစွဲမ​ပေါ်လာ​တော့သဖြင့်​ အသုဘဘာဝနာကို ဝိပဿနာဖြင့်​အတူ အလိုလိုပွားပြီးသားဖြစ်​၏။ ထို့အတူပင်​ သုခ၊နိစ္စ၊အတ္တအယူအစွဲတို့သည်​လည်း ကပ်​​ရောက်​ခွင့်​မရ​တော့​ချေ။ ဤသို့အားဖြင့့််​ဒုက္ခ၊အနိစ္စ၊ဘာဝနာတို့လည်း ပွားပြီးဖြစ်​​လေ၏။ ထိုမြင်​အပ်​​သောရူပါရုံ သန့်​သန့်​သည်​လည်း​ကောင်း၊ မြင်​တတ်​​သော စိတ်​သန့်​သန့်​သည်​လည်း​ကောင်း၊ ပြု.သူမရှိ၊ခိုင်းသူမပါ သူ့သ​ဘောအ​လျောက်​ဖြစ်​​ပေါ်​နေ​သော တရားသ​ဘောမျှပါတကားဟူ၍၊အနတ္တဘာဝနာသည်​လည်း ပွားပြီးဖြစ်​​လေသည်​။ မြတ်​စွာဘုရား​ဟောကြား​တော်​မူ​သော ဤကမ္မဌာန်းကိုပွားများရင်း မာလုကျပုတ္တသည်​ မြင်​ကြားနံစားထိသိစ​သော အာရုံများနှင့်​တိုက်​တိုင်း,တိုက်​တိုင်း ပကတိကိ​လေသာကင်းစင်​​သော စိတ်​သာဖြစ်​ပြီး၊ သူငါမ​နှော​သောရုပ်​နာမ်​သ​ဘောတို့၏ ဖြစ်​ခြင်း​ပျက်​ခြင်းအဆုံးတွင်​ ခန္ဓာတို့ချုပ်​ငြိမ်းရာ အမှန်​ဖြစ်​​သောနိဗ္ဗာန်​မဂ်​ဖိုလ်​ကို ရက်​တိုတိုဖြင့်​မျက်​​မှောက်​ပြု​လေ​တော့၏။ သာဓု၊သာဓု၊သာဓု။ စူဠမာလုကျပုတ္တသုတ်​၊ မဇ္ဈိမပဏ္ဏာသ၊မြန်​မာပြန်​။ ​လေးစားစွာဖြင့်​ LugyiMinရေးသားပူဇော်သည်။ #PhyoeMayOo


via အလင်းရောင် ဓမ္မ https://ift.tt/2y1nPz2