အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, August 31, 2019
လူ့စိတ်ဆိုတာ သိပ်ထူးဆန်းတယ်။ အပြောင်းအလဲမြန်တယ်။ ရနေတာကို မကျေနပ်နိုင်ဘူး။ မရသေးတာကို မျက်စောင်းထိုးတယ်။ လိုချင်တာလေး ရလာပြန်ရင်လည်း နောက်တစ်မျိုးကို လိုချင်ပြန်တယ်။ ကျေနပ်အောင် နေတတ်တဲ့စိတ် မထားနိုင် သေးသမျှ မကျေနပ်ချက်တွေလည်း များနေကြဦးမှာပါပဲ။ တစ်ခါတလေ တစ်ဦးတစ်ယောက်ရဲ့ တန်ဘိုးထားတာ ဂရုစိုက်တာကို လိုချင်ကြတယ်။ သိပ်ဂရုစိုက်ပြန်တော့လည်း မကြိုက်ချင်ပြန်ဘူး။ အချစ်တွေတော့လိုချင်တယ်။ အချစ်တွေ အများကြီးပေးပြန်တော့လည်း အနေကြပ်လို့ မကျေနပ်ပြန်ဘူး။ လိုက်နေတုန်းမှာ လှည့်မကြည့်ဖြစ်ဘဲ ရပ်နေတော့မှ နောက်ပြန်ကျော့တာမျိုး လည်း ရှိနေတတ်ပြန်တယ်။ ကိုယ့်ကိုမုန်းမှာတော့ ကြောက်တယ်။ ကိုယ်က မုန်းလိုက်ရရင်တော့ ကျေနပ်ကြတယ်။ #အရင်းစစ်တော့ သံယောဇဉ်တွေနဲ့ နစ်နေတဲ့ စိတ်ကြောင့်ပါပဲ။ အချစ်ခံချင်တာ မုန်းလိုက်ချင်တာ စတဲ့ လိုချင်မှုတွေက ကိုယ့်စိတ်ကို အလိုမပြည့် ဖြစ်စေတော့တာပါပဲ။ လိုအပ်ချက်တွေ ရှိနေသမျှ အလိုမကျမှုနဲ့ မကျေနပ်မှုတွေက ရှိနေကြမှာပါပဲ။ #ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျေနပ်အောင်နေတတ်သွားရင်တော့… မကျေနပ်တာတွေ အလိုမကျတာတွေလည်း လျော့သွားမှာပဲပေါ့။ ဒါကြောင့် လိုချင်တာတွေ သိပ်ဦးစားမပေးပါနဲ့။ အလိုမကျတာတွေ ပိုများတတ်တယ်။ စိတ်လိုက်မာန်ပါ မဆုံးဖြတ်ပါနဲ့။ မကျေနပ်တာတွေ ပိုများတတ်တယ်။ ဖြစ်ပြီးတာတွေ သိပ်မစဉ်းစားနဲ့။ နောင်တနဲ့ သောကကို ပိုဖြစ်စေတယ်။ ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ ကိုယ့်ကိုယ်ကိုယ် ဆုံးမခြင်း (၁၃၈) Posted by >> Min Khaing
via အလင်းရောင် ဓမ္မ https://ift.tt/2NNzhaF
Newer Post
Older Post
Home