Tuesday, October 1, 2019

စေတနာက လူတိုင်းနဲ့တန်ပါတယ် ~~~~~~~~~~~~~~~~~~~~~ "စေတနာဟာ လူတိုင်းနဲ့ မတန်ဘူး"တဲ့။ အမှန်တော့ "စေတနာဟာ လူတိုင်းနဲ့ မတန်တာ မဟုတ်ဘူး၊ လူတိုင်းနဲ့တန်တဲ့ စေတနာ မထားနိုင်တာ"။ စေတနာဆိုတာ ကိုယ်ကထားရတာ။ သူနဲ့မဆိုင်ဘူး။ ကိုယ့်ဘက်က မှန်နေရင်သူ့ဘက်က မမှန်လည်း ကိုယ်ကဟန်ပြီးသားပဲ။ လူတိုင်းအပေါ် ကိုယ့်စေတနာ မချော်အောင်ထားနိုင်ရင် ကိုယ့်စေတနာက လူတိုင်းနဲ့ တန်ပြီးသားပဲပေါ့။ ကိုယ့်စေတနာက သူကောင်းဖို့ရည်ရွယ်တာ၊ ရည်ရွယ်တဲ့အတိုင်း အကျိုးသက်ရောက်မှု ဖြစ်သွားရင် စေတနာက တန်သွားပြီးသားပဲ။ စေတနာနဲ့ မတန်ဘူးဆိုတာတွေ ဖြစ်လာတာက သူ့ဆီက တုံ့ပြန်မှုကောင်းကို ကိုယ်ကမျှော်လင့်လို့ ဖြစ်တာ။ ကျေးဇူးအတင်ခံချင်တာ၊ ကောင်းကောင်းပြန်တုံ့ပြန်စေချင်တာ စတာတွေကို ကိုယ်ကမျှော်လင့်နေမိပြီး ကိုယ်မျှော်လင့်တဲ့အတိုင်း သူကမတုံ့ပြန်တော့ စေတနာနဲ့ မတန်ဘူးဆိုတာတွေ ဖြစ်လာတဲ့သဘောပဲ။ ဒါကြောင့် ကိုယ့်စေတနာသာ မှန်လိုက်ပါ၊ ကိုယ့်ဘက်ကသာ တုံ့ပြန်မှုကို မမျှော်ဘဲ စေတနာပြတ်အောင် လုပ်လိုက်ပါ။ ကိုယ့်စေတနာဟာ လူတိုင်းနဲ့ တန်သွားမှာပဲပေါ့။ ကိုယ့်စေတနာဟာ လူတိုင်းနဲ့ မတန်သေးဘူးဆိုရင် ကိုယ့်စေတနာ မမှန်သေးဘူးလို့သာ သဘောထား ကိုယ့်ဘက်ကပဲ စေတနာမှန်ပြီး သဒ္ဓါပြတ်အောင် ကြိုးစားဖို့ပဲပေါ့။ မေတ္တာဖြင့် မနာပ ဒါယီ အရှင်ဝိစိတ္တ (မနာပဒါယီ ပညာရေးစင်တာ၊ လှည်းကူး)


via အလင်းရောင် ဓမ္မ https://ift.tt/2mtwBnh