Sunday, July 21, 2019

လူသားတွေ အများဆုံး ပြောနေတဲ့ ငါ'' ~~~~~~~~~~~~~~~~~ ခန္ဓာကိုယ် တစ်ခုရဲ့ အစိတ်အပိုင်းကို ပိုင်းခြားပြီး ကြည့်ကြမယ် ငါဆိုတဲ့ဟာကြီးကို ရှာကြည့်မယ် ရှာကြည့် တော့ ဘယ်နားမှာလဲ ငါဆိုတာ ရှာလို့ တွေ့သေးလား ငါဆိုတဲ့ တယူတန် အစွဲတွေကို ခဏဘေးဖယ်ထားပြီး ဒီခန္ဓာကြီးကို ဓမ္မ တစ်ပုဒ်လိုကြည့်တတ်မယ်ဆိုရင် အပုပ်ကောင်က ရုပ်ဆောင်ထားတဲ့ ဖြစ်ပျက်ကြီးပါပဲလို့ သိထားရမယ် ဒါကြောင့် ငါ' ငါ့မယား' ငါ့လင်' ငါ့သား' ငါ့ပစ္စည်း' ငါ့ဥစ္စာ' ဆိုတဲ့ အစွဲတွေကို ဒိဋ္ဌိ မဖြုတ်နိုင်ကြပေမဲ့ ဒီခန္ဓာကြီးဟာ တစ်နေ့နေ့ မှာ ပျက်စီးရမှာပါလားဆိုတာ ဓမ္မတစ်ပုဒ်လို ကြည့်ပြီး အသိတရားတွေနဲ့ သတိထားနိုင်ကြပါစေ ဓမ္မမိတ်ဆွေတို့ရေ……// *နွေ*


via အလင်းရောင် ဓမ္မ https://ift.tt/30HWb6r