အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, August 29, 2019
*သူ့ ထမင်းထုပ်နဲ့သူ လာတာပါ *သူ့ ကံ နှင့် သူ လာခဲ့ တာ ================ ကျွန်မသူငယ်ချင်းတစ်ယောက်ရှိတယ်. အစကတော့သာမာန်ပါပဲ. နောက်တော့အိမ်ထောင်ကျတယ်. စီးပွားရေးလေးအဆင်ပြေလာတယ်. မိဘတွေက၀န်ထမ်းဆိုတော့. ပင်စင်ယူတဲ့အခါ. နေစရာစားစရာမရှိ. တသက်လုံးက၀န်ထမ်းဘ၀မှာ. စိတ်ဖိစီးလာခဲ့တဲ့ဒဏ်တွေနဲ့. ကျန်းမာရေးကချူချာ. အားလုံးထက်စာရင်. နည်းနည်းပါးပါးအဆင်လည်းပြေ. သားအိမ်ထက်စာရင်. သမီးအိမ်ကနေရတာ. ပိုအဆင်ပြေတယ်. ချွေးမနဲ့ကျ ငြူစူမစိုးလို့. သူမအိမ်ကိုရောက်လာကြတယ်. သူမက. စီးပွားရေးက. ခုမှအဆင်ပြေစဆိုတော့. အဝေးကပဲထောက်ပံ့ချင်တယ်. အတူနေတဲ့သားသမီးက. ငရဲပိုကြီးတယ်. ပြောမှားဆိုမှား. ဖြစ်တတ်တယ်ပေါ့လေ. ကိုယ့်ခြေထောက်ပေါ်ကိုယ်. ရပ်နိုင်လည်း. မိဘအရိပ်နေတုန်းကလို. သတိထားပေါ့အေ. အပြောမမှားစေနဲ့ပေါ့.လို့. ကျမကပြောလိုက်ပါတယ်. အသက်ကြီးလာတော့. စကားများလာတာရှိတာပေါ့လေ. ကျန်းမာရေးကမကောင်းတော့ စိတ်တိုင်းကမကျ. လူကြီးဆိုတော့လည်း.. ဟိုလို.ဒီလို.ဇီဇာလေးတော့. ကြောင်တာပေါ့.. သူမကဘာပြောလည်းဆိုတော့. သားသမီးဆယ်ယောက်ကို. မိဘ၂ပါးကကျွေးနိုင်တာ. သားသမီးလိုကျွေးရလို့ပါ. ၀န်ထမ်းသားသမီးဘ၀မှာ. မောင်နှမသားချင်းများတော့. ဘဲဥတခြမ်းဆို.တခြမ်း. အကြော်တစ်ခုဆို.တစ်ခု. ၀က်အူချောင်း. လက်တစ်ဆစ်ဆို.တဆစ်. ပန်းကန်ထဲထမင်းခူး. ဟင်းကိုဝေပုံကြနဲ့စားခဲ့ရပေမဲ့. မိဘကိုတော့. သားသမီးထားသလို. ထားမရဘူးလေ..တဲ့. ပြီးပြီးရော. ထမင်းထဲဘဲဥတခြမ်းထည့်. အင့်.စား.ဆိုလို့.မရဘူးတဲ့. အဲ့လိုလုပ်ရင်... ငရဲကအော်တိုကြီးတယ်. ကိုယ်ကအလုပ်ရှုပ်တယ်လေ. သူတို့က. ထမင်းခူးမပေးရင်.မစားဘူး. အားတဲ့အချိန်လေး. ခူးပေးတော့.မဆာသေးဘူး. မအားမှ.ထမင်းစားမယ်.. ဆိုတော့. ငြိုငြင်မိပါတယ်. ကျမမှာတော့.. အမေနဲ့အဖေရောက်ကတည်းက. ငရဲ.၀ယ်နေရသလိုပဲ..တဲ့. တလ.တလ. ဆေးဖိုးကလည်း.. ၁၅သိန်း.ထက်မနည်းဘူး. ဆေးကလည်းဈေးကြီးချက်. ငွေနဲ့အသက်ဆက်နေရတယ်. ပိုက်ဆံနှမြောလို့ပြောတာ. မဟုတ်ပါဘူး.. တခြားမောင်ဆီမှာသွားနေရင်. ကျမက.ပိုက်ဆံကုန်ပေမဲ့. အလုပ်မရှုပ်တော့ဘူးပေါ့. တဲ့. ကုန်ကျစားရိတ်တွေအကုန်. ကျမကထောက်ပံ့မှာပါတဲ့. သမီးဖြစ်သူနဲ့မသေခင်. နွေးနွေးထွေးထွေး. နေချင်ရှာလို့နေမှာပါ. ညီမရယ်..ဆိုတော့. အမ.မသိဘူးနော်. တခါတခါရောဂါဖောက်ရင်. ကျမအလုပ်တွေ.. အကုန်ဖျက်ပြစ်ရတာ. တအိမ်လုံး. ဆိုင်ထမင်းဟင်းပဲစားရတယ်. ၀ဋ်ကြီးပါတယ်အမရယ်. ဒီလိုနဲ့သူမအဖေဆုံးတယ်. အဖေ့စိတ်နဲ့. အမေလုပ်သူလည်း. လပိုင်းပဲခြားတယ်. ဆုံးပါးသွားပါတယ်. သူမလည်း.. မိဘဆိုတော့ငိုတာပေါ့လေ. ရက်လည်ပြီးနောက်ပိုင်း.. ကျမအမြင်..သူမက. ခါတိုင်းထက်. ပိုသွက်လက်ပေါ့ပါးနေပုံပါပဲ. အိမ်သန့်ရှင်းရေးတွေလုပ်. ဘုရားပန်းတွေလဲ. ဖွယ်ဖွယ်ရာရာတွေချက်ပြုတ်. အမရေ..အရင်ကတော့. အိမ်ဆို.ညစ်ပတ်နေတာပဲ. ဘုရားပန်းတောင်မလဲဖြစ်ဘူး. ချက်ဖို့ဝေး.. မီးဖိုချောင်နားတောင်မကပ်ရတာ. ဘုရားတောင်မကန်တော့ဖြစ်တဲ့. ရက်တွေရှိတယ်. ခုတော့.. အချိန်လည်းရ. ဘာသာရေးလည်းလုပ်ဦးမှ. စီးပွားရေးပဲ.. ဇောက်ချတော့မယ်အမရေ.. ဒီအရွယ်က. စီးပွားရှာရမဲ့အရွယ်လေ. ကျမမိဘတွေကြည့်ပါလား. ပင်စင်လည်းယူရော. နေစရာမရှိ. ကျမအဲ့လိုဖြစ်မှာ. ကြောက်တယ်သိလား. ကိုယ့်တုန်းက.. အမွေ မရခဲ့ဘူးလေ. ဒုက္ခတွေပဲရခဲ့လို့.. ကိုယ့်သားသမီးကျ. အမွေပေးနိုင်အောင်. ကြိုးစားမယ်အမရေ အဲ့လိုပြောပြီးမကြာပါဘူး. ကလေးကိုကျောင်းသွားကြိုတာ. ကားကို.ဒီဘက်မှာရပ်. သူ့ကလေးက. ကျောင်းပေါက်ကအထွက်. လမ်းကူးလာမှာစိုးရိမ်ပြီး. သားအဲ့ဖက်နေ. အမေလာခေါ်မယ်ဆိုပြီး.. ရုတ်တစ်ရက်လမ်းဖြတ်အကူး. အရှိန်ပြင်းတဲ့. ကျောင်းသားဆိုင်ကယ်က. ၀င်တိုက်ပြီး. ခြေသလုံး၃ပိုင်းကျိုးပြီး. အရိုးကနည်းနည်းကြေသွားတာ. စတီးရိုးထည့်လိုက်ရတယ်. အထဲမှာ.မူလီနဲ့စုပ်ပြီး. ပြန်ခွဲရတယ်.ဆိုလား. အိပ်ယာထဲလပေါင်းများစွာ. ဆေးရုံကဆင်းတော့ .. ဂျိုင်းထောက်ကကူရ. စိတ်သွားတိုင်းကိုယ်ကမပါ. သူ့လုပ်ငန်း. သူကသွက်တော့ဦးစီး. ယောက်ျားကနောက်လိုက်. ဆေးရုံတက်တဲ့ကာလမှာ. မိတ်ကပျက်. စီးပွားရေးက. ဇောက်ထိုးပြန်ကျလာတော့. သူမျှော်လင့်တာတွေနဲ့လွဲ. ကျမကိုက.ကံဆိုးပါတယ်. အမရယ်..တဲ့. စိတ်ကကျတော့. ခွန်အားလျော့ပြီး. ဘာမှအဆင်မပြေတော့. ယောက်ျားလုပ်သူကလည်း. သူဆေးရုံတက်တုန်း. နောက်ပိုင်းက.သူငှါးထားတဲ့. စာရင်းကိုင်နဲ့ထင်တိုင်းကျဲ. ကျမလည်းမြင်ရော. အော်ငိုပါလေရော. အမရေ.အမရဲ့.. အမေကလေ.ကျမကို. ပိုက်ဆံသာမပေးခဲ့တာ. နှလုံးရောဂါအမွေတော့. ပေးခဲ့တယ်တော့..တဲ့. ဘာဆိုင်လို့တုန်းအေ.. သေတဲ့အမေကိုဆွဲမထည့်ပါနဲ့. *သူက.. သူ့ထမင်းထုတ်နဲ့သူ.လာတာပါ. ညည်းဆီက. ဘာမှမယူပါဘူး..ဆိုတော့. 'ဘယ်လိုအမ'.တဲ့. *လူဆိုတာ. ကိုယ်ထမင်းထုတ်နဲ့ကိုယ်. လာတာပါ.ညီမရေ.. အမြင်မှာတော့... ညည်းကကျွေးထားရတယ်.. ဆိုပေမဲ့. *သူ့ဆေးဖိုး.သူ့ကံပါသလောက်. ညည်းတို့အဆင်ပြေခဲ့တာပဲလေ. *သူ.ဒီအိမ်မှာနေတုန်းက. ညည်းပိုက်ဆံရှာရမခက်ဘူး. *သူ့ကုသိုလ်နဲ့သူ.. သူ့ကုသိုလိကိုမှီပြီး.. ညည်းအဆင်ပြေတာကို. စိတ်ကြီးဝင်တာကိုး.. *နှလုံးစက်ထည့်ဖို့.စားဖို့. ဆေးကုဖို့..ဆိုတာ. သူတို့အတိတ်ကပြုခဲ့တဲ့. ဒါနကုသိုလ်ပါလာလို့. ညည်းအိမ်မှာနေသခိုက်. ညည်းကိုပါကျေးဇူးပြုသွားတာ. *သူ့ဆန်သူစား.. ကုန်တဲ့နေ့ပြန်တော့. ညည်း.ခုလက်ကြည့်ကျန်ခဲ့တာ. ညည်းဒါန. အတိတ်ကပါမလာလို့ပေါ့အေ. Aww..အမ. သူ့ဆန်သူစား.. သူ့ထမင်းထုတ်နဲ့သူလာတာ. ကျမ.မသိခဲ့ဘူး..အမရယ်.တဲ့. တအိအိနဲ့.ငို... ကျမလည်း.ဒိထက်ပိုပြီး. မနှစ်သိမ့်တတ်ပါလေတော့. ဘယ်မိဘကမှ. အတူနေရင်းလည်း. သားသမီးလုပ်စာ. အလကားမစားပါဘူး.. ညီမလေးရယ်..လို့. Credit MYA Nan Thida Nwe 🌱KG DhammaSchool🌱
via အလင်းရောင် ဓမ္မ https://ift.tt/2zvDhnQ
Newer Post
Older Post
Home