Tuesday, October 1, 2019

🙏☸️ မြောက်ဦးဆရာတော်ဘုရားကြီး၏ ☸️🙏 🌿🌿🌿🌿သြဝါဒများစုစည်းထားမှု🌿🌿🌿🌿 🌳အရာရာတိုင်းမှာ၊ စိတ် တည်ငြိမ်အေးချမ်းစေဖို့၊ မိမိ၏ စိတ်ကို၊ သတိ ပြဋ္ဌာန်းသော စိတ်ဖြင့်၊ မိအောင် ဖမ်းထားတတ်သူသည်၊ကိလေသာ မကပ်ငြိသောကြောင့်၊တည်ငြိမ်အေးချမ်းပြီး၊ ပူပင်သောက ကင်းဝေးစွာနေနိုင်သူဟု ဆိုရမည်။ 🌳ဘဝ တည်ငြိမ်ခဲ့မယ်ဆိုရင်၊အကုသိုလ် ကင်းရှင်းနေလို့၊လူဖြစ်ရခြင်း နပ်သူပေါ့။ ☸️ မြောက်ဦးဆရာတော် ☸️ 🙏🙏🙏🙏🙏🙏🙏🙏🙏 ❆ ➳ ❆ ➳ ❆ ➳ ❆ ➳ ❆ ➳ ❆ ➳ ❆ ➳❆ 🌲အကုသိုလ်လုပ်ထားရင်၊ဘယ်သူ့ကို မဆို၊ ထိုကံက မျက်နှာမလိုက်ဘူး။ကုသိုလ်လည်း ထို့အတူ ကံတရားက မျက်နှာမလိုက်ဘူး။သူပြုသူခံ၊ ကိုယ်ပြုကိုယ်စံပေါ့။ 🌲ဒါကြောင့်မိမိပြုမိထားတဲ့ကံက ဉာဏ်နဲ့ယှဉ်တွဲတဲ့ ကုသိုလ်ကံတွေ များနေပါစေ။ ဤကုသိုလ်စေတနာသည်ဆင်းရဲခြင်းဒုက္ခအပေါင်းမှ လွတ်ကင်းရပါစေသားဟု"ကိုယ်ခန္ဓာ့ဒုက္ခကို သိနေပြီးမှ ပြုပါ။ 🌲ဒီဉာဏ်ကို သစ္စာသိသောဉာဏ် ဟုဆိုလိုတယ်။ သစ္စာမသိဘဲ လှူက၊ကုသိုလ်မရဘူးလားဆိုတော့ ရပါတယ်။ သို့သော်..ကံလမ်းသွားကအိုနာသေမို့ပါ။ သမုဒယသစ္စာဖြစ်သွားရင်ဒုက္ခအထပ်ထပ်ပေါ့။ မဂ္ဂသစ္စာသည် ဒုက္ခငြိမ်းကြောင်းလေ။ ☸️ မြောက်ဦးဆရာတော် ☸️ 🙏🙏🙏🙏🙏🙏🙏🙏🙏 ❆ ➳ ❆ ➳ ❆ ➳ ❆ ➳ ❆ ➳ ❆ ➳ ❆ ➳ ❆ 🍀လူတစ်ဦးတစ်ယောက်၏ ကံဆိုတာ၊ အမြဲတမ်း ကောင်းတာတွေ မပေးသလို၊ မကောင်းတာတွေလည်း အမြဲတမ်း မဖြစ်ပါဘူး။ သို့သော်..ကံကောင်းနေတဲ့ အချိန်တွေမှာမှ ကောင်းတဲ့အလုပ်တွေ များများလုပ်ပေးနိုင်တာပါ။ 🍀အတိတ်က ကံဟောင်းတွေ အကျိုးမပေးခင်၊ ကုသိုလ်ကံ အသစ်တွေများနေမှ၊ ကံဟောင်းတွေ ခေါင်းမဖော်ဘဲ၊ ကံစွမ်းအားက ဉာဏ်စွမ်းအားနဲ့တွဲလို့၊ မဂ်ဖိုလ်ချမ်းသာကိုဒီကံလမ်းမှသည် ဉာဏ်လမ်းဆီသို့ပြောင်းလဲနိုင်ကြပါစေ။ ☸️ မြောက်ဦးဆရာတော် ☸️ 🙏🙏🙏🙏🙏🙏🙏🙏🙏


via အလင်းရောင် ဓမ္မ https://ift.tt/2oKuuMC