Monday, September 30, 2019

မေ့ထားကြတယ်​ ပျက်​ဆီးခြင်း​တွေ ပြ​နေတဲ့​လောကြီးကို ပြင်​ဆင်​ခြင်း​တွေနဲ့ ​မေ့ထားကြတယ်​။ မတင့်​တယ်​ခြင်း​တွေ ပြနေတဲ့​လောကကြီးကို ခြယ်​သခြင်း​တွေနဲ့ ​မေ့ထားကြတယ်​။ ခွဲခွာခြင်း​တွေ ပြ​နေတဲ့​လောကကြီးကို ​တွေ့ဆုံခြင်း​တွေနဲ့ ​မေ့ထားကြတယ်​။ နာကျင်​ခြင်း​တွေ ပြ​နေတဲ့​လောကကြီးကို ကုစားခြင်း​တွေနဲ့ ​မေ့ထားကြတယ်​။ အိုးမင်းခြင်း​တွေ ပြ​နေတဲ့​လောကကြီးကို ပျိုမြစ်​ခြင်း​တွေနဲ့ ​မေ့ထားကြတယ်​။ ​သေဆုံးခြင်း​တွေ ပြ​နေတဲ့​လောကကြီးကို ​ပျှော်​ရွှင်​ခြင်း​တွေနဲ့ ​မေ့ထားကြတယ်​။ မမြဲခြင်း​တွေ ပြ​နေတဲ့​လောကကြီးကို မြဲတယ်​အထင်​နဲ့ ​မေ့ထားကြတယ်​။ ဆင်းရဲခြင်း​တွေ ပြ​နေတဲ့​လောကကြီးကို ချမ်းသာအထင်​နဲ့ ​မေ့ထားကြတယ်​။ အစိုးမရခြင်း​တွေ ပြ​နေတဲ့​လောကကြီးကို ငါပိုင်​ငါဆိုင်​အထင်​နဲ့ ​မေ့ထားကြတယ်​။ ဒီ​တော့.... ပျင်းမုန်းငြီး​ငွေ့ခြင်းဆိုတဲ့ သံ​ဝေဂဟာ ​မှေးမှိန်​​ပျောက်​ကွယ်​​နေတဲ့အတွက်​ ဓမ္မလမ်း​ကြောင်း​ပေါ် ​လျောက်​လှမ်းဖို့ဆိုတာ ကြီးသူ/ငယ်​သူ သတိမမူကြ​တော့ ၃၁-ဘုံကြီးဟာ စို​ပြေ​နေအုံးမ​ပေါ့ဗျာ။ Crd.. ဒဿန​-အောင်​လံ


via အလင်းရောင် ဓမ္မ https://ift.tt/2nXCmK0