Monday, September 30, 2019

❖ ရိုးသားသောသူကို ငါ ချစ်ခင်လှ၏ ။ ငါ ချစ်သော ငါ ဖြစ်ရပါစေ ။ ❖ မရိုးသားသော သူကို ငါ ရွံမုန်းလှ၏ ။ ငါ မုန်းသော ငါ မဖြစ်ရပါစေနှင့် ။ ❖ လောဘကြီးသူကို ငါ သည် စက်ဆုတ်လှ၏ ။ ထို့အတူ .. ငါ လောဘ ကြီးခဲ့လျှင်လည်း သူ တစ်ပါးတို့က စက်ဆုတ်ကြပေလိမ့်မည် ။ ထို့ကြောင့် .. ငါ သည် .... လောဘ မကြီးအောင် ကြိုးစားသင့်သည် ။ ❖ အလိုနည်းသော သူကို ငါ သည် မြတ်နိုးလှ၏ ။ ထို့အတူ .. ငါ အလို နည်းခဲ့လျှင်လည်း သူတစ်ပါး တို့က မြတ်နိုးကြလိမ့်မည် ။ ထို့ကြောင့် ... ငါ သည် အလိုနည်းဖို့ ကြိုးစားသင့်သည် ။ ( ဒေါသ မာန အတ္တ မနာလို ဝန်တိုမှု စသော စကားလုံးတို့ကို .. လောဘ၏ နေရာ၌ နှလုံးသွင်းတတ်ပါစေ ) ( မေတ္တာကြီးသော နားလည်သော ခွင့်လွှတ်တတ်သော သည်းခံသော နူးညံ့သော စွန်လွှတ်နိုင်သော ပညာဉာဏ်ကြီးသော ရိုးသားဖြောင့်မတ်သော စသော စကားလုံးတို့ကို အလိုနည်းသော နေရာ၌ နှလုံးသွင်းတတ်ပါစေ ) ❖ ဘာကိုမှ မလိုချင်လျှင် ... ဘာကိုမှ ကြောက်စရာမရှိ ရဲရင့်မှု ဟာ မလိုချင်ခြင်းမှာ ရှိတယ် ။ ညစ်နွမ်းစရာ မရှိ .. စင်ကြယ်ခြင်း ဟာ မလိုချင်ခြင်းမှာ ရှိတယ် ။ ဆင်းရဲစရာ မရှိ .. ချမ်းသာခြင်း ဟာ မလိုချင်ခြင်းမှာ ရှိတယ် ။ ပူပင်စရာ မရှိ .. အေးချမ်းခြင်း ဟာ မလိုချင်ခြင်းမှာ ရှိတယ် ။ ပင်ပန်းစရာ မရှိ ... သက်သာခြင်း ဟာ မလိုချင်ခြင်းမှာ ရှိတယ် ။ ✿ (သစ္စာရွှေစည် ဆရာတော်) ✿ Credit - K .T . Rakhine State. ★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊_/\\_ ★ ❖ ဓမ္မဒါနကုသိုလ်အဖြစ် မျှဝေပူဇော်ပါသည်။ Win Soe acc မှ


via အလင်းရောင် ဓမ္မ https://ift.tt/2oltHBp