အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, August 31, 2019
သူ့ ကိုမုန်းရင် ကိုယ်ရှုံးသည်(သို့မဟုတ်) ရဟန္တာပြစ်မှား၍( ၅၅ )နှစ်တိုင်မစင်စားရသည် 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ရာဇဂြိုဟ်ပြည်မှာပါ ချမ်သားတဲ့ မိဘနှစ်ပါးက မွေးလာတဲ့ သားလေးတစ်ယောက် ရှိပါတယ်။ ငယ်ငယ်က ထမင်းကျွေးရင် ငိုပါတယ်၊ မစားပါဘူး ကိုယ်မစင်ပဲ လျှာလေးနဲရက်ရက်ပြီး စားပါတယ်။ အကျင့်က မပျောက်တော့ ကြီးလာတော့ မိဘတွေက ရှက်လို့ အဝတ်မဝတ်တဲ့ အစေလက အာဇီဝကတွေ ထံ ပိုလိုက်ပါတယ်။ အချိန်တန်ဆွမ်းစားခေါ်တော့ သူက မလိုက်ပါဘူး။ ဗိုက်မစာဘူးလိုလို ဘာလိုလိုနဲ့ ကျန်ခဲ့တာပါ သူက ဘာစားလဲဆိုတော့ မစင်တွင်းကို ဖွင့်ပြိး အားရပါးရ စားသတဲ့ ။ နောက်တော့ အာဇီဝကတွေက ကျောင်းကို ပြန်ချောင်းတော့မိပါတယ် သူ့ ကို ကျောင်းက ထုက်လိုက်ပါတယ် ဒါနဲ့  အိမ်သာများမဲ့ နေရာ ဈေးတန်းကို ရွေးလိုက်ပါတယ် သူ့ အတွက် အတော်ဟန်ကျဆိုပဲ။ သူနေတဲ့ ပုံစံက ဒီလိုပါ လက်တစ်ဖက်က ကျောက်ဖျာကိုထောက် ခြေတစ်ဖက်က မြှောက်ပြိး ဒူးထောက်နေပါတယ်။ ပြိးတော့ ပါးစပ်လဲ ဖွင့်ထားပြိး သူများတွေ မေးရင် လေကို သာစားတယ်လို့ ဖြေပါတယ် ဒိလိုနဲ့  မစင်တွေစားခဲ့တာ ၅၅ နှစ်ကြာသွားခဲ့ပါတယ်။ တစ်နေ့တော့ဘုရားရှင် သွားပြီးတရားဟောရပါတယ် နောက်ဆုံး ရဟန္တာ ဖြစ်သွားပါတယ် ( ၅၅ )နှစ် ဘာလို့  မစင်တွေစားခဲ့ရတာလဲဆိုတော့.. တစ်ခုသောဘဝမှာ သူက ရဟန်းတစ်ပါး ဖြစ်ခဲ့တယ် ကျောင်းကိုလာတဲ့ ရဟန်းတစ်ပါးကို ရွာထဲက ဒကာ က ကြည်ညိုလို့  ကုဋင် ဆွမ်း ဆတ္တာသည် သင်္ကန်း ထို လေးမျီုးကို ဒကာ က လှူမယ်ဆိုလို့  ကျောင်းနေရဟန်းက အာဂန္တု ရဟန်းကို ထိုလဘ်လာဘ တွေကို မရစေချင်တာ ဒါနဲ့သူက ညနေချမ်းအခါ အာဂန္တု ရဟန်းထံသွားပြီး ... သင်သည် ငါ့ဒကာလှူမယ့်ဆွမ်းကို စားမယ့်အစား မစင်စား ဒါကမှ မြတ်သေးတယ် သင်သည် ဂေါင်းကို ဓားနဲရိတ်မယ့်အစား ဆံပင်ကို နုတ်တာကမှ မြတ်သေးတယ် သင်သည် သင်္ကန်းဝတ်မဲ့ အစားအဝတ်မစည်း ပဲနေတာကမှ မြတ်သေးတယ်။ သင်သည် ကုဋင်နဲအိပ်ရတာထက် မြေကြီးမှာ အိပ်ရတာက မြတ်သေးတယ်လို့ .. ဒီလို ပြောခဲ့မိတယ်။ တကယ်ဆို ခဏလာတဲ့ ဧည့်သည်ပဲ သူပြန်သွားရင် ဒီပစ္စည်းတွေ ကိုယ့်ကျောင်းမှာ အကုန်ကျန်ခဲ့မှာ ယူသွားလို့ လဲ မရဘူး ... ဒီလိုလေးများ စဉ်းစားမိလိုက်ရင်... ခုတော့ ... သူပြောခဲ့မိတာက ရဟန္တာဆိုတာ မသိခဲဘူး ( ၅၅ )နှစ်တိုင်အောင် အဝတ် မဝတ်ရဘူး ဆံပင် အနုတ်ခံရတယ် မြေကြီးပေါ်ပဲ အိပ်ရတယ် မစင်ကိုပဲ (၅၅ ) နှစ်ကြာအောင် စားခဲရတယ် ။ သူ့ ကို ခဏလေးမုန်းတဲ့ စိတ်နဲ့ ပြောဖြစ်ခဲ့ပေမဲ့ ကိုယ့်မှာတော့ ဘဝတိုင်း #ရှုံးခဲ့ရတယ် သြော် ... သူ့ ကိုမုန်းရင် ကိုယ်ရှုံးသည် ။ မစ္ဆရိယ ဆိုတာ တယ်ကြောက်စရာကောင်းပါလား ရှောင်နိုင်ကြပါစေ
via အလင်းရောင် ဓမ္မ https://ift.tt/2HvKl8j
Newer Post
Older Post
Home