အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, August 26, 2019
အရင်တုန်းကတော့အောင်မြင်နေတဲ့သူတွေကိုအားကျတယ်,,, အခုတော့ ပျော်ရွှင်နေတဲ့သူတွေကိုပဲအားကျတော့တယ်,,, အရင်ကတော့ လူရာဝင်တဲ့သူတွေကိုလေးစားတယ်,,, အခုကျတော့ လူကိုလူလိုဆက်ဆံတတ်တဲ့သူတွေကိုပဲ လေးစားမိတော့တယ်,, အရင်တုန်းကတော့ ငွေကြေးချမ်းသာတဲ့သူတွေကို ငေးမောခဲ့ရတယ်.. အခုတော့ စိတ်ချမ်းသာနေတဲ့သူတွေကိုပဲ ငေးမောနေမိတော့တယ်.. အရင်တုန်းကတော့ လူတွေယုံကြည်လာအောင်နေထိုင်ခဲ့ကျင့်ကြံခဲ့တယ် အခုတော့ ကိုယ့်လိပ်ပြာကိုယ်လုံဖို့ပဲ ဦးစားပေးကျင့်ကြံ နေဖြစ်တော့တယ်... အရင်တုန်းကတော့ ကြိုးစားတဲ့သူတွေကိုအတုယူတယ်... အခုကျတော့ ရိုးသားတဲ့သူတွေကိုပဲ ပိုအတုယူလာမိတယ်.... အရင်တုန်းကတော့ အရှေ့ဆုံးကနေပန်းဝင်ဖို့ပဲအားစိုက်တယ်... အခုကျတော့ ဖြည်းဖြည်းမှန်မှန်နဲ့ ဘဝကိုရိုးရိုးရှင်းရှင်းလေးဖြတ်သန်းသွားနိုင်ဖို့ပဲ အားစိုက်တော့တယ်..... Lawkanat Credit မနောဖြူ —————————
via အလင်းရောင် ဓမ္မ https://ift.tt/2Zqrcuv
Newer Post
Older Post
Home