Saturday, August 31, 2019

ဘုရင်ကိုတုန်လှုပ်စေသော အံ့ဖွယ်သီလ" *************************** ရာဇဂြိုလ်ပြည့်ရှင်ဗိမ္ဗိသာရမင်းကြီးနှင့် တိုင်းသူပြည်သားများသည် အပတ်စဉ် ဥပုသ်သီတင်း သီလ ဆောက်တည်ကြ၏။ဘုရင်၏စားတော်ကဲ ဖြစ်သည့် "သီလရက္ခိတ"လည်းပါဝင်၏။ ဥပုသ်တစ်ရက်တွင် မုဆိုးတစ်ယောက်သည် ဝေဘာရ တောင်သို့သွားပြီး သလေးစပါးတောကြီးထဲတွင် ညွတ်ကွင်းထောင်၏။ထိုအခါ တစ်ကိုယ်လုံးဖြူဆွတ်နေ သည့် ကြက်ဖြူဇနီးမောင်နှံသည် ကြက်အပေါင်းငါးရာ ခြံရံလျှက် တောင်ထိပ်မှဆင်းလာ၏။ ကြက်အပေါင်းသည်သလေးစပါးတောအနီး ကျောက်ဆောင်ပေါ်ရပ်နေရင်း သုံးကြိမ်တွန်ပြီးနောက် မြေသို့ဆင်းကာ သလေးစပါးတို့ကို စားသောက်ပြီး ပျော်ရွှင်စွာကခုန်နေ၏။ကခုန်ရင်းကြက်ဖြူဇနီးမောင်နှံ သည် ညွတ်ကွင်းတွင်မိလေသည်အခြားကြက်များ လည်း လန့်ပြီးပြေးကြလေသည်။ မုဆိုးသည် ကြက်ဖြူနှစ်ကောင်ညွတ်ကွင်းမိနေ ကြောင်း မြင်သည်နှင့် ပြေးဖမ်းကာ ယူဆောင်သွား၏။ မုဆိုးက"ဤကြက်ဖြူနှစ်ကောင်သည်အလွန်ထူးဆန်း၏။ဈေးသို့သွားရောင်းလျှင် ဥစ္စာများများရမည်မဟုတ်။ဘုရင်ထံ ဆက်သလျှင် ဥစ္စာများများရမည်"ဟုကြံမိပြီး ဗိမ္ဗိသာရမင်းကြီးထံ ယူဆောင်ကာ ဆက်သလိုက်၏။ မင်းကြီးလည်း ဝမ်းသာအားရဖြစ်ပြီး မုဆိုးအား ဆုလာဘ်အမြောက်အများပေးလိုက်လေသည်။ မင်းကြီးသည် စားတော်ကဲ သီလရက္ခိတအားခေါ်ပြီး "အချင်း စားတော်ကဲ ဤကြက်နှစ်ကောင်ကို ပွဲတော် အတွက် ချက်စေ"ဟု အပ်လိုက်၏သို့သော်အဲဒီနေ့ သည် ဥပုသ်သီတင်းစောင့်သည့်နေ့ဖြစ်နေ၏။ ထို့ကြောင့် စားတော်ကဲသည်ကြက်ဖြူနှစ်ကောင်ကို ကြည့်ပြီး"ငါဟာ ဒီနေ့ ဥပုသ်စောင့်တည်ထားတာ ဆိုတော့ ဒီကြက်နှစ်ကောင်ကိုသတ်ရင်သူ့အသက် သတ်ခြင်းသိက္ခါပုဒ်ပျက်စီးပြီး သီလကျိုးပေါက်မယ်။ ဒါ့ကြောင့် မင်းကြီးဟာငါ့ကိုသတ်လိုက သတ်စေ။ ဒါမှမဟုတ် တိုင်းပြည်မှနှင်ထုတ်ပါစေ။ငါဒီကြက် နှစ်ကောင်ကိုအသက်ပေးပြီးသူ့အသက်သတ်ခြင်းသိက္ခါပုဒ်ကို စောင့်ထိန်းမယ်"လို့ကြံပြီး ကြက်နှစ်ကောင် ကို တောစပ်သို့ လွတ်လိုက်လေသည်။ ပွဲတော်တည်ချိန်ရောက်သည့်အခါ မင်းကြီးက ကြက်သားပါမလာတာကိုကြည့်ပြီး "ဟဲ့ အချင်းစားတော်ကဲ ...ငါချက်ရန်ပေးထားသော ကြက်သားပါမလာပါ့လား"ဟုမေးလေသည်။ "မှန်ပါ အရှင်မင်းမြတ်ယနေ့ကျွန်ုပ်ဟာအရှင်မင်းကြီးလို ဘဲ သီလဥပုသ်တော်မြတ်ကို ခံယူဆောက်တည်ထား သည့်အတွက် သီလပျက်စီးသွားမည်ကို စိုးရိမ်ပါသည်။ ဒါကြောင့်သူ့အသက်မသတ်ဘဲအရှင်မင်းမြတ်သတ် လျှင်လည်း သေစေ။တိုင်းပြည်မှနှင်ထုတ်လျှင် လည်းနှင်ပါစေ။သူ့အသက်မသတ်ခြင်းသိက္ခါပုဒ်ကို စောင့်ထိန်းလျှက်ကြက်နှစ်ကောင်ကို ယူဆောင်ပြီး တောစပ်လွှတ်လိုက်ပါသည်ဘုရား"ဟု လျှောက်တင် လိုက်လေသည်။ မင်းကြီးလည်း အလွန်နှစ်သက်ဝမ်းမြောက်ပြီး "အချင်း သီလရက္ခိတ သင့်ရဲ့သီလစောင့်ထိန်းခြင်းဟာ အံ့ဖွယ်ရှိပါပေတယ်။ကိုယ့်အသက်ကို ပဓာနမထားဘဲ သီလကို မကျိုးမပေါက်အောင် စောင့်ထိန်းတဲ့ သင့်ရဲ့ ကောင်းမှုပြုခြင်းဟာ ငါ့အားတုန်လှုပ်မိစေတယ်။ ဒါ့ကြောင့်ယနေ့မှစ၍ သင့်အား စားတော်ကဲရာထူး တွင်မထားတေါ့ပြီ။သင်ဟာချမ်းသာစွာအသက်မွေး လော့"ဟု မိန့်ကာမြောက်များစွာသော ဥစ္စာတို့ကို ပေးရုံမက ဆင်တစ်ရာမြင်းတစ်ရာ အလုပ်အကျွေး တစ်ရာ တန်ဆာဆင်သောအမျိုးသမီးတစ်ရာအပြင် အခွန်တစ်သိန်းထွက်သောရွာကြီးရှစ်ရွာနှင့်တကွ သူဋ္ဌေးဘွဲ့ထူးကိုပါ အပ်နှင်းလိုက်လေသည်။ ယခင်သူဋ္ဌေးကြီးများနေထိုင်ရာအိမ်ရာမြေကိုလည်း ပေးလိုက်၏။အိမ်ဆောက်ရန် မြေညှိစဉ် ရွှေအိုးကြီးများ သည် မြေပြင်အပြည့်ပေါ်လာ၏။ရေတွင်းဟောင်းဖော် သောအခါတွင်လည်း ရွှေအိုးအလုံးခြောက်ဆယ် တစ်ပြိုင်တည်းပေါ်လာ၏။ ဤအကြောင်းအရာအားလေ့လာခြင်းဖြင့် ၁။ သီလတော်မြတ်အား ယုံကြည်စွာဆောက်တည်ပါက အလွန်အကျိုးကျေးဇူးများကြောင်းတွေ့ရ၏။ ၂။ အဆိုပါ သီလတွင် အသက်လှူသည့် သီလသည် ကြီးကျယ်သောအကျိုးကိုရ၏။ ၃။ သီလရက္ခိတ၏ သီလမျိုးသည် အသက်ကိုပေးလှူ သော သီလဖြစ်၍ သောတာပန်သီလမျိုးဖြစ်၏။ သောတာပန်သည် သီလကို အသက်ထက် တန်ဖိုး ထား၏။ Cr# ==========တရား ရတနာ========


via အလင်းရောင် ဓမ္မ https://ift.tt/2ZCMdSY