အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, August 27, 2019
#ကုသိုလ်တိုင်းမှာ " နိဗ္ဗာန်အထောက်ပံ့ဖြစ်ပါစေ " ____________ နေ့စဉ်မေတ္တာဘာဝနာကို ပွားများဖြစ်အောင်ပွားများပါ ကုသိုလ်စိတ်မှန်သမျှဟာ စိတ်ကိုလွတ်လပ်သွားစေတယ် ပေါ့ပါးသွားစေတယ် ကြည်လင်စေတယ် အေးချမ်းစေတယ် ဘယ်လိုကုသိုလ်မျိုးကိုမဆို ဖြူစင်တဲ့စိတ်နဲ့ပြုပါ။ ကုသိုလ်မှန်သမျှဟာ မဂ်ဖိုလ်နိဗ္ဗာန်ကိုရဖို့အတွက် အထောက်အပံ့ဖြစ်ပါတယ်။ ဝိပဿနာဘာဝနာကိုလည်း နေ့စဉ်ပွားများပါ။ ဘုရားဂုဏ်တော်ကိုလည်း နေ့စဉ်ပွားများပါ။ နောက်ဆုံး သေခြင်းတရားကိုလည်း မေ့မထားပါနဲ့။ အခုလုပ်နေတဲ့ကိစ္စတွေဟာ လုပ်နေရတုန်းမှာ အရေးတော့ကြီးပါတယ် မလုပ်လို့မဖြစ်ပါဘူး သို့သော် သေရင် အကုန်လုံးကိုထားခဲ့ရမှာပါ။ ဘယ်လောက်ပဲအလုပ်များများ အဲဒီအလုပ်များတဲ့ကြားထဲကပဲ တရားအားထုတ်ဖို့အချိန်ကို ရအောင်ယူပါ။ တစ်နေ့သေမယ်ဆိုတာကို လုံးဝ မမေ့တဲ့သူကတော့ အချိန်ရအောင်ယူလို့ရမှာပါ... ________________________________ သောကငြိမ်း၍ ကိုယ်စိတ်အေးချမ်းကြပါစေ. မေတ္တာဖြင့်... အရှင်နန္ဒိယ(သာကီနွယ်)
via အလင်းရောင် ဓမ္မ https://ift.tt/32akV8b
Newer Post
Older Post
Home