အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, July 21, 2019
''' ခုဇ္ဇုတ္တရာနှင့်သာမာဝတီ ''' 💮💮💮💮💮💮💮💮 🔲 ခုဇ္ဇုတ္တရာ သည် ဃောသက သူဋ္ဌေး၏ အထိန်းတော်ကြီး သမီးဖြစ်၏. ။ကိုယ်ခန္ဓာ ကုန်းကုန်းကလေးရှိ၍ ခုဇ္ဇုတ္တရာ သူငယ်မ ဟု အမည်တွင်၏. .။ 🔲(အတိတ် ဘဝ ၌ ပစ္စေကဗုဒ္ဓါမထေရ်မြတ် တစ်ပါးကို သူကလမ်းသွားရင် ကုန်းကုန်းကလေး သွားတယ် ဟု ကုန်းကွကွ အမူရာလေးပြု့ကာ ပြက်ရယ် ပြုမိခဲ့သောကံကြောင့် ယခု ခုဇ္ဇုတ္တရာ ဘဝ၌ ကုန်းကူန်းကလေး လာဖြစ်ရ၏ ) 🔲သာမာဝတီ သည် ဘဒ္ဒိယမြို့ ဘဒ္ဒဝတိယသေဋ္ဌေးကြီး၏ သမီးဖြစ်၏. .။ 🔲ခုဇ္ဇုတ္တရာ နှင့် သာမာဝတီ တို့၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ ဤကဲ့သို့ ဖြစ်၏- 🔲သာမာဝတီ ကို ဃောသက သူဋ္ဌေးကြီးက သမီးအဖြစ် မွေးစား၏.။ ဥဒေန မင်းကြီးကလည်း မိဖုရား မြှောက်ခဲ့၏.။ 🔲ခုဇ္ဇုတ္တရာ ကျွန်မလေးသည် သာမာဝတီ မိဖုရားအား နေ့စဉ် ပန်းဆက်သရသော တာဝန်ကို ယူထား၏. .။ နေ့တိုင်း နေ့တိုင်း မိဖုရားမှ ပေးလိုက်သော ပန်းဖိုးအား အကုန်မဝယ်ဘဲ နုတ်၍ ယူကာထားလေ၏. .။ 🔲 တစ်နေ့သ၌ မြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံလျှက် ပန်းသည်ကြီးအိမ်တွင် ထိုင်နေတော်မူ၏.။သာမာဝတီမိဖုရား၏ အလုပ်ကျွေးဖြစ်သော ခုဇ္ဇုတ္တရာသည် ထိုအိမ်သို့ ပန်းလာဝယ်၏.။ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းကပ်ရာဝယ် ဝေယျာဝေစ္စကုသိုလ် ကူညီကာ လုပ်ပေး၏. .။ 🔲ဗုဒ္ဓဘုရားရှင် ဟောကြားသောတရားတော်ကို အလုံးစုံ နုတ်ငုံရအောင် သင်ယူ၏.။အနုမောဒနာတရားအဆုံး၌ သောတာပတ္တိဖိုလ်တည်၍ သောတာပန် အရိယာဥပါသိကာ ဖြစ်လေသည်. .။ ဤအချိန်မှ စ၍ ပန်းဖိုးများ နုတ်၍ မယူတော့ . .။ နန်းတော်ပြန်ရောက် ပန်းများ ဆက်သသည့်အခါ အရင်နေ့တွေကနှင့်မတူ ပိုများလာသော ပန်းတို့ကို ကြည့်၍ မိဖုရားကြီးသည် မေးမြန်းရာ ဖြစ်ကြောင်းကုန်စဉ် ရှင်းပြလိုက်၏. .။ 🔲မိဘုရားကြီးလည်း ခုဇ္ဇုတ္တရာအား ဘုရားရှင်ဟောကြားလိုက်သော တရားတော်ကို တစ်ဖန်ပြန်၍ ဟောကြားစေ၏. .။ခုဇ္ဇုတ္တရာ သည်လည်း မိမိနာကြားခဲ့ရသော တရားများအား သာမာဝတီမိဖုရား အမှုးပြုသော မောင်းမငါးရာအား ဟောကြားရာ ဒေသနာအဆုံး၌ မိဖုရားကြီးနှင့်တကွ မောင်းမငါးရာ သောတာပန် အရိယာများဖြစ်သွားကြ၏. .။ 🔲ခုဇ္ဇုတ္တရာသည် ထိုနေ့မှ စ၍ နေ့စဉ် မြတ်ဗုဒ္ဓထံမှ တရားဓမ္မကို နာယူပြီးလျှင် သာမာဝတီအမှူးရှိသော မောင်းမငါးရာအား ရွှေနန်းတော်မှာပင် တစ်ဖန်ပြန်၍ ဟောကြားလေသည်. .။ 🔲သာမာဝတီအမှူးရှိသော မောင်းမငါးရာတို့သည် #မာဂဏ္ဍီ မိဖုရား၏ ရန်တိုတ်မှု့ကို သုံးကြိမ်မြှေက်ခံရသော်လည်း . . 🔲 သူတစ်ဖက်သား မျက်မာန်ပွါးသော်တရားမကွာ ထိန်းစောင့်ကာဖြင့် မေတ္တာနှလုံး ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာ ရှိချိမ့်နည်း. .။(ဓမ္မုပဒေသသ) ဆိုသည်နှင့်အညီ မေတ္တာနှလုံး ကျင့်သုံးခြင်းဖြင့် အနိုင်ရခဲ့လေသည်.။သို့သော် ရှေးအကုသိုလ်ကံကြောင့် နောက်ဆုံးအကြိမ်တွင် မီးလောင်တိုတ်သွင်း၍ သတ်ခြင်း ခံရရှာ၏.။ (အတိတ်ဘဝ၌ သာမာဝတီနှင့် မောင်းမငါးရာတို့သည် ဖလသမာပတ်ဝင်စားနေသော ရဟန္တာမထေရ်အား မီးရှို့ခဲ့သော အကူသိုလ်ကံကြောင့် ယခုကဲ့သို့ ခံရလေသည်) 🔲မြတ်ဗုဒ္ဓသည် အကြားအမြင် ဗဟုသုတများကြသည့် ငါဘုရား၏ တပည့်မသာဝိကာ ဥပါသိကာမတို့တွင် #ခုဇ္ဇုတ္တရာ ဥပါသိကာမသည် အသာဆုံး အမြတ်ဆုံးဟူ ဧဒတဂ် ဘွဲ့ထူးကို ချီးမြှင့်တော် မူပါသည်. .။ သာမာဝတီမိဖုရားကိုမူကား မေတ္တာဈာန်ဖြင့် နေလေ့ရှိကြသည့် ငါဘုရား၏ တပည့်မ သာဝိကာ ဥပါသိကာမတို့တွင် #သာမာဝတီ သည် အသာဆုံး အမြတ်ဆုံးဟု ဧတဒဂ် ဘွဲ့ထူးကို ချီးမြှင့်တော် မူပါသည်. .။ #ဗုဒ္ဓဘာသာလက်စွဲကျမ်း စာအုပ်မှ ကူးယူပူဇော်ပါသည်. .။ အကျဉ်းချူပ် ဖြစ်နေ၍ အနည်းငယ် ဖြည့်စွက် ရေးသားထားပါသည်. .။ Credit #Dr,Myo 🔲🔲🔲🔲🔲🔲🔲🔲🔲🔲🔲🔲🔲 Credit to - Original Uploader. Credit -KoNyanHtun. 📝 ဓမ္မရေအိုးစင် - သုတ စာပေဒါန 📝 © April
via အလင်းရောင် ဓမ္မ https://ift.tt/30Nq454
Newer Post
Older Post
Home