အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, August 26, 2019
——————————————————— သိမ်ငယ်သူ , ရင့်ကျက်သူ , တည်ငြိမ်သူ ——————————————————— သိမ်ငယ်လွန်းသူတွေက သူများအပြစ်မြင်ခြင်းကို အကျင့်စွဲနေတတ်ကြတယ်။ ရင့်ကျက်လာသူက ကိုယ့်အပြစ်ကိုပဲ ပြန်စိစစ်နေတတ်တယ်။ တည်ငြိမ်သွားသူတွေကတော့ ဘယ်သူ့အပြစ်ကိုမှ မမြင်တတ်တော့ဘူး။ သိမ်ငယ်လွန်းသူတွေက ကိုယ့်ကိုယ်ကိုလောက်ပဲ အထင်ကြီးတတ်ပြီး သူတပါးအပေါ်ကျတော့အထင်သေးတတ် ကြတယ်။ ရင့်ကျက်လာသူတွေက ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့ အထင်မကြီးတတ်သလို လွယ်လွယ်နဲ့လည်းအထင်မသေးတတ်ကြဘူး။ တည်ငြိမ်သွားသူတွေကတော့ ဘယ်သူ့အပေါ်မှ အထင်မကြီးတတ်တော့ သလို အထင်လည်း မသေးတတ်ကြတော့ဘူး။ သိမ်ငယ်လွန်းသူတွေက သူတပါးကို ကြည့်ပြီး ပြိုင်ဆိုင်တတ်ကြတယ်။ ရင့်ကျက်လာသူတွေက ကိုယ့်ဟာကိုယ်ပဲ မနေ့ကငါနဲ့ ဒီနေ့ငါ မတူအောင် အမြဲပြိုင်ဆိုင်တတ်လေ့ရှိတယ်။ တည်ငြိမ်သွားသူတွေကတော့ ပြိုင်ဆိုင်တဲ့အလုပ်ကို မလုပ်တတ်တော့ဘူး။ ငြိမ်းအေးမှုကိုပဲ ရှာကြတော့တယ်။ အတွေးလှဆရာတော် 🙏🙏🙏 #Via - Paral Lel >>>thank
via အလင်းရောင် ဓမ္မ https://ift.tt/2PhtXhS
Newer Post
Older Post
Home