အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, September 30, 2019
. ❄ နေ့ချင်းပြန်မို့ပါ❄ . 💫💫💫💫💫 " ဟင်... ဘုရားကလည်း မြန်လိုက်တာ 🔜ဒီနေ့ပဲ ပဋိသန္ဓေနေတယ်။ 🔜ဒီနေ့ပဲ ဖွားမြင်တယ်။ 🔜ဒီနေ့ပဲ တောထွက်တယ်။ 🔜ဒီနေ့ပဲ ဘုရားဖြစ်တယ်။ 🔜ဒီနေ့ပဲ တရားဦးဟောတယ်။ 🔜ဒီနေ့ပဲ ရေမီးအစုံအစုံ တန်ခိုးပြတယ်။ 🔜ဒီနေ့ပဲ နတ်ပြည်တက် တရားဟောတယ်။ 🔜ဒီနေ့ပဲ ပြန်ဆင်းလာတယ်။ 🔜ဒီနေ့ပဲ အာယုသင်္ခါရလွှတ်တယ်။ 🔜ဒီနေ့ပဲ ပရိနိဗ္ဗာန်ပြုတယ်။ 🔛ဆိုတော့ မြန်လှချည်လား မနက်ဖြန် ယာဂုဘုဉ်းပေးချိန် အထိတော့ နေဖို့ ကောင်း ပါ တယ်" တဲ့... 🔯ဒီစကားတွေကို ပြောတာက အလွန်မှ သက်တမ်းရှည်လှသော ဝရုဏ နှင့် ဝရဏ ဆိုတဲ့ နတ်သားနှစ်ယောက်က ပြောတာပါ။ 🔯နတ်ကြီးနှစ်ယောက်က ဘုရားအလောင်း ပဋိသန္ဓေ ယူတော်မူမည်ဆိုကတည်းက ဗုဒ္ဓ ဂုဏ်ကို ပူဇော်ဖို့ အတွက် ပန်းကုံးနေကြတာ ဘုရားသာ ပရိနိဗ္ဗာန် ပြုသွားတယ် ပန်းကုံးလို့ မပြီးသေးဘူး တဲ့။ 🔜ဒါလည်း သဘာဝကျပါတယ် တာဝတိံသာနတ်သက် နဲ့တွက်ရင် တစ်ရက်တောင်မပြည့်တဲ့ မြတ်ဘုရားရဲ့ သက်တော် ရှစ်ဆယ်ဟာ နတ်တွေအနေနဲ့တော့ #နေ့ခြင်းပြန်ပဲဆိုရမှာပါပဲ။ 🔜အခု လူ့ဘဝရောက်နေတာ နေ့ချင်းပြန်ပါ . ဒါကြောင့် 🔯ခဏတာ ရောက်လာသော အခိုက်မှာ မလို ဒေါသ ၊ လို လောဘတွေနဲ့ အချိန်ကုန် မနေဖို့၊ မပြန်ခင်လေးမှာ သာသနာသက်ကလေးနဲ့ ကြုံတွေ့ရခိုက်မှာ တရားအလုပ်ကို ကြိုးစားလုပ်ဖို့ အတွက် သတိပေးတရား မျှဝေပေးချင်းသာဖြစ်ပါတယ်။ သစ္စာနီပြန်လည်မျှဝေပါသည် Credit အရှင်တေဇိန္ဒ (ဗုဒ္ဓ၏ သားတော်)
via အလင်းရောင် ဓမ္မ https://ift.tt/2nKgaTM
Newer Post
Older Post
Home