အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, November 17, 2019
စိတ်ချမ်းသာချင်ရင် ရင်ထဲမှာ “အရဟံစေတီ” နေ့တိုင်း တည်ပါ။ ”…”…”…”…”…”…”…”…”…”…”;…”;…”; အရဟံဂုဏ် ပွားနေရင် ကိုယ့်ရင်ထဲမှာ “အရဟံ စေတီ” တည်လိုက်တာပါ။ အောက်ခြေပလ္လင်ကို “သီလ”နဲ့တည်ပါမယ်။ အလယ်ပစ္စယံ အထက်ပစ္စယံကို “ဂုဏ်တော် ဘာဝနာ” နဲ့ တည်ပါမယ်။ ထီးတော်ကိုတော့ “ဝိပဿနာ” နဲ့ တင်လိုက်မယ်ဆိုရင် ကိုယ့်ရင်ထဲမှာ ကြည်နူးဖွယ်ရာ အရဟံ စေတီတစ်ဆူ ရှိနေတော့တာပါ။ ကိုယ့်ရင်ထဲမှာ အရဟံစေတီ တည်ထားရင် ကိုယ့်ကိုယ်ကိုယ်လည်း ကြည်ညိုရသလို အများကလည်း ကြည်ညိုရတာ အကျိုးရှိ ပါတယ်။ အပြင်မှာလည်း ကုသိုလ်ဖြစ်ဖို့အတွက် စေတီတည်ရမှာပါပဲ။ ဒါပေမဲ့ အပြင်မှာတည်တဲ့ စေတီက ပိုက်ဆံရယ် လူအင်အားရယ် မြေရယ် အချိန်ရယ် အများကြီး ပေးရပါတယ်။ ရင်ထဲက အရဟံ စေတီကတော့ "ဘုရားကို ကြည်ညိုစိတ်ရယ် အချိန်တစ်ခု” ရယ်ပါပဲ။ အလုပ်လုပ်ရင်း တည်မယ်ဆိုရင် အချိန်တောင် သီးခြားမကုန်ပါဘူး။ အပြင်မှာ စေတီမတည်နိုင်လို့ ဘာမှအားငယ်စရာ မလိုပါဘူး။ ရင်ထဲမှာ အရဟံစေတီ တည်ပြီး “ကုသိုလ်”ယူလို့ ရပါတယ်။ စေတီတည်ပြီးတဲ့အခါ ထီးတော်တင်ပွဲဆိုပြီး အိမ်မှာ ဘုန်းကြီးပင့် ဆွမ်းကပ် လူဧည့်သည် တွေကို ဧည့်ခံလို့ ရပါသေးတယ်။ ဧည့်သည်တွေက စေတီဘယ်မှာလဲဆိုရင် ရင်ထဲမှာလို့ ပြောလိုက်ရုံပါပဲ။ ဘယ်လို တည်သလဲလို့ မေးလာရင် တည်ပုံ တည်နည်းတွေကို ပြောပြလိုက်ရင် ဓမ္မဒါန ကုသိုလ်တောင် ထပ်ရပါသေးတယ်။ ဘာပဲပြောပြော ရင်ထဲမှာ အရဟံ စေတီ တည်ထားရင် စိတ်အေးချမ်းနေတာပါပဲ။ စိတ်ချမ်းသာချင်ရင် ရင်ထဲမှာ “အရဟံစေတီ”နေ့တိုင်း တည်နေဖို့ပါပဲ။ ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ) 🙏🙏🙏 Credit to ဓမ္မရတနာ စိတ္ခ်မ္းသာခ်င္ရင္ ရင္ထဲမွာ “အရဟံေစတီ” ေန႕တိုင္း တည္ပါ။ ”…”…”…”…”…”…”…”…”…”…”;…”;…”; အရဟံဂုဏ္ ပြားေနရင္ ကိုယ့္ရင္ထဲမွာ “အရဟံ ေစတီ” တည္လိုက္တာပါ။ ေအာက္ေျခပလႅင္ကို “သီလ”နဲ႕တည္ပါမယ္။ အလယ္ပစၥယံ အထက္ပစၥယံကို “ဂုဏ္ေတာ္ ဘာဝနာ” နဲ႕ တည္ပါမယ္။ ထီးေတာ္ကိုေတာ့ “ဝိပႆနာ” နဲ႕ တင္လိုက္မယ္ဆိုရင္ ကိုယ့္ရင္ထဲမွာ ၾကည္ႏူးဖြယ္ရာ အရဟံ ေစတီတစ္ဆူ ရွိေနေတာ့တာပါ။ ကိုယ့္ရင္ထဲမွာ အရဟံေစတီ တည္ထားရင္ ကိုယ့္ကိုယ္ကိုယ္လည္း ၾကည္ညိုရသလို အမ်ားကလည္း ၾကည္ညိုရတာ အက်ိဳးရွိ ပါတယ္။ အျပင္မွာလည္း ကုသိုလ္ျဖစ္ဖို႔အတြက္ ေစတီတည္ရမွာပါပဲ။ ဒါေပမဲ့ အျပင္မွာတည္တဲ့ ေစတီက ပိုက္ဆံရယ္ လူအင္အားရယ္ ေျမရယ္ အခ်ိန္ရယ္ အမ်ားႀကီး ေပးရပါတယ္။ ရင္ထဲက အရဟံ ေစတီကေတာ့ "ဘုရားကို ၾကည္ညိုစိတ္ရယ္ အခ်ိန္တစ္ခု” ရယ္ပါပဲ။ အလုပ္လုပ္ရင္း တည္မယ္ဆိုရင္ အခ်ိန္ေတာင္ သီးျခားမကုန္ပါဘူး။ အျပင္မွာ ေစတီမတည္နိုင္လို႔ ဘာမွအားငယ္စရာ မလိုပါဘူး။ ရင္ထဲမွာ အရဟံေစတီ တည္ၿပီး “ကုသိုလ္”ယူလို႔ ရပါတယ္။ ေစတီတည္ၿပီးတဲ့အခါ ထီးေတာ္တင္ပြဲဆိုၿပီး အိမ္မွာ ဘုန္းႀကီးပင့္ ဆြမ္းကပ္ လူဧည့္သည္ ေတြကို ဧည့္ခံလို႔ ရပါေသးတယ္။ ဧည့္သည္ေတြက ေစတီဘယ္မွာလဲဆိုရင္ ရင္ထဲမွာလို႔ ေျပာလိုက္႐ုံပါပဲ။ ဘယ္လို တည္သလဲလို႔ ေမးလာရင္ တည္ပုံ တည္နည္းေတြကို ေျပာျပလိုက္ရင္ ဓမၼဒါန ကုသိုလ္ေတာင္ ထပ္ရပါေသးတယ္။ ဘာပဲေျပာေျပာ ရင္ထဲမွာ အရဟံ ေစတီ တည္ထားရင္ စိတ္ေအးခ်မ္းေနတာပါပဲ။ စိတ္ခ်မ္းသာခ်င္ရင္ ရင္ထဲမွာ “အရဟံေစတီ”ေန႕တိုင္း တည္ေနဖို႔ပါပဲ။ ဆရာေတာ္ အရွင္ရာဇိႏၵ (ရေဝႏြယ္-အင္းမ) 🙏🙏🙏 Credit to ဓမၼရတနာ
via အလင္းေရာင္ ဓမၼ https://ift.tt/2CPnqC3
Newer Post
Older Post
Home