အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, November 22, 2019
စိတ်ဆန်းကြယ်ခြင်းကြောင့် ကံတို့သည်လည်း ဆန်းကြယ်ရ၏ •°•°•°•°•°•°•°•°•°•°•°•°•°•°•°• တိရစ္ဆာန်လေးတွေမှာ ခြေနှစ်ချောင်းရှိတဲ့ သတ္တဝါတွေ၊ ခြေလေးချောင်းရှိတဲ့ သတ္တဝါတွေ၊ ခြေများစွာရှိတဲ့ သတ္တဝါတွေ၊ အတောင်ရှိတဲ့သတ္တဝါ၊ အတောင်မရှိတဲ့သတ္တဝါ၊ ရှည်လျားတဲ့ သတ္တဝါ၊ တိုတဲ့ သတ္တဝါ၊ ဝိုင်းစက်တဲ့ သတ္တဝါတွေများစွာ ရှိတယ်။ အရောင်အဆင်းမျိုးမျိုးရှိတယ်။ တိရစ္ဆာန်တွေရဲ့ အမျိုးအနွယ်ကို ကြည့်လိုက်ရင် အလွန်ဆန်းကြယ်တယ်။ အဲ့လို``တိရစ္ဆာန်သတ္တဝါတွေလို အလားတူဆန်းကြယ်တဲ့ အခြားသော သတ္တဝါအပေါင်းစုကို ငါဘုရားမတွေ့ဘူး´´တဲ့။ လူ အများစုကို ကြည့်လိုက်ရင် ခြေနှစ်ချောင်းချင်း တူကြတယ်။ လက်နှစ်ချောင်းချင်းတူကြတယ်။ ပခုံးနှစ်ခုကြား ခေါင်းပေါက် တာချင်းလည်း တူကြတယ်။ မတ်တတ်ရပ်ပြီး သွားတဲ့ပုံစံအနေအထား အားဖြင့်လည်း များသောအားဖြင့်တူကြတယ်။ တိရစ္ဆာန်သတ္တဝါကျတော့ ဒီလိုအများစု တူညီမှု မရှိဘူး။ ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုးနဲ့ သိပ်ပြီးတော့ ဆန်းကြယ်ကြတာ ``ဘယ်လိုအကြောင်းကြောင့် ဆန်းကြယ်နေကြရသလဲ´´လို့ မေးရင်တော့ ဒီသတ္တဝါတွေကို ဖြစ်ပေါ်လာစေတတ်တဲ့ အကြောင်းရင်းဖြစ်တဲ့ ``ကမ္မဝိညာဏ်´´လို့ ခေါ်တဲ့ စိတ်ဓာတ်တွေက ဆန်းကြယ်နေတဲ့ အတွက်ကြောင့် ဒီသတ္တဝါတွေ ဆန်းကြယ်ကြတယ်။ ဒီတော့ စိတ်ဆန်းကြယ်ရင် သတ္တဝါတွေ ဆန်းကြယ်တယ်။ ဘာလို့ အဲ့လို ဖြစ်နေရတာလဲ။ ကံကြောင့် ဖြစ်တဲ့ ပဋိသန္ဓေ၊ ကံကို ပြုစုပျိုးထောင်စဉ် အချိန်အခါတုန်းက ဖြစ်ပေါ်ခဲ့တဲ့ စိတ်ထားကလေးတွေက အဓိကပါပဲ။ ဒီစိတ်ဓာတ်လေးတွေက မတူညီတော့ ကံလေးတွေက မတူညီကြဘူး။ ကံတွေ မတူညီတဲ့အတွက် ဒီကံက ပို့ဆောင်ပေးလိုက်တဲ့ ပဋိသန္ဓေမျိုးစေ့ချင်းလည်း မတူကြတော့ဘူး။ ဒီကံကို ပြုစုပျိုးထောင်စဉ် စိတ်ဓာတ်တွေ ဆန်းကြယ်ခဲ့ရင် ထိုကံတွေကလည်း ဆန်းကြယ်သွားကြတယ်။ ကံတွေ ဆန်းကြယ်သွားတဲ့အတွက် ခြေနှစ်ချောင်း ဖြစ်ထိုက်တဲ့ ကံမျိုးကို ပြုစုပျိုးထောင်ခဲ့ရင် ခြေနှစ်ချောင်းရှိတဲ့ ပဋိသန္ဓေမျိုးစေ့ရှိရာ မိဘတွေထံကို ဒီကံက ရောက်အောင် ပို့ပေးတယ်။ ------~-------~--------~---------- လွန်ခဲ့တဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပဲ ဆိုကြပါစို့။ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်ထွန်းတော်မူတဲ့အချိန်ကို ပြန်ပြောင်းပြီး အာရုံယူကြည့်ပါ။ သုမေဓာရှင်ရသေ့က မိမိခန္ဓာကိုယ်ကို တံတားခင်းပြီးတော့ ဘုရားဆု၊ နိယတဗျာဒိတ်ပန်းကို ဆင်မြန်းဖို့ ကြိုးပမ်းနေတယ်။ သုမေဓာရှင်ရသေ့က သဗ္ဗညုတဥာဏ်ရဖို့အတွက် ဆုထူးပန်ခဲ့တယ်။ နောက်မှာ သုမိတ္တာအမှူးရှိတဲ့ အမျိုးသမီးတွေကလည်း ရှိကြတယ်။ သုမိတ္တာက သုမေဓာရှင်ရသေ့ရဲ့ မြောက်သားတော် ဖြစ်ဖို့ရန်ဆုတောင်းတယ်။ သုမိတ္တာရဲ့ နောက်မှာ ပါတဲ့ အမျိုးသမီးနှစ်ထောင်ကျော် ကျတော့ သုမေဓာရှင်ရသေ့ ဘုရားဖြစ်တဲ့အခါမှာ ကျွတ်တမ်း၀င်ဖို့ ဆုတောင်းကြတယ်။ ရည်ရွယ်ချက်၊ ဦးတည်ချက်တွေ မတူကြဘူး။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလကို ဖြတ်ကျော်ခဲ့ရတာတော့ အတူတူပဲ။ အကျိုးပေးတွေ မတူညီကြတော့ဘူး။ သုမေဓာရှင်ရသေ့က အသက်၊ အိုးအိမ်၊ စည်းစိမ်၊ အရပ်ရပ်ကို စွန့်လွှတ်ပြီးတော့ ပါရမီဆယ်ပါး၊ အပြားသုံးဆယ်တွေကိုဖြည့်ကျင့် ပြီး နောက်ဆုံး သဗ္ဗညုတဥာဏ်ကို ရသွားတယ်။ သုမိတ္တာက မြောက်သားတော် လာဖြစ်တယ်။ အမျိုးသမီးပေါင်းနှစ်ထောင်ကျော်က ရဟန္တာထေရီမတွေ ဖြစ်ကြပါတယ်။ ယသော်ဓရာနဲ့ တစ်ရက်တည်းမှာပဲ ပရိနိဗ္ဗာန်စံ၀င်သွားကြတယ်။ ကံချင်း မတူဘူး။ စိတ်နေစိတ်ထားချင်းတွေလည်း မတူညီကြတဲ့အတွက် အကျိုးပေးပုံချင်းလည်း မတူညီဘူး။ ဘ၀ဆိုတာ ကောင်းတယ်လို့ ပြောနေတာတော့ မဟုတ်ဘူ။ သံသရာခရီးကို မိမိက ဆုံးအောင် မလုပ်နိုင်သေးလို့ ဘ၀တစ်ခုခုကို လက်ခံရမယ်ဆိုရင် မိမိက ဘယ်လို ဘ၀မျိုးကို အလိုရှိလဲ။ အလိုရှိတဲ့ဘ၀ကို ရောက်ရာရောက်ကြောင်းဖြစ်တဲ့ ကံတွေကို ဒီအချိန်အခါမှာ ပြုစုပျိုးထောင်နိုင်ခွင့်ရှိနေတဲ့ အချိန်အခါဖြစ်တယ်ဆိုတာကို အသိပေးနေခြင်းဖြစ်ပါတယ်။ ကျကျနန ရွေးချယ်တတ်ဖို့တော့လိုတယ်။ မရွေးချယ်တတ်ဘဲနဲ့ အမှတ်တမဲ့ ကံတစ်ခုကို ပြုလုပ်လိုက်လို့ ဒီကံက ကံအရာတည်သွားလို့ရှိရင် နောင်တစ်ချိန် အကျိုးပေးတော့မယ်။ အကျိုးပေးတဲ့အချိန်အခါကျမှ မိမိက ဒီလိုကံမျိုး၊ ဒီလို အကျိုးတရားမျိုး အလိုမရှိပါဘူးလို့ ထိုင်ပြီးငိုနေသော်လည်း မရတော့ဘူး။ အချိန်က လွန်သွားပြီ။ { ဖားအောက်ဆရာတော်ကြီး၏ စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေးတရားတော် စာအုပ်မှ } Credit:::: စိတ္ဆန္းၾကယ္ျခင္းေၾကာင့္ ကံတို႔သည္လည္း ဆန္းၾကယ္ရ၏ •°•°•°•°•°•°•°•°•°•°•°•°•°•°•°• တိရစ္ဆာန္ေလးေတြမွာ ေျခႏွစ္ေခ်ာင္းရွိတဲ့ သတၱဝါေတြ၊ ေျခေလးေခ်ာင္းရွိတဲ့ သတၱဝါေတြ၊ ေျခမ်ားစြာရွိတဲ့ သတၱဝါေတြ၊ အေတာင္ရွိတဲ့သတၱဝါ၊ အေတာင္မရွိတဲ့သတၱဝါ၊ ရွည္လ်ားတဲ့ သတၱဝါ၊ တိုတဲ့ သတၱဝါ၊ ဝိုင္းစက္တဲ့ သတၱဝါေတြမ်ားစြာ ရွိတယ္။ အေရာင္အဆင္းမ်ိဳးမ်ိဳးရွိတယ္။ တိရစ္ဆာန္ေတြရဲ႕ အမ်ိဳးအႏြယ္ကို ၾကည့္လိုက္ရင္ အလြန္ဆန္းၾကယ္တယ္။ အဲ့လို``တိရစ္ဆာန္သတၱဝါေတြလို အလားတူဆန္းၾကယ္တဲ့ အျခားေသာ သတၱဝါအေပါင္းစုကို ငါဘုရားမေတြ႕ဘူး´´တဲ့။ လူ အမ်ားစုကို ၾကည့္လိုက္ရင္ ေျခႏွစ္ေခ်ာင္းခ်င္း တူၾကတယ္။ လက္ႏွစ္ေခ်ာင္းခ်င္းတူၾကတယ္။ ပခုံးႏွစ္ခုၾကား ေခါင္းေပါက္ တာခ်င္းလည္း တူၾကတယ္။ မတ္တတ္ရပ္ၿပီး သြားတဲ့ပုံစံအေနအထား အားျဖင့္လည္း မ်ားေသာအားျဖင့္တူၾကတယ္။ တိရစ္ဆာန္သတၱဝါက်ေတာ့ ဒီလိုအမ်ားစု တူညီမႈ မရွိဘူး။ ပုံစံအမ်ိဳးမ်ိဳး၊ အေရာင္အမ်ိဳးမ်ိဳးနဲ႕ သိပ္ၿပီးေတာ့ ဆန္းၾကယ္ၾကတာ ``ဘယ္လိုအေၾကာင္းေၾကာင့္ ဆန္းၾကယ္ေနၾကရသလဲ´´လို႔ ေမးရင္ေတာ့ ဒီသတၱဝါေတြကို ျဖစ္ေပၚလာေစတတ္တဲ့ အေၾကာင္းရင္းျဖစ္တဲ့ ``ကမၼဝိညာဏ္´´လို႔ ေခၚတဲ့ စိတ္ဓာတ္ေတြက ဆန္းၾကယ္ေနတဲ့ အတြက္ေၾကာင့္ ဒီသတၱဝါေတြ ဆန္းၾကယ္ၾကတယ္။ ဒီေတာ့ စိတ္ဆန္းၾကယ္ရင္ သတၱဝါေတြ ဆန္းၾကယ္တယ္။ ဘာလို႔ အဲ့လို ျဖစ္ေနရတာလဲ။ ကံေၾကာင့္ ျဖစ္တဲ့ ပဋိသႏၶေ၊ ကံကို ျပဳစုပ်ိဳးေထာင္စဥ္ အခ်ိန္အခါတုန္းက ျဖစ္ေပၚခဲ့တဲ့ စိတ္ထားကေလးေတြက အဓိကပါပဲ။ ဒီစိတ္ဓာတ္ေလးေတြက မတူညီေတာ့ ကံေလးေတြက မတူညီၾကဘူး။ ကံေတြ မတူညီတဲ့အတြက္ ဒီကံက ပို႔ေဆာင္ေပးလိုက္တဲ့ ပဋိသႏၶေမ်ိဳးေစ့ခ်င္းလည္း မတူၾကေတာ့ဘူး။ ဒီကံကို ျပဳစုပ်ိဳးေထာင္စဥ္ စိတ္ဓာတ္ေတြ ဆန္းၾကယ္ခဲ့ရင္ ထိုကံေတြကလည္း ဆန္းၾကယ္သြားၾကတယ္။ ကံေတြ ဆန္းၾကယ္သြားတဲ့အတြက္ ေျခႏွစ္ေခ်ာင္း ျဖစ္ထိုက္တဲ့ ကံမ်ိဳးကို ျပဳစုပ်ိဳးေထာင္ခဲ့ရင္ ေျခႏွစ္ေခ်ာင္းရွိတဲ့ ပဋိသႏၶေမ်ိဳးေစ့ရွိရာ မိဘေတြထံကို ဒီကံက ေရာက္ေအာင္ ပို႔ေပးတယ္။ ------~-------~--------~---------- လြန္ခဲ့တဲ့ ေလးသေခၤ်နဲ႕ ကမၻာတစ္သိန္းပဲ ဆိုၾကပါစို႔။ ဒီပကၤရာျမတ္စြာဘုရား ပြင့္ထြန္းေတာ္မူတဲ့အခ်ိန္ကို ျပန္ေျပာင္းၿပီး အာ႐ုံယူၾကည့္ပါ။ သုေမဓာရွင္ရေသ့က မိမိခႏၶာကိုယ္ကို တံတားခင္းၿပီးေတာ့ ဘုရားဆု၊ နိယတဗ်ာဒိတ္ပန္းကို ဆင္ျမန္းဖို႔ ႀကိဳးပမ္းေနတယ္။ သုေမဓာရွင္ရေသ့က သဗၺၫုတဥာဏ္ရဖို႔အတြက္ ဆုထူးပန္ခဲ့တယ္။ ေနာက္မွာ သုမိတၱာအမႉးရွိတဲ့ အမ်ိဳးသမီးေတြကလည္း ရွိၾကတယ္။ သုမိတၱာက သုေမဓာရွင္ရေသ့ရဲ႕ ေျမာက္သားေတာ္ ျဖစ္ဖို႔ရန္ဆုေတာင္းတယ္။ သုမိတၱာရဲ႕ ေနာက္မွာ ပါတဲ့ အမ်ိဳးသမီးႏွစ္ေထာင္ေက်ာ္ က်ေတာ့ သုေမဓာရွင္ရေသ့ ဘုရားျဖစ္တဲ့အခါမွာ ကြၽတ္တမ္း၀င္ဖို႔ ဆုေတာင္းၾကတယ္။ ရည္႐ြယ္ခ်က္၊ ဦးတည္ခ်က္ေတြ မတူၾကဘူး။ ေလးသေခၤ်နဲ႕ ကမၻာတစ္သိန္းကာလကို ျဖတ္ေက်ာ္ခဲ့ရတာေတာ့ အတူတူပဲ။ အက်ိဳးေပးေတြ မတူညီၾကေတာ့ဘူး။ သုေမဓာရွင္ရေသ့က အသက္၊ အိုးအိမ္၊ စည္းစိမ္၊ အရပ္ရပ္ကို စြန့္လႊတ္ၿပီးေတာ့ ပါရမီဆယ္ပါး၊ အျပားသုံးဆယ္ေတြကိုျဖည့္က်င့္ ၿပီး ေနာက္ဆုံး သဗၺၫုတဥာဏ္ကို ရသြားတယ္။ သုမိတၱာက ေျမာက္သားေတာ္ လာျဖစ္တယ္။ အမ်ိဳးသမီးေပါင္းႏွစ္ေထာင္ေက်ာ္က ရဟႏၱာေထရီမေတြ ျဖစ္ၾကပါတယ္။ ယေသာ္ဓရာနဲ႕ တစ္ရက္တည္းမွာပဲ ပရိနိဗၺာန္စံ၀င္သြားၾကတယ္။ ကံခ်င္း မတူဘူး။ စိတ္ေနစိတ္ထားခ်င္းေတြလည္း မတူညီၾကတဲ့အတြက္ အက်ိဳးေပးပုံခ်င္းလည္း မတူညီဘူး။ ဘ၀ဆိုတာ ေကာင္းတယ္လို႔ ေျပာေနတာေတာ့ မဟုတ္ဘူ။ သံသရာခရီးကို မိမိက ဆုံးေအာင္ မလုပ္နိုင္ေသးလို႔ ဘ၀တစ္ခုခုကို လက္ခံရမယ္ဆိုရင္ မိမိက ဘယ္လို ဘ၀မ်ိဳးကို အလိုရွိလဲ။ အလိုရွိတဲ့ဘ၀ကို ေရာက္ရာေရာက္ေၾကာင္းျဖစ္တဲ့ ကံေတြကို ဒီအခ်ိန္အခါမွာ ျပဳစုပ်ိဳးေထာင္နိုင္ခြင့္ရွိေနတဲ့ အခ်ိန္အခါျဖစ္တယ္ဆိုတာကို အသိေပးေနျခင္းျဖစ္ပါတယ္။ က်က်နန ေ႐ြးခ်ယ္တတ္ဖို႔ေတာ့လိုတယ္။ မေ႐ြးခ်ယ္တတ္ဘဲနဲ႕ အမွတ္တမဲ့ ကံတစ္ခုကို ျပဳလုပ္လိုက္လို႔ ဒီကံက ကံအရာတည္သြားလို႔ရွိရင္ ေနာင္တစ္ခ်ိန္ အက်ိဳးေပးေတာ့မယ္။ အက်ိဳးေပးတဲ့အခ်ိန္အခါက်မွ မိမိက ဒီလိုကံမ်ိဳး၊ ဒီလို အက်ိဳးတရားမ်ိဳး အလိုမရွိပါဘူးလို႔ ထိုင္ၿပီးငိုေနေသာ္လည္း မရေတာ့ဘူး။ အခ်ိန္က လြန္သြားၿပီ။ { ဖားေအာက္ဆရာေတာ္ႀကီး၏ စိတ္ဓာတ္ျပဳျပင္ေျပာင္းလဲေရးတရားေတာ္ စာအုပ္မွ } Credit::::
via အလင္းေရာင္ ဓမၼ https://ift.tt/2D3ssuQ
Newer Post
Older Post
Home