အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, November 23, 2019
အသက်အရွယ်ကြီးလာတဲ့ပုဂ္ဂိုလ်ဆိုတာ … တစ်ခါတစ်ရံ ငယ်ငယ်တုန်းကဓာတ်ပုံလေးကြည့်ပြီးတော့ ငယ်ငယ်တုန်းကနုပျိုလှပခဲ့တာလေးကို ပြန်အားကျတယ်..အဲဒါ လောဘဖြစ်တာပဲ.. တစ်ချို့ဆို ငယ်ငယ်တုန်းကဓာတ်ပုံလေးကို သိမ်းထားပြီး ပြန်ပြန်ကြည့်ပြီး ကျေနပ်နေတယ်.. အဒီကျေနပ်မှုဟာ အတိတ်ကိုပြန်လွမ်းနေတဲ့လောဘပဲ ။ အဲဒီလောဘမျိုးဟာ ကောင်းလားဆိုတော့ မကောင်းဘူး ။ သူလည်းပဲ အကုသိုလ်တစ်ခုပဲ စိတ်ရဲ့အညစ်အကြေးတစ်ခုပဲ.. အေး ငယ်ငယ်တုန်းကဓာတ်ပုံနဲ့ ခုဓာတ်ပုံယှဉ်ကြည့်ပြီး စိတ်ညစ်သွားတယ်ဆိုရင်လည်း ကောင်းလား မကောင်းဘူး အကုသိုလ်ဖြစ်တာပဲ.. အဲတော့ ဆင်ခြင်စဉ်းစားဖို့ရာ ဘာတုန်းဆိုရင်… "ငယ်ငယ်တုန်းကရှိခဲ့တဲ့ ဒီရုပ်ရည်ဟာ ခုချိန်မှာမရှိတော့ဘူးဆိုတာဟာ ဒါလောကကြီးရဲ့သဘာဝကြီးပဲ" "ဇရာတရားဟာ ဘယ်လောက်ဆိုးလဲ" "ဒီဇရာတရားတွေကလွတ်မြောက်ဖို့ ငါလုပ်မှဖြစ်မယ်" "မလုပ်ရင် ငါဒီလမ်းကြီးအတိုင်း ဒီလိုပဲသွားနေမှာပဲ" ဆိုတဲ့ အတွေးပဲတွေးပါတဲ့.. မြတ်စွာဘုရားက မှန်ကန်တဲ့အတွေးတွေကို တွေးခိုင်းတယ်.. "ဇရာဓမ္မောမှိ ဇရံအနတီတောတိ အဘိဏှံပစ္စဝေက္ခိတဗ္ဗံ" "ငါဟာ အိုခြင်းသဘောရှိတယ်" "အိုခြင်းသဘောက မလွန်မြောက်နိုင်သေးဘူး" အဲဒီလို အမြဲမပြတ် ဆင်ခြင်စဉ်းစားရမယ်တဲ့.. ဆင်ခြင်စဉ်းစားပေးခြင်းအားဖြင့် အကျိုးကဘာဖြစ်သလဲဆိုတော့ အေး နုပျိုတဲ့အပေါ်မှာ ငါနုပျိုတယ်ဆိုပြီး ယစ်မူးတတ်တဲ့မာနကို ဖယ်ရှားနိုင်တယ်.. လောကလူတွေဆိုတာ ဘုန်းကြီးတို့အပါအဝင် "သြော်အသက်အရွယ်ကြီးတယ်မထင်ရဘူး နုပျိုတယ်" ဆိုရင် သဘောကျတယ် အဲဒါကောင်းတာမဟုတ်ဘူး ။ လောဘမကင်းတဲ့သဘောကို ဖော်ပြနေတာ.. သူများက နုပျိုလိုက်တာပြောရင်ကို ကျေနပ်တယ်.. အမှန်က ကျေနပ်စရာမဟုတ်ဘူး.. အဲဒီမာန်ယစ်မူးမှုဟာ အကုသိုလ်ကို ဖြစ်ပေါ်စေနိုင်တယ်.. မြတ်စွာဘုရားက "အိုခြင်းတရားငါမကင်းသေးဘူး" "အိုခြင်းတရားကို ငါမကျော်လွှားနိုင်သေးဘူး"လို့ ဆင်ခြင်သုံးသပ်ပေးခြင်းဟာ အကုသိုလ်ဖြစ်စေနိုင်တဲ့ "ယောဗ္ဗနမဒ"ဆိုတဲ့ မာန်ယစ်မူးမှုတစ်ခုကို ဖယ်ရှားပစ်လိုက်နိုင်မယ်တဲ့.. ဒါကြောင့် အကုသိုလ်တွေမဖြစ်ရလေအောင် လူ့့ရဲ့သဘာဝကို ကိုယ်ကိုယ်တိုင်က သိအောင် လုပ်ရမယ် ။ လုပ်ကိုလုပ်ရမယ် နော်.. ပါချုပ်ဆရာတော်ဘုရားကြီး Crd ____
via အလင်းရောင် ဓမ္မ https://ift.tt/2XEygV2
Newer Post
Older Post
Home