Wednesday, November 20, 2019

မိမိကိုယ်ကို အကောင်းဆုံးပြင်ဆင်နေသူ ••••••••••••••••••••••••••••••••••••• မြင်စရာတွေ တွေ့ရင် မမြင်သလိုနေတတ်ရင် ချမ်းသာတယ်။ ကြားစရာတွေ တွေ့ရင် မကြားချင်ဆောင်နေလိုက် ချမ်းသာတယ်။ ပြောစရာတွေ တွေ့လာရင် စကားမပြော တတ်သလိုနေလိုက် ချမ်းသာတယ်။ နရောတကာငါမလုပျနဲ့။ ငါဝင်မရှုပ်နဲ့။ ငါဝင်ရှုပ်ရင် ဆင်းရဲမယ်။ ဆင်းရဲအောင် ဘယ်သူမှ လုပ်ပေးတာ မဟုတ်ဘူး။ ကိုယ်လုပ်တာပဲလို့မှတ်။ သူတပါးမကောင်းဘူးလို့ ဝေဖန် နေတာ ဆင်းရဲခြင်းအကြောင်းမို့ … ဘုန်းဘုန်းတို့ကတော့ ဆင်းရဲရမယ့် အတွေးအခေါ် အကြံအစည်ကို ဘာမှ မလုပ်ဖြစ်အောင် စောင့်ရှောက်နေတယ်။ ကိုယ်နဲ့နီးစပ်တဲ့ ဒကာဒကာမတွေကိုလည်း အကုသိုလ် မဖြစ်စေချင်ဘူးလေ။ ကိုယ်ပြုသမျှ ကိုယ်သာခံရမှာမို့ စိတ်ချမ်းသာစရာတွေကို အာရုံပြု။ ကုသိုလ်ဖြစ်မယ့် အလုပ်တွေကိုသာလုပ်။ အကုသိုလ်ဖြစ်စေမယ့် ကိုယ် နှုတ် စိတ် တို့ကို မလုပ်မိကြပါစေနဲ့။ ဘဝကို ဘယ်လိုပြင်ဆင်နေရမလဲဆိုတော့ သတိပဋ္ဌာန်တရားကို လက်ကိုင်ထားကာ နေရာတိုင်းမှာ အသိကပ်ပြီးနေသောသူသည် စိတ်တည်ငြိမ်အေးချမ်းနေသောကြောင့် ထိုသူသည် မိမိကိုယ်ကို အကောင်းဆုံး ပြင်ဆင်နေသူဟု ဆိုရပါမည်။ ဝိပဿနာကုသိုလ်စိတ် ဖြစ်နေသော ယောဂီ၏စိတ်သည် မည်သည့်အာရုံ ပေါ်ပေါ်… ပေါ်လာသောစိတ်အာရုံသည် သူ့သဘော အတိုင်း ဖြစ်ပေါ်လာရသလို သူ့သဘော အတိုင်းပင် ချုပ်ပျောက်နေတာတွေ့ရတော့… "နိစ္စ သုခ အတ္တ" ဟူသော အရာဝတ္ထုတွေ ဆိတ်သုဉ်းပြီး တည်ငြိမ်စွာ ခပ်အေးအေးနဲ့ ဘဝကို အလှဆင်နိုင်မှာပါ။ 🙏🙏🙏မြောက်ဦးဆရာတော်ဘုရားကြီး🙏🙏🙏 Credit.Paral Lel #PhyoeMayOo မိမိကိုယ္ကို အေကာင္းဆုံးျပင္ဆင္ေနသူ •••••••••••••••••••••••••••••••••••••••••••••• ျမင္စရာေတြ ေတြ႕ရင္ မျမင္သလိုေနတတ္ရင္ ခ်မ္းသာတယ္။ ၾကားစရာေတြ ေတြ႕ရင္ မၾကားခ်င္ေဆာင္ေနလိုက္ ခ်မ္းသာတယ္။ ေျပာစရာေတြ ေတြ႕လာရင္ စကားမေျပာ တတ္သလိုေနလိုက္ ခ်မ္းသာတယ္။ နေရာတကာငါမလုပ်နဲ႕။ ငါဝင္မရႈပ္နဲ႕။ ငါဝင္ရႈပ္ရင္ ဆင္းရဲမယ္။ ဆင္းရဲေအာင္ ဘယ္သူမွ လုပ္ေပးတာ မဟုတ္ဘူး။ ကိုယ္လုပ္တာပဲလို႔မွတ္။ သူတပါးမေကာင္းဘူးလို႔ ေဝဖန္ ေနတာ ဆင္းရဲျခင္းအေၾကာင္းမို႔ … ဘုန္းဘုန္းတို႔ကေတာ့ ဆင္းရဲရမယ့္ အေတြးအေခၚ အႀကံအစည္ကို ဘာမွ မလုပ္ျဖစ္ေအာင္ ေစာင့္ေရွာက္ေနတယ္။ ကိုယ္နဲ႕နီးစပ္တဲ့ ဒကာဒကာမေတြကိုလည္း အကုသိုလ္ မျဖစ္ေစခ်င္ဘူးေလ။ ကိုယ္ျပဳသမွ် ကိုယ္သာခံရမွာမို႔ စိတ္ခ်မ္းသာစရာေတြကို အာ႐ုံျပဳ။ ကုသိုလ္ျဖစ္မယ့္ အလုပ္ေတြကိုသာလုပ္။ အကုသိုလ္ျဖစ္ေစမယ့္ ကိုယ္ ႏႈတ္ စိတ္ တို႔ကို မလုပ္မိၾကပါေစနဲ႕။ ဘဝကို ဘယ္လိုျပင္ဆင္ေနရမလဲဆိုေတာ့ သတိပ႒ာန္တရားကို လက္ကိုင္ထားကာ ေနရာတိုင္းမွာ အသိကပ္ၿပီးေနေသာသူသည္ စိတ္တည္ၿငိမ္ေအးခ်မ္းေနေသာေၾကာင့္ ထိုသူသည္ မိမိကိုယ္ကို အေကာင္းဆုံး ျပင္ဆင္ေနသူဟု ဆိုရပါမည္။ ဝိပႆနာကုသိုလ္စိတ္ ျဖစ္ေနေသာ ေယာဂီ၏စိတ္သည္ မည္သည့္အာ႐ုံ ေပၚေပၚ… ေပၚလာေသာစိတ္အာ႐ုံသည္ သူ႕သေဘာ အတိုင္း ျဖစ္ေပၚလာရသလို သူ႕သေဘာ အတိုင္းပင္ ခ်ဳပ္ေပ်ာက္ေနတာေတြ႕ရေတာ့… "နိစၥ သုခ အတၱ" ဟူေသာ အရာဝတၳဳေတြ ဆိတ္သုဥ္းၿပီး တည္ၿငိမ္စြာ ခပ္ေအးေအးနဲ႕ ဘဝကို အလွဆင္နိုင္မွာပါ။ 🙏🙏🙏ေျမာက္ဦးဆရာေတာ္ဘုရားႀကီး🙏🙏🙏 Credit.Paral Lel #PhyoeMayOo


via အလင္းေရာင္ ဓမၼ https://ift.tt/2KxmgPZ