အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, August 31, 2019
ပဌာန်းကိုနားမလည်ပဲရွတ်ရင်အစွမ်းထက်/မထက်နှင့် နေရာရွေးပြီး ရွတ်သင့်/မသင့် မေးခွန်းနှင့် ပါချုပ်ဆရာတော်ကြီး၏အဖြေ ================= မေး။ ပဌာန်းဂါထာများရွတ်ဆိုရင်အနက်အဓိပ္ပါယ်နားလည်မှုမရှိပဲရွတ်ဆိုရင် အစွမ်းထက်ပါသလား ? ပဌာန်းကိုနေရာရွေးပြီး ရွတ်သင့်တယ် နေရာမရွေးပဲရွတ်ရင် အနှောင့်အယှက်အပေးခံရတယ်ဆိုတာ ဟုတ်ပါသလား ? ဘာကြောင့်လဲ။ ရှင်းပြပေးတော်မူပါဘုရား ။ ဖြေ။ ပဌာန်းပါဠိတော်များလို့ သုံးသင့်တယ်ပေါ့နော်။ ဂါထာဆိုတာက သံစဉ်နဲ့ဖွဲ့ထားတဲ့ မင်္ဂလသုတ်တို့ မေတ္တာသုတ် တို့လို ရေးထားတဲ့အရာတွေ ဖြစ်တယ်။ ပဌာန်းပါဠိတော်ကျတော့ စုန္နိယ လို့ ခေါ်တာပေါ့ ပဌာန်းပါဠိပါဠိတော်ရွတ်ဆိုတာ အနက်အဓိပ္ပါယ်နားလည်မှုမရှိပဲရွတ်ဆိုရင်ရော အစွမ်းထက်ပါသလား ဆိုရင် အစွမ်းထက်တယ်ဆိုတာ အစွမ်းထက်ချင်လ်ု့ ရွတ်တာမျိုး။ တရားတော်တွေကတော့ လူတွေအတွက် တရားစွမ်းထက်ဖို့ရွတ်တာတော့ မဟုတ်ဘူး။ ဒါရွတ်ရင် အစွမ်းထက်တယ် ဆိုတာ တန်ခိုးရှိတယ် လို့ ဒီလိုဆိုလိုတာ မဟုတ်ဘူးနော်။ အနက်အဓိပ္ပါယ်နားမလည်ပဲရွတ်ဆိုရင်ရော ကုသိုလ်ရပါသလား ဒီလိုပဲ မေးသင့်တာပေါ့နော်။ ဘုရားရဲ့တရားတော်က အစွမ်းရှိတယ်ဆိုတာ ဘယ်လိုအစွမ်းရှိတုန်းဆို မြတ်စွာဘုရား တရားတော်တွေကို ကြားနာပြီးတော့ မြတ်မြတ်န်ုးနိုး နေကြတဲ့အထဲမှာ လူတွေသာမကဘူး နတ်ဗြဟ္မာတွေလည်း ပါတယ်ပေါ့ အဲတော့ ဘုရားဟောတဲ့တရားတော်ကိုရွတ်ဆ်ုပြီဆိုရင် နတ်ဗြဟ္မာတွေကစိတ်ဝင်စားပြီစတော့ သူတို့လာတဲ့အခါမှာ တခြားမကောင်းဆိုးရွားတွေကဖယ်ရှားသွားကြတယ်။ တန်ခိုးရှိတဲ့နတ်တွေကလာရင် တန်ခိုးမရှိတဲ့နတ်တွေက ဖယ်ရှားရလို့ ဒုက္ခပေးမယ့်ဟာတွေ မရှိတော့ဘူးပေါ့နော်။ အဲလိုတော့ ဖြစ်နိုင်တယ်။ မြတ်စွာဘုရားပဌာန်းကို မြတ်မြတ်နိုးနိုး နာယူဖူးကြတဲ့ နတ်တွေဟာ နတ်တို့နာချင်စိတ်ရှိတဲ့အခါမှာ သူတို့ရဲ့အရှိန်အဝါတွေပေါ့ ဥပမာမယ် ရာထူးကြီးတဲ့လူတစ်ယောက်လာတဲ့အခါ အလ်ုအလျောက် သူ့ရဲ့အရှိန်အဝါဆိုတာ ရှိတယ်ပေါ့နော် အဲသလို အရှိန်အဝါမျိုးဖြစ်တယ်လ်ု့လဲ ဆိုနိုင်တယ် မြတ်စွာဘုရားရဲ့တရားတော်ကို ရွတ်ဖတ်ပူဇော်တယ်ဆိုတဲ့ ဒီကုသိုလ်ကောင်းမှုရဲ့အစွမ်းလည်း ရှိတယ်ပေါ့ ရင်ထဲ နှလုံးထဲမှာ ပီတိဖြစ်ပြီးတော့ရွတ်ဆိုမယ်ဆိုရင် ဘုရားကို ပူဇော်မယ်ဆိုရင် မြတ်စွာဘုရားဟောတဲ့တရားတော်တွေရဲ့လေးနက်မှန်ကန်မှုကြောင့် နားမလည်သော်လည်း အကျိုးသက်ရောက်မှုတော့ ရှိတယ်လို့ ဒီလိုပြောရမှာပေါ့နော်။ ဘာကြောင့်အကျိုးသက်ရောက်တာတုန်းဆိုတော့ မြတ်စွာဘုရားဟောတဲ့တရားတော်တွေဟာ ကြောင်းကျိုးဆီလျော်ပြီး စစ်မှန်တဲ့တရားတော်တွေဖြစ်သည့်အတွက်ကြောင့်။ ထိုစစ်မှန်တဲ့တရားတော်တွေကို နတ်ဗြဟ္မာတွေက လိုလိုလားလားနှစ်သက်ကြတာဖြစ်သောကြောင့် ရင်ထဲ နှလုံးထဲမှာ ပီတိဖြစ်နိုင်တာ ဖြစ်သောကြောင့်။ ကုသိုလ်တရားဖြစ်နိုင်တာ ဖြစ်သောကြောင့် ကုသိုလ်ရဲ့ကောင်းကျိုးချမ်းသာပေးန်ူင်တဲ့အစွမ်းသတ္တိတော့ ရှိတယ် လို့ ဒီလိုပဲ မှတ်သင့်တယ်ပေါ့။ ပဌာန်းကို နေရာရွေးပြီး ရွတ်သင့်တယ်။ နေရာမျရွးပဲ ရွတ်ပါက အနှောင့်အယှက်ပေးခံရတယ်ဆိုတာ ဟုတ်ပါသလား ဆိုတာ တချို့ပြောဆိုကြတာတွေကို ဘုန်းဘုန်းလည်း ကြားထူးပါတယ်။ ဒ့က ဖြစ်နိုင်တာတစ်ခုကတော့ ဒီလိုပေါ့ ပဌာန်းတရားတော်တွေကို ဘုရားတရားတော်တွေကို မကြည်ညိုတဲ့ပုဂ္ဂိုလ်တွေနားမှာ ရွတ်တယ် ဆိုပါစို့။ ရွတ်မိဆိုရင် ဆန့်ကျင်ဘက်တော့ ဖြစ်နိုင်တယ်ပေါ့ အနှောင့်အယှက်ပေးတယ်ဆိုတာ အဲဒါမျိုးပေါ့ ဥပမာမယ် ပဌာန်းတွေရွတ်နေတယ် အသံချဲ့စက်ကြီးနဲ့ရွတ်လို့ နားမခံနိုင်လို့ ဆန့်ကျင်တဲ့လူတွေလည်း ရှိတာပဲ ဘူထဲမှာတောင်မှ။ အဲဒါကတော့ အသံကျယ်လို့ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာ အဓိပ္ပါယ်တစ်မျိုးပေါ့နော် အဲသလိုမဟုတ်ဘဲနဲ့ မြတ်စွာဘုရားကို မကြည်ညိုလို့ ဘာသာချင်းမတူလို့ မုန်းတီးတဲ့ပုဂ္ဂိုလ်တွေက လူသားက အနှောင့်အယှက်ပေးက တစ်မျိုး။ ဘူတွေမမြင်ရတု့သတ္တဝါတွေထဲမှာလည်း ဒီလိုမကြိုက်တဲ့ သတ္တဝါတွေ ရှိနိုင်တယ်။ နတ်တွေမကြိုက်တဲ့သတ္တဝါတွေက သူတို့ ဒါရွတ်ရင် အနေအထိုင်ခက်တယ်။ စိတ်ဆင်းရဲတယ်ဆိုရင် အနှောင့်အယှက်ပေးန်ူင်တယ် ပေါ့ ဒါကြောင့် ပဌာန်းရွတ်တော့မယ်ဆိုရင် မေတ္တာပို့ပြီးတော့ အားလုံးလက်ခံနိုင်လောက်အောင် မေတ္တာစိတ်နဲ့ရွတ်နိုင်ရင်ပိုကောင်းတယ်ပေါ့နော်။ မေး။ အဲဒါဆိုလို့ရှိရင် ပဌာန်းတွေ ဂါထာတွေ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုတာ အနက်အဓိပ္ပါယ်နားလည်မှုမရှိပဲနဲ့ အနက်အဓိပ္ပါယ်သိပြီး ရွတ်တာနဲ့ ကုသိုလ်ရတာချင်းက အတူတူပဲလားဘုရား ဖြေ။ ကွာခြားတယ်။ အဓိပ္ပါယ်နားမလည်ပဲရွတ်ဆိုတာကတော့ မြတ်စွာဘုရားကို ကြည်ည်ုတဲ့စိတ်နဲ့ရွတ်ဆိုမယ်ဆိုရင် သဒ္ဓါပဲ ဖြစ်မှာပေါ့နော်။ အနက်အဓိပ္ပါယ်နားလည်ပြီး ရွတ်ဆိုရင် ပညာလည်း ဖြစ်တာပေါ့ ပိုပြီးတော့ အဓိပ္ပါယ် နားလည်လိုက်လို့ရှိရင် အသိပညာ ပါသွားတယ်။ 'အော်…ဘုရားဘာတွေရှင်းပြနေတယ်'ဆိုတာ နားလည်သည့်အတွက်ကြောင့် သဒ္ဓါရော ပညာရော နှစ်ခု စုံသွားတယ်။ အဲတော့ သိပြီးတော့ရွတ်တာ ပိုပြီးတော့ တန်ဖိုးကြီးတယ် လို့ ပြောရမှာပေါ့ ။ ပါချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ။ မည်သူမဆို လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်သည်။
via အလင်းရောင် ဓမ္မ https://ift.tt/2MLBKT5
Newer Post
Older Post
Home