Sunday, August 25, 2019

** ❝ သတိရှိသူ စိတ်မပူ ❞ ** 🙏🙏🙏🙏🙏🙏🙏🙏🙏 * ဘုရားလက်ထက်တော် ကာလတုန်းက ဗန္ဓုလ စစ်သူကြီး၏ဇနီး မလ္လိကာ အမည်ရတဲ့ စစ်သူကြီး ကတော်တစ်ဦး ရှိခဲ့ဖူးတယ်။ ဗန္ဓုလစစ်သူကြီးရော, စစ်သူကြီးကတော် မလ္လိကာပါ ရတနာသုံးပါးနဲ့ စိမ်း ကြသူတွေ မဟုတ်ကြပါဘူး။ * အချိန်ရသလောက် သူတို့ဟာဘုရားရှင်သီတင်းသုံး တော်မူရာ ကျောင်းတော်ကိုသွား တရားနာလို့,ဘုရား အမှူးရှိတဲ့ သံဃာတော်တွေ အိမ်ကိုပင့်ဖိတ်ပြီး ဆွမ်းကပ်လို့ ရတနာသုံးပါး ဆည်းကပ်ကြတဲ့ ဥပါသ ကာ၊ ဥပါသိကာမတွေ ဖြစ်ကြပါသတဲ့။ * ဒါပေမယ့် ကံများ ဆိုးချင်တော့ တစ်ချိန်မှာ ဗန္ဓုလစစ်သူကြီးနဲ့ သူ့သားစစ်ဗိုလ် ၃၂-ယောက်ကို မလိုလားတဲ့ ပုဂ္ဂိုလ်တွေက ရှင်ဘုရင်နဲ့ ကွဲအောင် ကုန်းတိုက်လို့ ရှင်ဘုရင်က အထင်လွဲပြီး သူတို့ကို တစ်ဖက်လှည့်နဲ့ လုပ်ကြံခိုင်းလိုက်တာ တစ်ရက် တည်းနဲ့ ဗန္ဓုလစစ်သူကြီးနဲ့ သား ၃၂-ယောက်လုံး ဟာ တစ်နေရာတည်းမှာပဲ သေဆုံးကုန်ကြသတဲ့။ * အဲဒီအချိန်မှာ မလ္လိကာက မနက်ဖြန်နံနက် အရှင် သာရိပုတ္တရာ အမှူးရှိတဲ့ ရဟန်းတော် အရှင်မြတ် ငါးရာကို နေအိမ်မှာ ပင့်ဖိတ်ပြီး ဆွမ်းကပ်ဖို့ ချက် ပြုတ်စီမံနေသတဲ့။ * ကုသိုလ်တရားတွေနဲ့ ပျော်မွေ့နေတဲ့အချိန် 'နက် ဖြန်ဆို ငါ အလှူဒါနတစ်ခု ပြုရတော့မယ်၊ သီလ တွေ ဆောက်တည်ပြီးတော့ အရှင်မြတ်ကြီးတွေ ဟောတဲ့တရား နာကြားရမယ်၊ ခင်ပွန်းနဲ့ သား တော်မောင်တွေ ရှေ့တန်းက ပြန်လာရင် ကုသိုလ် ဝေစုတွေ အမျှပေးလို့ ဝမ်းပန်းတသာ ကြိုလိုက် မယ်' ဆိုတဲ့ အတွေးနဲ့ တက်ကြွနေတဲ့အချိန်၊ ပျော် ရွှင်နေတဲ့ အချိန်မှာ ကျက်သရေ မရှိတဲ့ သတင်းဆိုး ကြီးက ရောက်လာသတဲ့။ * ' ဗန္ဓုလစစ်သူကြီးနဲ့ သား ၃၂-ယောက်စလုံး ရန် သူတွေရဲ့ လုပ်ကြံချက်ကြောင့် အကုန်လုံး သေဆုံး ကုန်ကြပါပြီ' လို့ သတင်းပို့ အကြောင်းကြားတဲ့ စာလွှာတစ်စောင် မလ္လိကာထံ ရောက်လာတယ်။ * ရောက်လာတော့ စာရွက်ကလေး ဖြန့်ပြီး ဖတ် ကြည့်လိုက်တယ်ဆိုရင်ပဲ, လုံးဝ မျှော်လင့်မထား တာတွေ သိလိုက် ရတော့၊ ရုတ်တရက် ငိုချ လိုက် ရတော့မလို, ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ခပ် အမ်းအမ်းကြီး ဖြစ်နေသတဲ့။ ဒါပေမယ့် အပ္ပမာဒ သတိကလေးက ဝင်လာတယ်။ * 'ဟယ်-မလ္လိကာရေ၊ မင်း စိတ်နှလုံးကိုတော့ လောကဓံတရားဆိုးတွေက မီးဖုတ်ပေးနေကြပြီ၊ ဉာတိဗျသန=ဆွေမျိုး ပျက်စီးခြင်းလို့ဆိုတဲ့ ဘေး ကြီးက မင်းစိတ်ကို လောင်မြိုက်နေကြပြီး မလ္လိကာ၊ ဒီလင် ဒီသားတွေအတွက် တစ်သံသရာလုံး ပူခဲ့ရ တာတွေ များလှပါပြီကွယ်၊ သူတို့အတွက် တစ်သံ သရာလုံးလည်း ရှုးမတတ် ငိုခဲ့ရတဲ့ အကြိမ်တွေ လည်း များလှပါပြီကော၊ ပူခဲ့ ဆွေးခဲ့ ရလှပါပြီ ကော။ * မင်းယခုဘဝမှာသာသနာတော်နဲ့ ကြုံတုန်း၊တရား အင်အားတွေ ပြည့်ဝနေတုန်းမှာ မငိုလိုက်ပါနဲ့၊ မပူမိ လိုက်ပါနဲ့၊ မင်း မကြာမကြာ နာယူခဲ့တဲ့ တရားတွေ, နှလုံးသွင်း အားထုတ်ခဲ့တဲ့ တရားတွေ, ပြုခဲ့သမျှ ကုသိုလ်အဝဝဟာ ဒီငိုဘေးတွေက လွတ်ချင်လို့ လုပ်ခဲ့တာ၊ လုပ်နေတာ မဟုတ်လား၊ အခုလည်း အလှူလုပ်ဆဲပဲလေ၊ ဒါကြောင့် မလ္လိကာရေ၊ နောက်မှပဲ ပူသင့်ရင် ပူလိုက်ပါ၊ ငိုသင့်ရင်လည်း ငိုလိုက်ပါကွာ။ * အခုလို ကောင်းမှုကုသိုလ် ပြုနေတဲ့ အချိန်လေး မှာတော့ မင်းမပူလိုက်ပါနဲ့၊ မငိုလိုက်ပါနဲ့၊ အေး ချမ်းမှုထဲ ပူလောင်မှုတွေ မစွက်လိုက်ပါနဲ့၊ မင်း စိတ်ကို မင်းထိန်းပါကွာ' လို့ အဲဒီလို အပ္ပမာဒ တရားသတိကလေးက အချိန်မီ ဝင်လာတယ်ဗျ။ *အပျက်အာရုံ အဆိုးအာရုံတွေ ကိုင်တွယ်တဲ့နေရာ သတိဟာ အခရာပဲ။ မီးဖိုပေါ် တင်ထားတဲ့ ဆူပွက် နေတဲ့ ထမင်းအိုး ဟင်းအိုး စတာတွေကို လက်နှီး အဝတ်မပါဘဲ, လက်ချည်းသက်သက်နဲ့ သွားကိုင် ရင် ထိမိရင် လက်ကို အပူလောင်သွားစေတတ် သလိုပဲ၊ အပျက်အာရုံ အဆိုးအာရုံတွေကို တရား အသိ သတိ အခုအခံမပါဘဲ သွားထိရင်တော့ ပဋာ စာရီတို့လို့ အရှုးတစ်ပိုင်းဖြစ်အောင် ပူလောင်သွား မှာပဲ။ * အခုတော့ မလ္လိကာက ဒီလို မဟုတ်ဘူးတဲ့။ အပ္ပ မာဒသတိ လို့ ခေါ်တဲ့ အခုအခံလေးနဲ့ ကိုင်လိုက် တော့ ပူစရာတွေဟာ စိတ်မှာ မထိတော့ဘူးပေါ့။ *နောက်တခါ ပန်းပဲဖိုတွေမှာ ပန်းပဲဆရာတွေဟာ နီရဲနေအောင် မီးဖုတ်ခံထားရတဲ့ သံရိုင်းတုံးကလေး တွေကို လက်မပူအောင် ညှပ်ကလေးနဲ့ ဆွဲထုတ်ယူ ပြီး ပေပေါ်တင်ကာ ကိုယ်လိုချင်တဲ့ ဓား၊ လှံ စတဲ့ အသုံးအဆောင်လေးတွေ ဖြစ်လာအောင် တူနဲ့ အ ဖန်ဖန် ထုပြီးမှ ရေအေးထဲ ချပြီး စိမ်ရသလိုပဲ၊ အခု လည်း မလ္လိကာစစ်သူကြီးကတော်ရဲ့ စိတ်တည်း ဟူသော သံရိုင်းတုံးကလေးကို အဆိုးလောကဓံ တရားတွေက ပူပြီး နီရဲနေအောင်ကို မီးဖုတ်ပေးနေ ကြပြီ။ * ဒါကို မလ္လိကာကသိတော့ မီးဖုတ်ခံရတဲ့ စိတ်ကို မီးထဲကနေ တရားသတိ ညှပ်ကလေးနဲ့ ဆွဲယူ,တရား လမ်းကြောင်းပေါ်မှာ တင်ပြီး ယောနိသောမနသိ ကာရ တူကလေးနဲ့ အဖန်ဖန် ထုပေးတယ်။ * အဲဒီအခါကိုယ်လိုချင်တဲ့ဒါနပုံစံ,သီလပုံစံ,သမထ ဝိပဿနာပုံစံကလေးတွေ ပေါ်လာတယ်။ အဲဒီအခါ သဒ္ဓါတရား ရေအေးထဲ ချစိမ်ထားလိုက်တော့၊ စိတ်ကလေးဟာ အပျက်အာရုံကို အကြောင်းပြုပြီး အပြင်ကောင်းတော့ စွမ်းအား ကုသိုလ်တွေ ရ,ရ တာပေါ့။ စိတ်အားတက်ပြီး ရင့်ကျက်လာတာပေါ့။ *အဲဒီလို မလ္လိကာဟာ ကိုယ့်စိတ်ကို စိတ်ထိန်းကိရိ ယာ သတိတပ်ဆင်ပြီးတော့မှ- 'ဟောဒီလို ဝမ်းမြောက်ဖွယ်ကောင်းတဲ့ ကုသိုလ်ပွဲ ထဲမှာ ပူဆွေးဝမ်းနည်းဖွယ် အကုသိုလ် သတင်းဆိုး ကြီးကို အဝင်မခံတော့ဘူး'ဆိုပြီး ကိုယ့်စိတ်ကို ထိန်းပြီး ဒီစာလွှာလေးကိုလည်း ဘယ်သူ့ကိုမျှ မပြဘဲ အသာလေး ခေါက်ပြီး သိမ်းထားလိုက်သတဲ့။ * ပြီးမှ အပြုံးမပျက် မျက်နှာတစ်ချက် မပျက်ဘဲ ဆွမ်း, ဆွမ်းဟင်းတွေ ချက်မြဲ ချက်တယ်။ စီမံမြဲ စီမံတယ်။ အာဂ အာဇာနည် အမျိုးသမီးပဲ။ * သူက ပုထုဇဉ်ပါ။ အရိယာ မဖြစ်သေးပါဘူး။ သာမန် ပုထုဇဉ်တစ်ယောက်အနေနဲ့ ရင်ဘတ် စည်တီး ချုံးပွဲချငိုချင်စရာကောင်းတဲ့ ၃၃-လောင်း ပြိုင် လူသေမှုကြီးထဲမှာတောင် တရားသတိက လေးနဲ့ ကိုယ့်စိတ်ကို ပြန်ဆည်ပြီး ထိန်းထားနိုင် တာဟာ အလွန်အံ့သြစရာကောင်းပါတယ်။ * တရား အသိ,သတိ အထိန်းကလက်ဦးထားတော့ ရှုးဖို့ဆို နေနေသာသာ ဣနြေ္ဒပျက်တဲ့ အဆင့်တောင် မရောက်ရဘူး။ ဒါ သတိရဲ့ ကျေးဇူးပါ။ 'သတိရှိသူ စိတ်မပူ' ဆိုတာ ဒါပဲပေါ့။ * မနက်လင်းတဲ့အခါ အရှင်သာရိပုတ္ထရာ အမှူးရှိ တဲ့ အရှင်မြတ်ငါးရာ အိမ်ကို ဆွမ်းဘုဉ်းပေးဖို့ ကြွ လာကြတယ်။ ဆွမ်းဝိုင်းမှာ အားလုံးပြင်ဆင်ပြီးတဲ့ အခါမှာ သူတို့က ထောပတ်ကိုအမြတ်တနိုးထားပြီး ကပ်တာဆိုတော့ မီးဖိုပေါ်မှာနွေးအောင်နွှေးထားတဲ့ ထောပတ်အိုးကို၊ ကျွန်မ တစ်ယောက်ကို အယူခိုင်း လိုက်ပါတယ်။ ကျွန်မက ချီမ,လာခဲ့တာ အရေးထဲ ခလုတ်တိုက်လဲတော့ ထောပတ်အိုးဟာ ကျကွဲပါ ရော။ * အဲဒီအခါမှာအရှင်သာရိပုတ္ထရာက မလ္လိကာစိတ် အနှာင့်အယှက် ဖြစ်မှာစိုးလို့ သတိပေးပါတယ်။ 'သတိပေးတယ်' ဆိုတဲ့စကားဟာ အလွန်အဖိုးတန် တဲ့ စကားပါ။ * 'သတိ' ဆိုတာ သာသနာတော်မှာအရေးကြီးဆုံး၊ တန်ဖိုးအထားဆုံး နံပါတ်တစ် တရားပါ။ ဒါကြောင့် 'ခင်ဗျားကို ကျွန်တော် သတိပေးရဦးမယ်' ဆိုရင် စိတ်မဆိုးနဲ့။ အဲဒါ လက်ဆောင်ပေးတာပဲ။ ဆရာ သမားတွေက `ငါ့တပည့်တွေကို သတိပေးရ ဦးမယ်´ ဆိုရင် စိတ်မဆိုးကြနဲ့။ အဲဒါ အဖိုးတန် လက်ဆောင် ပေးတာ။မိဘတွေက 'ငါ့သား, ငါ့သမီးတွေကို သတိ ပေးရဦးမယ်' ဆိုရင် စိတ်မဆိုးကြနဲ့။အဲဒါ အဖိုးတန် လက်ဆောင်ပေးတာ။ *အဲဒါကြောင့်မို့လို့ အရှင်သာရိပုတ္ထရာကလည်း မလ္လိကာကို ကုသိုလ်အလုပ်ထဲ အပူကုသိုလ် ဝင် လာမှာစိုးလို့ တရားသတိ လက်ဆောင်ပေးလိုက် ပါတယ်။ 'မလ္လိကာရေ၊ ကွဲတတ်တဲ့အမျိုး ကွဲတာပေါ့ကွယ်, မဆန်းပါဘူး၊ ဒါကြောင့်မို့ ကွဲပြီးသား ထောပတ်အိုး အပေါ်မှာ စိတ်စနိုးစနောင့် မဖြစ်ပါနဲ့၊ ကွဲပါစေ´ တဲ့။ (အဲဒီအချိန်ထိ ဗန္ဓုလစစ်သူကြီးနဲ့ သား ၃၂-ယောက် လုပ်ကြံခံရတာကို အရှင်သာရိပုတ္ထရာ မထေရ်ကြီး မသိသေးဘူး။) * ဒါနဲ့ မလ္လိကာက ညတုန်းက သူသိမ်းပြီးထားတဲ့ စာရွက်ခေါက်ကလေးကို ဖြန့်ပြီး အရှင်သာရိပုတ္တ ရာကို ပြလိုက်သတဲ့၊ ပါးစပ်ကလည်း- 'အရှင်ဘုရား, တပည့်တော်ရဲ့ အားအကိုးဆုံးနဲ့ အချစ်ရဆုံး ခင်ပွန်းဖြစ်တဲ့ ဗန္ဓုလစစ်သူကြီးနဲ့ သားရင်သွေး၃၂-ယောက်၊ ဘာအပြစ်မျှ မရှိဘဲနဲ့ တစ်ယောက်မကျန် အသတ်ခံရကြောင်း ကြားရတဲ့ အချိန်တုန်းကတောင် တပည့်တော်မရဲ့စိတ်ကို မတုန်လှုပ်အောင်၊ မယိမ်းယိုင်ရအောင် ထိန်းပြီး တော့ ထားနိုင်ပါသေးတယ်ဘုရား။ဒီထောပတ်အိုး လေးကွဲတာလောက်တော့ တပည့်တော်မ စိတ်ထဲ မှာ အရေအတွက်ပင် မထားကြောင်းပါဘုရား'လို့ လျှောက်သတဲ့။ * ဒီစကား ကြားရတဲ့အခါအရှင်သာရိပုတ္ထရာ မထေရ်ကြီးက- 'သာဓု-သာဓု-မလ္လိကာ, ကိုယ့်စိတ်ကိုပိုင်နိုင်အောင် ထိန်းနိုင်ပါပေတယ်၊ ကိုယ့်စိတ်ကို ငြိမ်သက်အေး ချမ်း အောင် ထားနိုင်တဲ့ အာဇာနည် အမျိုးသမီးပါ ပဲကွယ်'လို့ လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ရှာပါတယ်။ * အင်း -လောကကြီးမှာ ကြည့်တတ်ရင်တော့ ဘယ်အရာမဆို တရားချည်းပင်ဖြစ်ပြီး၊ မကြည့် တတ်ရင်တော့ အလကားချည်းပါပဲ။ * မလ္လိကာ စစ်သူကြီးကတော်ဟာ ပုထုဇဉ် မိန်းမ သား တစ်ယောက်ဖြစ်လျက်နဲ့ ဒီလောက် စိတ် ဓာတ်ခိုင်မာ ရင့်ကျက်တယ်ဆိုတာ၊ အမှန်ကတော့ သူ့ရဲ့ပကတိ နှလုံးသားအစွမ်းကြောင့် မဟုတ်ဘူး။ သတိနဲ့ ထုံမွှမ်းထားတဲ့ တရားနှလုံးသားရဲ့ စွမ်း အားကြောင့်ပါပဲ။ ယောဆရာတော်ဘုရားကြီး


via အလင်းရောင် ဓမ္မ https://ift.tt/2ZdURfm