Friday, August 30, 2019

<^>#အပြန်ကျရင်တော့_ငိုပြီးမပြန်တော့ဘူး" *********** မိမိတို့ဟာ လာတုန်းကလည်း ဘာမသိ ညာမသိ အူဝဲအူဝဲနဲ့ ကယောင်ကတမ်းငိုပြီးတော့ လာခဲ့ကြတာ.. ပြန်သွားတော့လည်း တရားစွမ်းအားသာမပါခဲ့ရင် ငိုပြီးတော့ပဲ ပြန်ကြရလိမ့်ဦးမယ်.. "လာတုန်းကတော့ ဘာမှမသိလို့ငိုပြီးလာခဲ့တာ ထားပါတော့.. အပြန်ကျရင်တော့ ငါငိုပြီး မပြန်တော့ဘူး.. သာသနာရတနာကြောမှာ ရတနာတွေနဲ့ တွေ့တုန်း တရားစွမ်းအားအပြည့်အဝနဲ့ ပြုံးပြုံးရွှင်ရွှင်ပြန်နိုင်အောင် ဒါန သီလ ဘာဝနာရိက္ခာထုပ်များကို များများစုဆောင်းထားမှဖြစ်မယ်ဟဲ့" လို့ စိတ်ကလေးကို တင်းပြီး နေ့စဉ်နဲ့အမျှ ဘဝရဲ့အနှစ်သာရဖြစ်တဲ့ ကောင်းမှုတရားတွေကို ခပ်သုတ်သုတ် ခပ်မြန်မြန် ထုတ်ယူကြရမှာနော်.. ယောဆရာတော်ကြီး စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်..:-) ohmarshin ©©©©©©©©©©©©©©©© #ကောင်းကျိုးလိုရာပြည့်ကြပါစေ


via အလင်းရောင် ဓမ္မ https://ift.tt/2Zo5yfq