အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, August 28, 2019
❄တရားမရလို့အားမချပါနဲ့❄ ➖➖➖➖➖➖➖ 🔹 ဝိပဿနာအားထုတ်ကြတဲ့အခါ ၊ ပါရမီရင့်ကျက်ပြီးကြသူတွေမှာတော့ ၊ အားထုတ်ပြီး ရက်၊လ၊နှစ်မကြာခင်မှာပဲ တရားထူးကို ရနိုင်ကြပါတယ်။ သို့သော်ပါရမီအားဖြင့်မည်မျှပင်ပြည့်ဝနေစေကာမူ အလွယ်တကူတော့ရခဲ့ကြတာမဟုတ်ပါဘူး။မဂ်ဖိုလ်ရနိုင်လောက်တဲ့ ဇွဲ လုံ့လ ဝီရိယ အချိန်စတာတွေကို ပေးဆပ်ပြီးမှသာ ရနိုင်ကြတာပါ။ 🔸 အချို့ကြတော့လည်း နှစ်ပေါင်းများစွာ တရားအားထုတ်ခဲ့ကြသော်လည်း မဂ်ဖိုလ်အခွင့်ကိုမရနိုင်ကြသေးတာမျိုးရှိပါတယ်။ ယခုခေတ်မှာ နေယျပုဂ္ဂိုလ်တစ်ဦးတည်းသာ အားထုတ်နိုင်ပါကတရားရနိုင်ပြီး ပဒပရမပုဂ္ဂိုလ်တွေကတော့ မည်မျှပင်အားထုတ်သည်ဆိုစေ မဂ်ဖိုလ်မရနိုင်ပါဘူး။ 🔹 ဒါ့ကြောင့်မိမိဟာတရားအားထုတ်ပေမဲ့ မဂ်ဖိုလ်ခွင့်နဲ့လွဲနေခဲ့လျှင် ၊ မိမိဟာပဒပရမပုဂ္ဂိုလ်ထဲမှာ ပါနေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 🔸 မည်သို့ပင်ဆိုစေကာမူ တားအားထုတ်မှုကိုလက်မလွှတ်ပစ်ပါနဲ့ ။ တရားအားထုတ်ရင်းနဲ့ နောက်ဆုံးအချိန်ကို ဝိပဿနာတရားအမှတ်နဲ့ ကျော်ဖြတ်မယ်ဆိုရင် ၊ အားထုတ်ရင်းကစုတိစိတ်ကျတာနဲ့တစ်ပြိုင်နက် ၊ နတ်ပြည်မှာ နတ်သားဖြစ်ရပါတယ်။ 🔹 နတ်ဆိုတာမျိုးက အခိုးရုပ်တွေသာဖြစ်ပြီး ၊ အသွေး အသား ကျင်ကြီး ကျင်ငယ် သလိပ် မစင်စတာတွေမရှိပါဘူး။ အင်မတန်သန့်ရှင်းကြည်လင်ပြီး ညာဏ်အင်မတန်ထက်မြက်ပါတယ်။ 🔸 စုတိစိတ်ကျပြီးပြီးခြင်း နတ်သားဖြစ်ဖြစ်ခြင်းမှာပဲ ၊ အားထုတ်ဆဲဝိပဿနာညာဏ်နဲ့ ခန္ဓာကိုတစ်ခက်အလှည့်မှာပဲ မဂ်ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါတယ်။ အရိယာဖြစ်ပြီး မဂ်ဖိုလ်မှ ထတဲ့အချိန်ကျမှသာ မိမိဟာ နတ်ဘဝရောက်နေပါလားလို့ သိနိုင်ကြပါတယ်။ 🔹 ဝိပဿနာအားထုတ်ရင်းနဲ့ စုတိကျရင် နတ်ပြည်မှာ ဇာတိဖြစ်ရပြီးနောက်မှာ မဂ်ဖိုလ်အခွင့်ကအလျင်လာပြီး ၊ နတ်ဖြစ်တာကိုနောက်မှ သိကြရပါတယ်။ ဒါ့ကြောင့်တရားအားထုတ်တာ နှစ်ပေါင်းများစွာကြာမြင့်လာလို့ မဂ်ဖိုလ်ခွင့်ကိုမရကြသေးလျှင်လည်း ၊ အားထုတ်နေတာကို လျော့မချလိုက်ပါနဲ့ ၊ အားထုတ်မြဲသာအားထုတ်ပြီးနေတော်မူပါ။ 🌟 နောက်ဆုံးပွဲ အာသာဏကံ ကိုဝိပဿနာနဲ့နွှဲကြမယ်ဆိုရင် ၊ ဒုတိယဘဝ (ယခုသာသနာအတွင်း)မှာပင် မဂ်ဖိုလ်ရနိုင်ကြပါကြောင်း.....။ . . 💠သာယာချမ်းမြေ့ကြပါစေ💠 . 🌟သစ္စာနီ🌟 PS . တရားမရနိုင်ကြလို့ ပါရမီကို ရိုးမယ်ဖွဲ့ပြီး ၊ နောက်ဆုတ်လိုက်မယ်ဆိုလျှင် ၊ ယခုဘုရားသာသနာမှာပင် အရိယာဖြစ်ခွင့် ၊ သုဂတိနတ်ဘဝမှာ ၊ မဂ်ဖိုလ်ပိုင်ဆိုင်ခွင့်ကို လက်လွှတ်ဆုံးရှုံးကြရပါလိမ့်မယ်။ လက်လျော့နောက်ဆုတ်ပြီး ၊ လျော့တိလျော့လျဲဘဝနဲ့ ခန္ဓာချတာနဲ့ သံသရာမှာ မျောကြ မြုပ်ကြရဦးမှာပါ။ အကုသိုလ်ကံကြွင်းအနန္တက အပါယ်ကိုတစ်ချက်ဆွဲချလိုက်ရင် သာသနာနဲ့အိုးစားကွဲကြပြီသာမှတ်တော်မူပါ။
via အလင်းရောင် ဓမ္မ https://ift.tt/2zv7Ae1
Newer Post
Older Post
Home