အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, September 29, 2019
စကြာဝဠာကုဋေတစ်သိန်းကြားအောင် ပြောနိုင်တယ် • • • • • ******************************** မြတ်စွာဘုရားက စကြာဝဠာကုဋေတစ်သိန်း ကြားအောင် ပြောနိုင်တယ်တဲ့။ ဘယ်လိုကြားအောင် ပြောသလဲလို့ဆိုရင် လုပ်ပုံလုပ်နည်းကတော့ တော်တော်ကို စနစ်ကျတယ်။ သတ္တဝါတွေဆိုတာ အိပ်နေတဲ့လူလည်းရှိမှာပဲ၊အမှတ်တမဲ့နေတဲ့လူတွေလည်း ရှိကြမှာပဲ။ အိပ်ပျော်နေတဲ့လူ၊အမှတ်တမဲ့နေတဲ့လူတွေ ကြားချင်မှကြားမှာ၊ အဲဒီတော့ အိပ်ရာမှနိုးအောင်၊အမှတ်တမဲ့ မနေအောင် နှိုးလိုက်သေးတယ်။ ဘယ်လိုနှိုးတုန်းဆိုရင် မြတ်စွာဘုရားက လောကကြီးတစ်ခုလုံး မှောင်သွားအောင် ညိုသောရောင်ခြည်တော် အရင်လွှတ်လိုက်တာ။ စကြာဝဠာ ကုဋေတစ်သိန်းဟာ မှောင်ကြီးကျသွားတယ်။ လင်းနေရာကနေ ရုတ်တရက်မှောင်သွားတဲ့အခါ လူတွေဟာ ဘာဖြစ်တာပါလိမ့် အုတ်အုတ်ကျက်ကျက် ဖြစ်တတ်တယ်၊လူ့ရဲ့သဘာဝက လန့်ဖြန့်ပြီး အကုန်လုံး အိပ်နေတဲ့လူတွေပါနိုး၊ အကုန်လုံးအမှောင်ကြီးဖြစ်နေပြီဆိုတဲ့အချိန်ကျတော့မှ ရောင်ခြည်တော်လွှတ်လိုက်တယ်။ အဲဒီလို အလင်းရောင် ပေါ်လာပြီဆိုတော့ လူတိုင်းအားလုံးက အလင်းရောင်ကို အာရုံစိုက်နေကြတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားက တရားတစ်ပုဒ် ဟောလိုက်တယ်၊အားလုံးကြားသွား တယ်။ အဲဒီလိုနည်းနဲ့မြတ်စွာဘုရားဟာ ဗုဒ္ဓရဲ့စွမ်းရည်သတ္တိတစ်ခုကို ဖော်ပြခဲ့တာရှိတယ်။ ဒါဟာ ဒီသြကာသလောကကြီးနဲ့ပတ်သက်ပြီးတော့ မြတ်စွာဘုရားရဲ့ ဟောကြားချက်တွေပဲ။ ပါချုပ်ဆရာတော်ဘုရားကြီး
via အလင်းရောင် ဓမ္မ https://ift.tt/2nCuc9K
Newer Post
Older Post
Home