အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, August 30, 2019
☸#ဗုဒ္ဓဟောကြား_တရားအကျဉ်းလေးပါး☸ ➖➖➖➖➖➖➖➖➖➖➖ " ဥပနိယျ တိ လောကော အဒ္ဓု ဝေါ " အလုံးစုံသောလောကသည် အိုခြင်း ၊ သေခြင်း ၊ ပျ က်စီး ခြင်းသို့သာလျှ င် ရောက်၍သွားပါတယ်၊ တည်တံ့ခိုင်မြဲခြင်းမရှိ ဟူ၍ ဘုရားမြတ်စွာ ဟောကြားတော်မူထားပါတယ်။ " အတာဏော လောကော အနဘိဿ ရော " အလုံးစုံသောလောကသည် အားကိုးစရာ ၊ အားထားစရာ မရှိ ၊ ကယ်ဆယ်နိုင်ခြင်းမရှိ၊ ကယ်မနိုင်ခြင်းမရှိဟူ၍ ဘုရား မြတ်စွာ ဟောကြားတော်မူထားပါတယ်။ " အဿ ကော လောကော၊ သဗ္ဗံပဟာယ ဂမနီယံ " အလုံးစုံသောလောကသည် ကိုယ့်ဥစ္စာဟူ၍ စိုးပိုင်ခြင်းမရှိ၊ အလုံးစုံကိုစွန့်ထား၍ သွားရ၏ဟု ဘုရားမြတ်စွာ ဟောကြား တော်မူထားပါတယ်။ " ဦနောလောကော ၊ အတိတ္တော တဏှာဒါသော " အလုံးစုံသောလောကသည် မပြည့်စုံနိုင် ၊ အလိုမပြည့်နိုင် ၊ အားရတင်းတိမ်ခြင်းမရှိ ၊ တဏှာ၏ကျွ န်ဖြစ်ရ၏ဟူ၍ ဘုရား မြတ်စွာ ဟောကြားတော်မူထားပါတယ်။ ရဋ္ဌပါလသုတ္တန် ( ကောရဗျ မင်းကြီးကမေး ၊ အရှင်ရဋ္ဌပါလကဖြေ )းး အိုခြင်းနာခြင်း ဆောင်နှင်းခံရာ၊ ဤခန္ဓာမြဲတာမရှိပြီ။းး ခြွေရံသမီးသား အားထားဖို့ရာ၊ ဤခန္ဓာတို့မှာမရှိပြီ။းး ကိုယ်ပိုင်မရှိ ရှိသည့်ဥစ္စာ ၊ တို့သူငါ စွန့်ခွာသွားရမည်။းး သူငါထိုထို အလိုသာပြ ၊ မပြည့်ဝ တဏှာ့ကျွ န်သာမည်။ သက်ရှည်ကျ န်းမာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ.. # လွင်အောင်မျိုး 🙏🌺မင်္ဂလာပါ တရားချစ်ခင်သူတော်စင်များအားလုံး အစဉ်ထာဝရ အေးချမ်းကြပါစေခင်ဗျာ့..🍂🍂🌺🙏
via အလင်းရောင် ဓမ္မ https://ift.tt/2zsHQPA
Newer Post
Older Post
Home