အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, October 1, 2019
“မအားတဲ့ကြားထဲကနေ ကုသိုလ်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဟာ လူထူးလူချွန်ပဲ” 🙏🏻🌷🙏🏻🌷🙏🏻(ပါချုပ်ဆရာတော်ကြီး) လောကလူတွေဟာ အလုပ်ကိစ္စတွေနဲ့မအားဘူးဆိုပြီး ဒါနကောင်းမှုလုပ်ဖို့ မေ့ကြတယ်.. မအားတဲ့ကြားထဲက ဒါနကောင်းမှုဆိုတာ ကိုယ့်အိမ်မှာ နေ့စဉ်ချက်တဲ့ထမင်းဟင်းထဲက ဆွမ်းလေးတစ်ဇွန်း သံဃာတွေကိုလောင်းလှူ လည်း ဒါနကောင်းမှုဖြစ်တယ်.. ဆွမ်းကြီးကျွေးမှမဟုတ်ဘူး.. မြတ်စွာဘုရားကို ဆွမ်းတော်တင်ရင်လည်း ဒါနကောင်းမှုဖြစ်တယ်.. နောက်ဆုံး သီးသန့်မတင်ရင်တောင်မှပဲ ကိုယ်စားမယ့်ထမင်းပွဲကို ကိုယ်မစားခင်လေးမှာ “ဘုရားရှင်အားကပ်လှူပါ၏”ဆိုပြီး ခေတ္တခဏဆိုင်းပြီးတော့ ဘုရားကိုပူဇော်ထားတယ်.. ပြီးပြီဆိုမှ ကိုယ် စားပေါ့.. အဲ့ဒီလို မအားတဲ့ကြားထဲကနေပြီးတော့ ကောင်းမှုကုသိုလ်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ဟာ လူထူးလူချွန်ပဲ..နော်.. 🌷ပါချုပ်ဆရာတော်ကြီး🌷 စေတနာမေတ္တာအရင်းခံဖြင့်မျှဝေပူဇော်ပါသည်💜 🙏🏻ohmarshin🙏🏻
via အလင်းရောင် ဓမ္မ https://ift.tt/2mrX9oV
Newer Post
Older Post
Home