အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, July 21, 2019
. မှန်တာပြောလို့ ရိုက်တာ 🙏🙏🙏🙏🙏🙏 တစ်ခါက ပထမ လယ်တီဆရာတော် ဘုရားကြီးကျောင်းတိုက်မှ ကျောင်းသား နှစ်ယောက်သည် သာသနာ ငါးထောင်နှင့် လေးထောင် ငြင်းခုံကြရာမှ ခိုက်ရန် ဖြစ်ကြသည်။ နောက်ဆုံး ဆရာတော်ဆီရောက်ကြသည်။ ဆရာတော်က့  "မင်းတို့ ဘာတွေ ငြင်းခုံနေကြတာတုန်း" "ဘုရားထားခဲ့တဲ့ သာသနာ ငါးထောင်နဲ့ လေးထောင် ငြင်းနေကြတာပါဘုရား" "ဘယ်သူက ငါးထောင် - ဘယ်သူက လေးထောင်တုန်း" "တပည့်တော်က ငါးထောင်။ သူက လေးထောင်ပါဘုရား" "အေ့း့  အဲဒါဆိုရင် သာသနာငါးထောင်သမားနေခဲ့။ လေးထောင်သမား သွားတော့" ထို့နောက် သာသနာငါးထောင်ဘက်က နေသော ကျောင်းသားကို မှောက်ခိုင်းပြီး ကြိမ်နှစ်ချက်ရိုက်၍ ဆုံးမလေသည်။ ရိုက်ပြီးသောအခါ ကျောင်းသားက- "ဆရာတော့့်  တပည့်တော် သာသနာငါးထောင် လို့ ပြောတာ မှားသလားဘုရား" "မမှားဘူး။ မင်း မှန်တယ်" "မှန်ရင် တပည့်တော်ကို ဘာလို့ ရိုက်တာတုန်းဘုရား" "အေ့း့  သာသနာငါးထောင်ဆိုတာ အသိဉာဏ်ရှိတဲ့ ဗုဒ္ဓဘာသာတိုင်း သိတယ်။ အဲဒီတော့ သာသနာငါးထောင် မသိတဲ့ နလပိန်းတုန်းတစ်ယောက်နဲ့ ပြိုင်ပြီး ငြင်းခုံနေလို့ ရိုက်တာ" ဟူ၏။ #ပထမလယ်တီဆရာတော်ကြီး ပါရမီနဂိုရ် မရှိလိုကကုသိုလ်ဒုစရိုက် မဟောထိုက်သည့်လူမိုက်တိရိစ္ဆာန် နိဗ္ဗာစကား အလွန်ခါး၏။ နားပါးမဝင် မကြားချင်ဘူး သိမြင်မဲ့စွာ သူယုတ်မာအား ခြင်းရာကောင်းဆိုး ကြောင်းကျိုးတရား မဟောကြားရာ ဟောမိပါက အပြစ်ရ၏။ Credit လူမိုက်ဆိုတာ...ဘယ်လိုနားဝင်အောင် ပြောပြော... နားမဝင်တတ်တာ...ကိုယ်တွေ့ပါဘုရား... တပည့်တော်ကိုသာ..နာနာရိုက်ပါ... crd
via အလင်းရောင် ဓမ္မ https://ift.tt/2JGN8Np
Newer Post
Older Post
Home