အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, August 28, 2019
ဘုရားနှင့်နီးသူ ____________ မြတ်စွာဘုရားက ဘယ်လိုပုဂ္ဂိုလ်တွေ ဟာ မြတ်စွာဘုရားနဲ့ နီးတဲ့ပုဂ္ဂိုလ်လဲ? ဘယ်လိုပုဂ္ဂိုလ်တွေ ကတော့ မြတ်စွာဘုရားနဲ့ ဝေးတဲ့ပုဂ္ဂိုလ်တွေလဲ? ဆိုတာကို အဓိက မြတ်စွာဘုရားနှင့်နီးတဲ့သူ၊မြတ်စွာဘုရားနှင့်ဝေးတဲ့ သူဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေကို ပြောတာဆိုတာ မြတ်စွာ ဘုရား ဟောထားတာ။ ဒါကြောင့် ဒီသုတ္တန်လေးကို "ဘုရားနှင့်နီးသူ"လို့ တရား ခေါင်းစဉ် ပေးပြီးတော့ ဟောပါမယ်။ဒါယကာ, ဒါယိကာမ တို့ ဦးပဉ္စင်းတို့တစ်တွေ မြတ်စွာဘုရားရဲ့အပေါ်မှာ ကြည် ညိုတဲ့,မြတ်နိုးတဲ့စိတ်,တန်ဖိုးထားတဲ့စိတ် အားလုံး ရှိကြပါ တယ်။ ဒါကြောင့် မြတ်စွာဘုရားနှင့်နီးတယ်ဆိုတာလေးက အင်မ- တန်မှ မင်္ဂလာရှိတယ်။ မြတ်စွာဘုရားနှင့်ဝေးတယ်ဆိုရင် တော့ ဒါ မကောင်းဘူးပေါ့။ အဲလိုဆိုလို့ရှိရင် မြတ်စွာဘုရားနှင့်နီးအောင် မိမိတို့မှာ ဘ-ယ်လို အရည်အသွေး ရှိဖို့ လိုမလဲ? မြတ်စွာဘုရားနှင့် ဝေး တယ်ဆိုတာက ဘယ်လိုစိတ်ဓာတ်မျိုး ရှိတဲ့ပုဂ္ဂိုလ်တွေလဲ ဆိုတာကို နာယူကြည်ညိုကြည့်ရအောင်။ ဦးပဉ္စင်းတို့ ဒီသုတ္တန်က ဣတိဝုတ်ပါဠိတော်မှာ လာတာဆို တော့ ဣတိဝုတ်ပါဠိတော်က ရှင်မခုဇ္ဇုတ္တရာ ဟောထားတဲ့ တရားတွေကို စုစည်းပြီးတော့ သင်္ဂါယနာတင်ထားတာ။အဲ ဒါကို ဦးပဉ္စင်းတို့ ဣတိဝုတ်ပါဠိတော်လို့ ခေါ်တာ။ ဟော တာကတော့ မြတ်စွာဘုရားဟောတာပေါ့နော်။ ဒါပေမယ် လို့ ခုဇ္ဇုတ္တရာက ပြန်ပြီးတော့ ဟောထားတာ၊ စုစည်းပြီး တော့ ဟောထားတာ။ ခုဇ္ဇုတ္တရာဆိုတာက ဒါယိကာမကြီးတွေရဲ့နယ်ပယ်မှာ အင် မတန် အတုယူစရာကောင်းတဲ့ ဒါယိကာမကြီးတစ်ယော-က်ပေါ့။ ဦးပဉ္စင်းတို့ ဥပါသိကာဒါယိကာမကြီးတွေထဲမှာ ပညာအရာမှာ ဧတဒဂ်ရတဲ့ တကယ့် အလွန်အစွမ်းသတ္တိ ထက်မြတ်တဲ့ ဒါယိကာမကြီးတစ်ယောက်ပါပဲ။ဥတေနမင်း ရဲ့မိဖုရား သာမာဝတီ။ အဲဒီ သာမာဝတီမိဖုရားရဲ့အထိန်း တော်ပေါ့နော် ခုဇ္ဇုတ္တရာဆိုတာက။ အဲဒီခုဇ္ဇုတ္တရာဟော ထားတဲ့ တရားတော်တွေကို ဒါ ဣတိဝုတ်ပါဠိတော်လို့ ခေါ် တာ။ အဲဒီဣတိဝုတ်ပါဠိတော်ထဲမှာ ဒီသုတ္တန်လေးပါတယ် နော်။ အဲဒါကို ပရိသတ်အပေါင်းသူတော်ကောင်းတို့ နာယူ ကြည်ညိုကြရအောင်။ သင်္ဃာဋိကဏ္ဏသုတ္တန်တဲ့၊ဘုရားနှင့်နီးသူ၊စတင်ပြီးတော့ နာ ယူကြည်ညိုကြ ရအောင်နော်။ သင်္ဃာဋိကဏ္ဏေ စေပိ ဘိက္ခဝေ ဘိက္ခု ဂဟေတွာ ပိဋ္ဌိတော ပိဋ္ဌိတော အနုဗန္ဓော အဿ ပါဒေ ပါဒံ နိက္ခိပန္တော။ ဘိက္ခဝေ၊ ရဟန်းတော်များ အို ချစ်သားတို့။ မယှံ၊ငါဘုရား ၏။ သင်္ဃာဋိကဏ္ဏေ၊ သင်္ဃန်းစွန်းတို့ကို။ ဂဟေတွာ၊ စွဲကိုင် ၍။ ပိဋ္ဌိတော ပိဋ္ဌိတော၊ နောက်မှ,နောက်မှ။ ပါဒေ၊ငါဘုရား ၏ ခြေတော်ရာ၌။ ပါဒံ၊ မိမိ၏ ခြေရာကို။ နိက္ခိပန္တော၊ နင်း ချ၍။အနုဗန္ဓော၊ အစဉ်သဖြင့် လိုက်သည်။စေပိ အဿ၊အ ကယ်၍ ဖြစ်စေကာမူ။ ရဟန်းတို့တဲ့ ငါဘုရားရဲ့သင်္ဃန်းစွန်းကို စွဲကိုင်ပြီးတော့ ငါ ဘုရားရဲ့ နောက်ကနေပြီးတော့ ငါဘုရား နင်းချလိုက်တဲ့ ခြေရာကို ဖဝါးခြေချ ထပ်ကြပ်မကွာ အဲသလို သင်္ဃန်းစွန်း ကို စွဲပြီးတော့ ရဟန်းတစ်ပါးက လိုက်နေတယ် ဆိုကြပါစို့။ ဒါဆိုရင် မြတ်စွာဘုရားနဲ့ ခန္ဓာကိုယ်ချင်းကတော့ အလွန်နီး တယ်ပေါ့နော်။ အဲသလို မြတ်စွာဘုရားရဲ့သင်္ဃန်းစွန်းကို စွဲ ကိုင်ပြီးတော့ ဖဝါးခြေချ ထပ်ကြပ်မကွာ လိုက်ပြီးတော့ နေပါသော်လည်းပဲတဲ့ အဲဒီပုဂ္ဂိုလ်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်နေတုန်းဆိုတော့- သောစ ဟောတိ အဘိဇ္ဈာလု ကာမေသု တိဗ္ဗသာရာဂေါ ဗျာပန္နစိတ္တော- အဲဒီပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်အရည်အသွေးတွေက ဘယ်လော- က်ထိ အောက်တန်းကျနေတုန်းဆိုလို့ရှိရင်- သောစ၊ ထိုပုဂ္ဂိုလ်သည်။ အဘိဇ္ဈာလု၊သူတစ်ပါးရဲ့ ပစ္စည်း ကို မတရားလိုချင်တဲ့ အဘိဇ္ဈာတွေကလည်း များနေတယ် တဲ့။ လူကတော့ မြတ်စွာဘုရားရဲ့သင်္ဃန်းစွန်းကို စွဲကိုင်ပြီး တော့ ဖဝါးခြေချထပ်ကြပ်မကွာ လိုက်နေတာပဲ။ဒါပေမယ့် သူ့ရဲ့စိတ်ဓာတ်က- အဘိဇ္ဈာလု-တဲ့၊ အဘိဇ္ဈာတွေ အလွန် များနေတယ်တဲ့။ အဘိဇ္ဈာဆိုတာက သူများ ပစ္စည်းကို မ တရားလိုချင်တဲ့စိတ်ပေါ့နော်။ ကာမေသု တိဗ္ဗသာရာဂေါ- ကာမေသု၊ ကာမဂုဏ်အာရုံတို့၌။ တိဗ္ဗသာရာဂေါ၊ပြင်းထန် သော တပ်မက်မူရှိသည်။ ကာမဂုဏ်အာရုံတွေနဲ့တွေ့လာ ရင်လည်းပဲ အလွန်ပြင်းပြင်းထန်ထန် တပ်မက်မောတဲ့စိတ် လည်း ရှိနေတယ်။ ပြီးတော့ ဗျာပန္နစိတ္တော-တဲ့။ သူ့ရဲ့စိတ်ဓာတ်တွေက ဖော- က်ပြန်နေတယ်။ စိတ်က တည်တည်တန့်တန့်မရှိဘူး။ ဖော- က်ပြန်နေတယ်။ ပဒုဋ္ဌမနသင်္ကပ္ပေါ-တဲ့၊ သူ့ရဲ့အတွေးအကြံတွေက ပြစ်မှား လိုတဲ့စိတ်, ဒေါသနှင့်ယှဉ်တဲ့အတွေးတွေချည်းပဲ တွေးနေ တယ်တဲ့။မကျေနပ်တဲ့စိတ်တွေနဲ့ပဲ တွေးနေတယ်ပေါ့ သူ့ရဲ့ အတွေးက။ မုဋ္ဌဿတိ၊ အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ သတိကလည်း မကပ် ဘူးတဲ့။ သတိကလည်း ကင်းလွတ်နေတယ်ပေါ့။ သတိမရှိ ဘူးပေါ့။ မိမိခန္ဓာမှာ ဘာဖြစ်နေတယ်ဆိုတာကို သိအောင် မြင်အောင် အားထုတ်တဲ့နေရာမှာ သတိက အလွန်တရာမှ အခရာကျတာ။အဲဒီသတိကလည်း သူ့သန္တာန်မှာ မရှိဘူး။ မုဋ္ဌဿတိ။ အသမ္ပဇာနော-တဲ့၊ အဆင်ခြင်ဉာဏ်ပညာကလည်း ကင်းမဲ့ နေတယ်တဲ့။ သတိသမ္မဇဉ်ဆိုပြီးတော့ တွဲသုံးတာ ရှိတယ် နော်။ သမ္ပဇဉ်ဆိုတဲ့ပညာတရားကလည်း သူ့သန္တာန်မှာ အဲ ဒီအချိန်မှာ မရှိဘူးတဲ့။ ဦးပဉ္စင်းတို့ တရား သူ့ရဲ့ မကောင်းတဲ့ အရည်အသွေးတွေ ကို ပြောစွာဘုရားက အဲဒါ(၉)မျိုးလောက် ပြောထားတယ် အဲဒါကို ပရိသတ်အပေါင်းသူတော်ကောင်းတို့ သေသေချာ လေး နားယူကြည့်မယ်နော်။ အသမ္ပဇာနော၊သမ္ပဇဉ်တရားလည်း ကင်းမဲ့နေတယ်၊ပညာ လည်း မရှိဘူး။ အသမာဟိတော၊ သူ့ရဲ့စိတ်မှာ တည်ငြိမ်မူဆိုတာလည်း မ ရှိဘူး။ သမာဓိတရားမရှိဘူး။ ဒါတွင်မကဘူးတဲ့- ဝိဗ္ဘ န္တစိတ္တော၊စိတ်ကလည်း အလွန်မှ ပြန့်လွန့်နေတယ်၊တုန် လှုပ်နေတယ်။ မတည်ငြိမ်ရုံတင်မကဘူး ပြန့်လွန့်တုန်လှုပ် နေတယ်၊ဟုတ်လား။ ပြီးတော့- ပါကတိန္ဒြိယော-တဲ့၊သူ့ရဲ့မျက်စိ,နား,နှာ,လျှာ,ကိုယ်,စိတ်ဆို တဲ့ ဣနြေ္ဒခြောက်ပါးလည်းပဲ စောင့်စည်းထားတဲ့သဘော မရှိဘူး။ ကြည့်ချင်တာကို ကြည့်မယ်,နားထောင်ချင်တာကို နားထောင်မယ်။ ဒီမျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်နဲ့ ပတ် သတ်ပြီးတော့ သူ့မှာ အကုသိုလ်မဖြစ်အောင် ဘာမှ ထိန်း သိမ်းထားတဲ့သဘော ဘာမှ မရှိဘူး။မြင်တာနဲ့ပတ်သတ်ပြီး တော့လည်း လောဘဖြစ်ချင် ဖြစ်မယ်,ဒေါသဖြစ်ချင် ဖြစ် မယ်ပေါ့။ကြားတာနဲ့ပတ်သတ်ပြီးတော့လည်း လောဘဖြစ် ချင် ဖြစ်မယ်, ဒေါသဖြစ်ချင် ဖြစ်မယ်ပေါ့။ အဲဒီ မြင်ခြင်း, ကြားခြင်း,နံခြင်း, စားခြင်း,ထိခြင်း,တွေးခြင်းကြောင့် လော ဘ,ဒေါသ,မောဟ မဖြစ်အောင် သူ့မှာ ထိန်းသိမ်းထားတဲ့ သဘော,စောင့်စည်းထားတဲ့သဘော ဘာမှ မရှိဘူး။ ဒီဒွါရခြောက်ပါးကို ဘာမှ စောင့်ရှောက်ထားတဲ့သဘော မ ရှိဘူး။ အဲသလိုသာ ဆိုလို့ရှိရင်တော့ အဲဒီပုဂ္ဂိုလ်ဟာ မြတ်စွာဘု- ရားရဲ့သင်္ဃန်းစွန်းကို စွဲကိုင်ပြီးတော့ ဖဝါးခြေချ ထပ်ကြပ် မကွာ လိုက်ပြီးတော့ နေပါသော်လည်းပဲ။အထခေါ၊စင်စစ် အားဖြင့်။ သော၊ထိုပုဂ္ဂိုလ်သည်။မယှံ၊ ငါဘုရားနှင့်။ အာရ ကာဝ၊ ဝေးကွာသည်သာတည်းတဲ့။ ဘုရားနှင့်သူနဲ့ အဝေးကြီးပဲတဲ့။ အဟဉ္စ၊ငါဘုရားသည်လည်းပဲ။တဿ၊အဲဒီပုဂ္ဂိုလ်နဲ့။အာရ ကာဝ၊ ဝေးကွာသည်သာတည်း။ သူမှ ငါနဲ့ဝေးတာ မဟုတ်ဘူး၊ ငါလည်း သူနဲ့ အဝေးကြီးပဲ တဲ့။ ဆက်လက်ပူဇော်ပါမည်--- သစ္စာရွှေစည်ဆရာတော်အရှင်ဥတ္တမ
via အလင်းရောင် ဓမ္မ https://ift.tt/2ZwjIGv
Newer Post
Older Post
Home