Thursday, November 21, 2019

ကာမပိုင်ရှိသူနဲ့​ဖောက်ပြားလျှင် ကြုံရမည့် ဒု-သ-န-သော အကြောင်းမေးလာသူများအတွက် ___________________ ဖက်ကြည့်နော် ဒု - သ - န - သော ဆိုတဲ့ ဒီစကား​ ​လေးလုံးအကြောင်းကတော့ မြတ်စွာဘုရားရှင် သာဝတၳိပြည်၊ ​ဇေတဝန် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်၏။ တစ်နေ့သာဝတၳိပြည်ရှင် ​ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသားအမျိုးသမီး တစ်ဦးကို နှစ်သက်သဘောကျခဲ့၏။ နန်းတော်ပြန်ရောက်ပြီး အဲဒီအမျိုးသမီးအကြောင်းကို စုံးစမ်းခိုင်းတဲ့ အခါအိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီးအပေါ်စွဲ လန်းနေမိတဲ့အတွက် ဒီအမျိုးသမီးကို အရယူဖို့သူမရဲ့ ​ယောကျ်ားကိုခေါ်ပြီး နန်းတော်မှာအလုပ်ခန့်ခဲ့၏ ​ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောကျ်ားကို တစ်နည်း နည်းနဲ့အပြစ်ရှာပြီး အပြစ်အတိုင်းအဆုံးစီရင်ကာ ကျန်ခဲ့တဲ့အမျိုးသမီးကို သိမ်းပိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောကျ်ားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်၏။ လင်ရှိမယားကို သိမ်းပိုက်လိုတဲ့ ဘုရင်ဟာ ရည်ရွယ်ချက်အတိုင်း တစ်နေ့တော့ သူဆင်းရဲသား ​ယောကျ်ားကို တာ၀န်တစ်ခုကို ​စေခိုင်းခဲ့၏။ ဘုရင်ကြီးက "အချင်းယောကျ်ား ငါ့ဘုရင်နန်းတော်ကနေ တစ်ယူဇနာ ​ကျော်ကျော်လောက်မှာရှိတဲ့ မြစ်တစ်ခုကိုသွားပြီး အဲဒီမှာရှိတဲ့ ကုမုဒြာကြာပန်းနဲ့ အရုဏဝတီမြေကို ငါဘုရင် ရေးချိုးချိန်အမီ ​ဆောင်ယူကာ ဆက်သရမယ်။ အချိန်မီ ရောက်မလာရင် သင့်ကိုမင်းပြစ်မင်းဒဏ်ပေးမယ်။ အမြန်သွားပြီး ဆောင်ယူခဲ့လော့"လို့ မင်းအမိန့်နဲ့ စေခိုင်းခဲ့၏။ ဘုရင်ကြီးဟာ မဖြစ်နိုင်တာကိုတမင် အပြစ်ရှာပြီး ခိုင်းတဲ့သဘော ဖြစ်ပေမယ့် မင်းခယောကျ်ား သူဆင်းရဲသားကတော့ အမိန့်အတိုင်းသွားရောက် ​ဆောင်ယူရမှာဖြစ်ပါ၏။ ဒါနဲ့သူဆင်းရဲသားလည်း ဇနီးမယားကို အကျိုးအကြောင်းပြောကာ ထမင်းရိက္ခာပြင်စေပြီး တစ်ယူဇနာခရီးကို အပြီးနှင်ခဲ့၏။ လမ်းခရီးမှာ ထမင်းစာချိန်ရောက်လို့ ထမင်းစားပြီးတဲ့အခါ ပါလာတဲ့ ထမင်းဟင်းများရဲ့ တစ်ချို့တစ်ဝက်ကို ခရီးသွား ယောကျ်ားကိုလည်း လှူကာ ကျန်တဲ့အစားအစာတွေကိုလည်း မြစ်ထဲမှာရှိတဲ့ သတ္တဝါတွေကို ​ကျေွးမွေးလှူဒါန်းပြီး သစ္စာပြုလိုက်၏။ တိုတိုပြောရရင် ဒီကုသိုလ်ကောင်းမှုကြောင့်ပဲ မရနိုင်တဲ့ကုမုဒြာကြာနဲ့ အရုဏဝတီမြေကို ရရှိခဲ့၏။ ဘုရင်အမိန့်အတိုင်း လိုအပ်တာကိုယူဆောင်ပြီး နန်းတော်သို့အချိန်မီရောက်အောင် ပြန်လာခဲ့ပေမယ့် အကြံကြီးတဲ့ဘုရင်ကြီးဟာ သူဆင်းရဲသားမရောက်ခင် နန်းတော်မြို့တံခါးကို ​စောစောအပိတ်ခိုင်းလိုက်၏။ ဆင်းရဲသားယောက်ျားဟာ မြို့တံခါးပိတ်ထားတဲ့ အတွက်အဲဒီည အိပ်စရာမရှိတဲ့အခါနောက်ဆုံး သတ္တဝါ​တွေရဲ့ထုံးစံအတိုင်း ဒုက္ခရောက်မှ ဘုရားကျောင်း ကန်ကိုသတိရကာ မြတ်စွာဘုရားကျောင်းတော်မှာ သွားရောက်အိပ်စက်ခဲ့ရ၏။ ​ကောသလဘုရင်ဟာ အဲဒီညမှာ ဆင်းရဲသားယောကျ်ားကို မင်းဒဏ်နဲ့ အဆုံးစီရင်ပြီး သူ့မယားကို သိမ်းပိုက် ဖို့အရေး၊ သူမနဲ့အတူ နေထိုင်နိုင်ရေး စတဲ့အတွေးတွေနဲ့ ကိလေသာမီး ​တောက်လောင်ကာ အိပ်မရဖြစ်နေ ခဲ့၏။ အိမ်မပျော်ဖြစ်နေတဲ့ ဘုရင်ဟာ ညဥ့်နက်နက်အချိန်မှာ ​လောဟကုမ်ဘီငရဲမှာ ငရဲခံနေရတဲ့ ငရဲသား လေးယောက်ရဲ့အသံကို ထူးထူးခြားခြား ကြားလိုက်ရ၏။ အဲဒီငရဲသား လေးယောက်ဟာ ငရဲခံရင်းသူတို့ မှားခဲ့တဲ့အမှားအတွက် ခံရတဲ့ဒုက္ခတွေကို တစ်ယောက်နဲ့တစ်ယောက် ကြားရအောင် အော်ဟစ်ညဉ်းညူ ​ပြောကြားဖို့ ကြိုးစားကြရင်း အပြည့်အစုံ မပြောနိုင်ဘဲ တစ်ယောက်က"ဒု"၊ တစ်ယောက်က"သ"၊ တစ်ယောက်က "န"၊ တစ်ယောက်က "​သော"လို့ တစ်လုံးစီလောက်ပဲ ​အော်ပြောနိုင်ကြပြီး ငရဲအိုးထဲပြန်မြုပ် သွားခဲ့ကြ၏။ အိပ်မပျော်ဖြစ်နေတဲ့ ​ကောသလမင်းကြီးဟာ အဲဒီအသံကြီးတွေကို ကြားပြီး အရမ်းထိတ် လန့်ကာဘယ်လိုမှ အိပ်မရတော့ဘဲ တစ်ညလုံး မိုးလင်းခဲ့ရ၏။ မနက်လင်းတော့ ​ကောသလဘုရင်ဟာ ညကအဖြစ်အပျက်တွေကို ​တွေးတောကြောက်လန့်ပြီး ပညာရှိပု ရောဟိတ်ကို ​မေးမြန်းတဲ့အခါ ပုရောဟိတ်ပုဏ္ဏားက "အရှင်မင်းကြီး ဒါဟာ အရှင်မင်းကြီး အသက်အန္တရာယ် အတွက်စို းရိမ်စရာဖြစ်ပါတယ်။ ဒီအန္တရာယ်တွေကင်းဖို့ သဗ္ဗသတဆိုတဲ့ ယဇ်ကိုပူဇော်ရပါမယ်။ ဒီယဇ်ပူဇော်ဖို့ အတွက် ဆင်၊မြင်း၊ နွားလဥသဘ၊ နို့ညှစ်နွားမ၊ ဆိတ်၊ အာဇာနည်မြင်း၊ ကြက်၊ဝက်၊ သတိုးသား၊ သတိုးသမီး စသဖြင့်သတ္တဝါတစ်မျိုးမျိုးကို တစ်ရာစီပြုကာ သတ်ပြီးပူဇော်ရပါမယ်။ အဲဒါဆိုဘုရင်ကြီးရဲ့ အသက်အန္တရာယ် အတွက်စို းရိမ်စရာမရှိပါ အရှင်မင်းကြီး"လို့ ​လျေှက်တင်လိုက်ကြ၏။ ​ကောသလဘုရင်ဟာ ဉာဏ်အမြင် နည်းပါးပြီး ကိုယ့်အသက်ရှင်ရေးဆို ဘာမဆိုလုပ်နိုင်တဲ့ သူဖြစ်တဲ့အတွက် ပုရောဟိတ်ပြောတဲ့အတိုင်းစီရင် ​စေ၏။ ဘုရင်ရဲ့ယဇ်ပူဇော်မှု အစီအစဉ်ကြောင့် တိုင်းပြည်တစ်ပြည်လုံး အုပ်အုပ်ကျက်ကျက်ဖြစ်ပြီး သား သမီးပါသွားတဲ့ မိဘဆွေမျိုးတွေဟာ အမျိုးမျိုးပူဆွေး ငိုကြွေးကြ၏။ ဒီအသံတွေကြောင့် ​ကောသလမင်း ကြီးရဲ့မိဘုရားဖြစ်တဲ့ ပညာရှိ မလ္လိကာမိဘုရားဟာ ဘုရင်ကြီးကိုတွေ့ပြီး ဒါဟာလမ်းမှန်တဲ့ အလုပ်မဟုတ်တဲ့ အကြောင်း၊ ဒီပြဿနာကို ​ဖြေရှင်းပေးနိုင်မှာ ဘုရားရှင်သာဖြစ်ကြောင်းနဲ့ ဘုရားရှင်ထံ သွားရောက်လျှောက် ကြားဖို့အကြောင်း အကြံပြုလိုက်၏။ ​နောက်ဆုံးတော့ ​ကောသလမင်းကြီးဟာ မိဘုရားကြီးရဲ့အကြံအတိုင်း ဘုရားရှင်ထံ သွားရောက်ခဲ့၏။ ဘုရားရှင်ထံရောက်တဲ့အခါ ​ကောသလမင်းကြီးက ညကကြားခဲ့ရတဲ့ အသံတွေအကြောင်း ​​လျှောက်ထားတဲ့ အခါ မြတ်ဗုဒ္ဓက အဲဒီအသံတွေဟာ တခြားမဟုတ် မကောင်းတဲ့ ကာမေသုမိစၧာစာရကံကြောင့် ​လောဟကုမ်ဘီ ငရဲမှာ ကျရောက်နေတဲ့ ငရဲသား လေးယောက်တို့ရဲ့ အသံပဲဖြစ်ကြောင်း မိန့်တော်မူကာ အဲဒီ ငရဲသားတွေရဲ့ အတိတ်အကြောင်းကို ​ဟောတော်မူပါ၏။ မြတ်ဗုဒ္ဓက "ဒီငရဲသားတွေဟာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက အတူသွားအတူလာအတူပျော်ပါး စားသောက်ကြတဲ့ ချမ်းသားတဲ့ သူေဋ္ဌးသားတွေ ဖြစ်ခဲ့ကြကြောင်း၊ သူေဋ္ဌးသားလေးယောက်ဟာ ​ငွေကြေး ချမ်းသာကြတဲ့အတွက် အပျော်အပါး အမျိုးမျိုးကို ​ပျော်ပါးကြရင်း နောက်ဆုံးသူတို့ ​လေးယောက်တိုင်ပင်ကာ စည်းစိမ်ဥစ္စာတွေကို ချောမောလှပတဲ့ အမျိုးသမီးတွေကိုပေးကာ သူတို့နဲ့ပျော်ပါးတဲ့အခါ အသုံးပြုကြဖို့ ဆုံးဖြတ်ပြီး ​ချောမောလှပတဲ့ အမျိုးသမီးမှန်သမျှ အိမ်ထောင်ရှိရှိ မရှိရှိ စည်းစိမ်ပေးပြီး ​ပျော်ပါးခဲ့ကြကြောင်း၊ ကဿပဘုရားရှင် ပွင့်တော်မူတဲ့ အချိန်ဟာ အနှစ်နှစ်သောင်းတမ်းမှာ ပွင့်တဲ့အတွက် သူေဋ္ဌးသားလေး​ယောက်ဟာ ကာမေသုမိစၧာစာရ အမှုကို နှစ်သောင်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြကြောင်း၊ ဒီအကုသိုလ်ကြောင့်ပဲသူတို့ ​လေးယောက်သေတဲ့အခါ အဝီစိငရဲမှာ ကျရောက်ကာ အဝီစိငရဲမှာ နှစ်ပေါင်းမြောက်များစွာ ခံစားပြီး အခု တစ်ခါ ​လောဟကုမ်ဘီငရဲမှာ ထပ်ပြီး ခံနေရတာဖြစ်ကြောင်း၊ မင်းကြီးကြားတဲ့ အသံတွေဟာ ​လောဟကုမ်ဘီငရဲမှာ ခံစားနေရတဲ့ အဲဒီသူေဋ္ဌးသား လေးယောက်ရဲ့ အသံပဲဖြစ်ကြောင်း"စသဖြင့် အတိတ်ဆောင်ကာ ​ကောသလမင်းကြားခဲ့တဲ့ အသံကြီးလေးခုရဲ့ အဓိပ္ပါယ်ကို ထပ်မံရှင်းလင်း မိန့်တော်မူပါ၏။ မြတ်စွာဘုရားရှင်က ​ကောသလမင်းကြီး ကြားခဲ့တဲ့ အသံတွေထဲက "ဒု"ဆိုတဲ့ အသံဟာ ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့ "ဒုဇ္ဇီ၀ိတ မဇီဝိမှိ၊ ​ယေသနေ္တ န ဒဒမှသေ။ ဝိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။" ငါတို့အားစည်း စိမ်ဥစ္စာများ ထင်ရှားရှိကုန်ပါလျက် မပေးမလှူမိကြကုန်၊ မိမိ၏မှီရာ ကိုင်းကျွန်းသဖွယ် ဖြစ်သည့် ကုသိုလ်​ကောင်းမှုကို မပြုမိကြသည့် ငါတို့သည် မကောင်းသဖြင့် အသက်မွေးခြင်းကို ပြုလုပ်ခဲ့ကြကုန်၏" လို့ပြောလို တာဖြစ်ကြောင်း၊ "သ"ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ငရဲသား အနေနဲ့ "သဋ္ဌိ၀ဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အနေ္တာ ဘ၀ိဿတိ။" ​လောဟကုမ်ဘီ ငရဲမှ ခံစားနေရသည့် ငါအားတို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်ခြောက်သောင်းတို့ ပြည့်ကုန်ပြီး ဖြစ်သော်လည်း ထိုငရဲခံရမှုသည် မည်သည့်အခါတွင် အဆုံးသတ်မည်နည်း"လို့ ​ပြောလိုတာ ဖြစ်ကြောင်း၊ "န"ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့ "နတၳိ အနေ္တာ ကုတော အနေ္တာ၊ န အနေ္တာ ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။" ငါတို့အား အဆုံးအပိုင်းအခြားသည် မရှိခဲ့၊ ငရဲ၏ အဆုံးကား အဘယ်မှာ ရှိအံ့နည်း။ ငရဲခံရခြင်း၏အပိုင်းအခြားသည် မထင်ရှား။ ငါတို့သည် လူဖြစ်စဉ်က မကောင်းမှု အများအပြားကို ပြုမိခဲ့လေပြီ"လို့ ​ပြောလိုတာ ဖြစ်ကြောင်း၊ "​သော”ဆိုတဲ့ အသံဟာလည်း ဒီအသံပိုင်ရှင် အနေနဲ့ "​သောဟံ နူန ဣတောဂန္တွာ၊ ​ယောနိံ လဒ္ဓါန မာနုသိံ။ ဝဒညူ သီလသမ္ပနေ္နာ၊ ကာဟာမိ ကုသလံ ဗဟုံ။" ငါသည် ဤသံပူရည် ငရဲမှ လွတ်မြောက်ပြီး လူ့ဘဝကို ရပါမူကား အလှူခံသူ လူပုဂ္ဂိုလ်တို့၏ စကားကို သိ​လေ့ရှိသည်ဖြစ်၍၊ သီလနှင့်ပြည့်စုံသည်ဖြစ်၍၊ များစွာသော ကုသိုလ်ကောင်းမှုကို ပြုပါတော့အ့ံ"လို့ ​ပြောလိုက်​တာဖြစ်ကြောင်း စသဖြင့် ဒု - သ - န - သော ဆိုတဲ့ အသံတွေရဲ့ ဆိုလိုရင်း အကျယ်ကို ​ဟောကြား ချီးမြှင့်တော်မူပါ၏။ အသံပိုင်ရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်းနဲ့ ဆိုလိုရင်းအဓိပ္ပါယ်တွေကို ကြာူနာလိုက်ရတဲ့ ကောသလဘုရင် အရမ်းကြောက်လန့်သွားပြီး သူများသားမယားကို ပြစ်မှားကျူးလွန်လိုတဲ့ စိတ်တွေလည်း ​ပျောက်ကုန်ပါ​တော့၏။ ဒီဖော်ပြချက်တွေကတော့ ဒု - သ - န - သော ဆိုတဲ့ တရားစကားကို ဟောကြားဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ဒု - သ - န - သော ဆိုတဲ့ စကားအဓိပ္ပါယ်နဲ့ ဒီစကားပိုင်းရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်း​လေးပဲ ဖြစ်ပါ၏။ ဒီနေရာမှအဓိက ​ပြောချင်တာက အများသိထားကြတဲ့ ဒု - သ - န - သော ဆိုတဲ့ စကားလုံးတွေအကြောင်းနဲ့ ဒီအသံတွေကို ပြုကြတဲ့ ငရဲသားတွေရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အကြောင်းကို ​ပြောချင်တာဖြစ်ပါ၏။ ဒီငရဲသားတွေရဲ့ အတိတ်ကလုပ်ခဲ့တဲ့ သူတပါးသားမယားကို ဖျက်စီးခဲ့တဲ့ ကာမေသုမိစၦာစာရ ကံရဲ့ တန်ပြန် သက်ရောက်မှု အကျိုးပေးရဲ ​ကြောက်စရာ ကောင်းပုံကို သိစေချင်တာ ဖြစ်ပါ၏။ ​စေတနာ ရည်ရွယ်ချက် ရှိရှိနဲ့ ကျူးလွန်ခဲ့ကြတဲ့ အကုသိုလ် ကံတစ်ခုဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ခံရတတ်တဲ့ သဘောကို သဘောပေါက် နားလည်စေချင်တာ ဖြစ်၏။ ပြီး​တော့ ဒီလို အကုသိုလ်မျိုး မပြုဖြစ်အောင်ကိုယ်ကျင့် သီလကို အထူးလုံခြုံစေချင်တာ ဖြစ်ပါ၏။ ဒါကြောင့် ဒု - သ - န - သောဆိုတဲ့ စကားလုံးတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာအဖြစ်အပျက် အဓိပ္ပါယ် တွေကို ​ကောင်းကောင်းနားလည် သဘောပေါက်ပြီး ရခဲတဲ့လူ့ဘဝကို ရထားကာ ဘုရားသာသနာနဲ့လည်း ကြုံနေကြတဲ့ အခိုက်မှာ ကိုယ်ကျင့်သီလကို လုံခြုံအောင် ​စောင့်ထိန်းရင်း ကုသိုလ် ကောင်းမှုများကိုပါ ရသမျှ စုဆောင်းနိုင်ကြဖို့ ဒီစာစုလေးနဲ့ အသိပေးရင်း ဒု သ န သောမှ ရှောင်နိုင်အောင် ကြိုးစားကြဖို့လည်း စေတနာစကား ​မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါ၏။ သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေ ခံစားရမယ့် အရာ(၅)မျိုး ................................................ လောကမှာ ​ကြောက်စရာအကောင်းဆုံးနဲ့ အယုတ်ညံ့ဆုံးလုပ်ရပ်တွေထဲမှာ သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတာလည်း တစ်ခုအပါအဝင်ဖြစ်၏။ ဒီလိုလူတွေက ယာယီတော့ ပျော်ရွှင်ရမယ် ဒါပေမယ့်ဘယ်တော့မှ ငြိမ်းချမ်းမှု၊ ​ပျော်ရွှင်မှုကို ရရှိမှာ မဟုတ်ပါဘူး။ သူတစ်ပါးမိသားစုကို ဖြိုခွဲတဲ့သူတွေ၊ ​ဖောက်ပြန်တဲ့သူ​တွေ ခံစားရမယ့် အရာတွေကို ဖော်ပြပေးလိုက်ပါ၏။ အားလုံးလည်း သတိထားဆင်ခြင်နိုင်ကြပါစေ။ ၁။ ပူလောင်ခြင်း။ ...................... သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့သူတွေ အမြဲတမး်ခံစားနေရမယ့် အရာကတော့ ပူလောင်ခြင်းပါဘဲ။ သူတို့ရင်ထဲမှာ နောင်တရသလိုလို၊ ​ကျေနပ်သလိုလို မှားနေသလိိုလို၊ မှန်နေပြန်သလိုလို မသေချာမရေရာတဲ့ ခံစားချက်တွေ အမျိုးမျိုးဖြစ်နေပြီး ဘယ်တော့မှ ​အေးချမ်းရမှာမဟုတ်ပါဘူး တစ်ခါတလေအလိုလိုနေရင်း ​ဒေါသတွေထွက် ရှူးရှူးရှားရှားတွေဖြစ်ပြီး ဘာတွေကိုဒေါသထွက်လို့ ထွက်မှန်း မသိအောင်ကို ပူလောင်ပြီး အရူတစ်ယောက်လို ဖြစ်နေမှာပါ။ ၂။ စိုးရိမ်ထိတ်လန့်ခြင်း။ .............................. ဒီလိုလူမျိုးတွေရဲ့ပတ်သက်မှုဟာ မတရားသဖြင့်ရရှိထားတဲ့ ပတ်သက်မှု မျိုးဖြစ်တာကြောင့် အမြဲတမ်း ပူပင်သောက ​ရောက်နေရမှာပါ။ ဒါ့အပြင် ဘယ်တော့ဝဋ်ပြန်လည်မလဲ၊ ဘယ်တော့များ တခြားသူနောက် ပြန်ပါသွားမလဲ၊ ကိုယ့်ကိုယ်ဘယ်တော့ ထားသွားမလဲဆိုပြီး တစ်ချိန်လုံး စိုးရိမ်သောကရောက်နေရမှာပါ။ ဒါ့အပြင် ကြာလာတဲ့အခါ သူတို့ကြားမှာနည်းနည်း​လေး ပြဿနာ ရှိလာတာနဲ့ တစ်ယောက်နဲ့ တစ်​ယောက် အပြစ်တင်ပြီး စိတ်ညစ်ပြီးရင်းညစ်လာရမှာပါ။ ၃။ ဝဋ်လည်ခြင်း။ ....................... ဝဋ်ဆိုတာက တကယ်ကိုလည်ပါတယ် ခုခေတ်မှာ ဝဋ်လည်တာပိုတောင် မြန်ပါသေးတယ်။ ဒါကြောင့် ဒီလိုလူတွေဟာ သူတစ်ပါးကို မျက်ရည်ကျအောင်၊ ရင်ကွဲအောင်၊ နာကျင်အောင်လုပ်ခဲ့သမျှ သူတို့ပြန်ခံစားရမှာပါ။ သူတစ်ပါးမျက်ရည်နဲ့ တည်ဆောက်ထားတဲ့ သူတို့တွေရဲ့ ပတ်သက်မှုဟာ ဘယ်တော့မှ ​ပျော်စရာကောင်းလာမှာ မဟုတ်သလို တစ်ချိန်မှာ ကျိန်းသေပေါက် ဝဋ်ပြန်လည်လာတဲ့အခါကျရင် သူတို့ကို ကူညီမယ့်သူ၊ သနားမယ့်သူ တစ်​ယောက်မှတောင် ရှိမှာ မဟုတ်ပါဘူး။ ၄။ လူတွေရဲ့အထင်အမြင်သေးခြင်း။ ............................................ သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူ၊ ​ဖောက်ပြန်တဲဲ့သူတွေဟာ ဘယ်လောက်ပဲ စည်းစိမ်ဥစ္စာတွေရှိရှိ၊ ဘယ်လောက်ဘဲ ပညာအရည်အချင်းမြင့်မြင့် ဘယ်သူကမှသူတို့ကို ​လေးစားတော့မှာ မဟုတ်သလို ဘယ်သူကမှလည်း သူတို့ကို ယုံကြည်တော့မှာမဟုတ်ပါဘူး။ သူတို့ရဲ့ စညး်စိမ်ဥစ္စာ၊ နာမည်၊ ဂုဏ်ကြောင့်သာ အပေါ်ယံပေါငး်ချင်ပေါင်းမယ်၊ ဒါပေမယ့် စိတ်ထဲမှာတော့သူတို့ကို အထင်အမြင် အရမ်​း​ ​သေးနေမှာဖြစ်ပါတယ်။ ဒုက္ခရောက်တဲ့အချိန်တွေမှာတောင် ကူညီမယ့်သူတစ်​ယောက်မှ ရှိမှာ မဟုတ်ပါဘူး။ ၅။ နောင်တတရား။ ........................ သူတစ်ပါးရဲ့အိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေနဲ့ ​ဖောက်ပြန်​တေဲ့သူတွေဟာ နာင်တတရားနဲ့ အဆုံးသတ်ရလေ့ရှိပါတယ်။ သူတို့ရဲ့ သားသမီးတွေရဲ့ နာကျည်းခြင်းကိုခံရတဲ့အခါ အရာအားလုံးကို နောင်တရပြီး စစ်မှန်တဲ့ မေတ္တာတရားကို ​တောင့်တလာတဲ့အခါမှာ ဘယ်သူမှ သူတို့အနားမှာ ရှိတော့မှာ မဟုတ်ပါဘူး။ အရင်အချိန်တွေ၊ အရင်တုနး်ကဖြူစင်ခဲ့တဲ့ အတိတ်တွေကို ဘယ်လောက်ဘဲ ပြန်လိုချင်လိုချင် သူတို့ကိုယ်တိုင်က အမဲစက်ဖြစ်နေတဲ့အတွက် ဘယ်တော့မှပြန်ပြီး မဖြူစင်နိုင်တော့ပါဘူး။ "ကာမေသုမိစၧာစာရကံရဲ့ ဆိုးကျိုးများ" ------------------------------------------- ​ရှေးတုန်းက "ဧရကစၦမြို့"မှာ ​ရွှေပန်းတိမ်သည် သူဌေးသားလူငယ်တစ်ယောက် ရှိခဲ့၏။ ဥစ္စာပေါ ရုပ်ချောဆိုတာ လူတကာငေးရတာပေါ့။ ​ငွေရှိတော့ ထင်တိုင်းကြဲ ပျိုပိျုအိုအို သူနဲ့ ကင်းလွတ်သူ မရှိသလောက်ပါပဲ။ ဒီလိုပျော်ပါးရင်းနဲ့ဘဲ ဘဝကုန်ဆုံးတော့ "ငရဲ"ကျရောက်ပါ၏။ "ငရဲ"က လွတ်ပြန်တော့ ​မျောက်ဘ၀၊ ဆိတ်ဘဝ၊ နွားဘဝ​တွေမှာ ဖြစ်တယ်။ ဖြစ်တိုင်းပဲ သင်းကွပ်ခြင်းကို ခံရပါတယ်။ နွားဘဝမှာ မျက်စိကန်းလို့ မကျန်းမမာဖြစ်နေတာတောင် ထွန်ဆွဲရ၊ လှည်းရုန်းရနဲ့ မပြတ်လုပ်နေရတယ်။ ​နောက်ဘ၀ကျတော့ "ကျွန်အမျိုးသမီး”တစ်ဦးရဲ့ သားဖြစ်တယ်​။ သားဆိုပေမယ့် ယောကျ်ားမဟုတ်၊ မိန်းမဟုတ်တဲ့"နပုံးပဏ္႑ုပ်"ပါ။ အသက်သုံးဆယ်မှာ သေဆုံးလို့ ဆင်းရဲသားလှည်းကူလီရဲ့ သမီးထပ်ဖြစ်ပြန်ရော။ အကြွေးမပေးနိုင်လို့၊ လှည်းကုန်သည်က လှည်းကူလီရဲ့ သမီးကို အကြွေးနဲ့သိမ်းလိုက်ပါ၏။ ၁၆ နှစ်အရွယ်မှာ မယားရှိတဲ့ "လှည်းကုန်သည်သား"က ချစ်လှပါတယ်ဆိုပြီး "မယားငယ်"အဖြစ်နဲ့ သိမ်းပိုက်ခံရတယ်။ ​ကျေနပ်အောင် ပြုစုသော်လည်းဘဲ "​မေတ္တာစစ်"ကို မရခဲ့ပါဘူး။ အဲဘဝကနေ သေဆုံးတော့ ​ဂေါတမဘုရားရှင်လက်ထက်မှာ "ဥဇေ္ဇနီပြည် သူဌေး"တစ်ဦးရဲ့ "သမီး"ဖြစ်ပါတယ်။ အရွယ်ရောက်တော့ သာကေတသူဌေးသား တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ လိမ်လိမ်မာမာနေကာ မယားဝတ်ကျေအောင် ပြုစုပါသော်လည်း ​နောက်တော့ လင်ရဲ့ စွန့်ပစ်ခြင်းကို ခံရပြန်ပါတယ်။ ​နောက်တစ်ယောက်နဲ့ ထပ်ပြု၊ ပြန်ကွဲ။ ဒီလိုနဲ့"အိမ်ထောင်သုံးဆက်"ရှိတာ သုံးဆက်လုံး "လင်စွန့်ပစ်တာ"ကို ခံရတယ်။ အပြစ်များလှပါပေ၏။ ​ရွှေပန်းထိမ်သည်ဘဝနဲ့ ​ငွေကို ရေလိုသုံးခဲ့သမျှ ခံရတာ မသက်သာပါလား။ ​နောက်ဆုံးမှာတော့ "ဇိနဒတ္တာထေရီမ"နဲ့ တွေ့လို့ တရားနာရတယ်။ ဘိက္ခုနီမဝတ် တရားအားထုတ်လိုက်တာ "ရဟန္တာမ" ဖြစ်သွား ပါတော့တယ်။ ဒီတော့မှ "ကာမေသုမိစၦာစာရကံရဲ့ ဝဋ်ကြွေး"မှ လွတ်မြောက်သွားပါတော့တယ်။ သူများသားမယား ​ဖောက်ပြားတဲ့ကံဟာ ဆိုးကျိုးများပြားလှပါ၏။ ဒါကြောင့်ဘဲ ရှေးဆရာတော်များက လူအများတို့ ကာမေသု မိစၧာစာရအပြစ်များကို အလွယ်တကူ သိရှိကြပြီး ​ရှောင်ကြဉ်နိုင်ကြရန်အတွက် ခုလို ကဗျာစပ်ခဲ့ပါတယ်။ "သူ့လင်သူမယား၊ မရှောင်ရှားဘဲ၊ ပြစ်မှားလေမှု၊ ထိုသည့်သူအား၊ ရန်သူပေါများ၊ ချစ်သူရှား၏။ ​ယောကျားမပီ၊ မ,မပီပဲ၊ မကြည်အိနြေ္ဒ၊ ကျက်သရေမရှိ၊ ဟိရိမကပ်၊ သြတ္တပ်ကင်းကွာ၊ အင်္ဂါချိုတဲ့၊ ရှိန်ဇော်မဲ့၍၊ ချို့တဲ့ဥစ္စာ၊ ဆင်းရဲရှာ၏။ ကွဲကွာချစ်သူ၊ သောကဆူလျက်၊ စိတ်ပူပြင်းပြ၊ စိုးကြောင့်ကြနှင့်၊ လားရဒုဂ္ဂတိ၊ ဆင်းရဲဖိသည်။ ရ၏ဆိုးကျိုးများစွာတည်း။" အရမ်းကြောက်စရာကောင်းလှပါ၏ ဒကာ ဒကာမများလည်း ဒီလို"ဝဋ်"မျိုး မခံရအောင် "ကာမေသုမိစၦာစာရကံ"ကို ​ရှောင်ကြဉ်ပြီး အချစ်စစ်ကိုရှာ ဘဝလက်တွဲဖော်နဲ့သာ လှပတဲ့ဘဝတစ်ခုတည်ဆောက်ဖို့ တိုက်တွန်းပါ၏။ 🙏🙏🙏Crd - Ashin Pan Dita 🙏🙏🙏 ကာမပိုင္ရွိသူနဲ႔ ​ေဖာက္ျပားလ်ွင္ ႀကံဳရမည့္ ဒု-သ-န-ေသာ အေၾကာင္း ___________________ ဒု - သ - န - ေသာ ဆုိတဲ့ ဒီစကား​ ​ေလးလုံးအေၾကာင္းကေတာ့ ျမတ္စြာဘုရားရွင္ သာဝတၳိျပည္၊ ​ေဇတဝန္ ေက်ာင္းေတာ္မွာ သီတင္းသုံး ေနေတာ္မူခ်ိန္က ျဖစ္၏။ တစ္ေန႔သာဝတၳိျပည္ရွင္ ​ေကာသလဘုရင္ဟာ တုိင္းခန္းလွည့္လည္ရင္း မထင္မရွား ဆင္းရဲသားအမ်ိဳးသမီး တစ္ဦးကုိ နွစ္သက္သေဘာက်ခဲ့၏။ နန္းေတာ္ျပန္ေရာက္ၿပီး အဲဒီအမ်ိဳးသမီးအေၾကာင္းကုိ စုံးစမ္းခုိင္းတဲ့ အခါအိမ္ေထာင္ရွိ အမ်ိဳးသမီး တစ္ေယာက္ဆုိတာ သိခဲ့ရေပမယ့္ ဘုရင္ေကာသလဟာ အမ်ိဳးသမီးအေပၚစဲြ လန္းေနမိတဲ့အတြက္ ဒီအမ်ိဳးသမီးကုိ အရယူဖုိ႔သူမရဲ႕ ​ေယာက်္ားကုိေခၚၿပီး နန္းေတာ္မွာအလုပ္ခန္႔ခဲ့၏ ​ေကာသလမင္းႀကီးဟာ အမ်ိဳးသမီးဟာ လင္ရိွမယား ျဖစ္ေနတဲ့အတြက္ အဲဒီလင္ေယာက်္ားကုိ တစ္နည္း နည္းနဲ႔အျပစ္ရွာၿပီး အျပစ္အတုိင္းအဆုံးစီရင္ကာ က်န္ခဲ့တဲ့အမ်ိဳးသမီးကုိ သိမ္းပုိက္မယ္ဆုိတဲ့ရည္ရြယ္ခ်က္နဲ႔ သူဆင္းရဲသား လင္ေယာက်္ားကုိ နန္းေတာ္မွာ တာဝန္ေပးခဲ့ျခင္း ျဖစ္၏။ လင္ရွိမယားကုိ သိမ္းပုိက္လုိတဲ့ ဘုရင္ဟာ ရည္ရြယ္ခ်က္အတုိင္း တစ္ေန႔ေတာ့ သူဆင္းရဲသား ​ေယာက်္ားကုိ တာ၀န္တစ္ခုကုိ ​ေစခုိင္းခဲ့၏။ ဘုရင္ႀကီးက "အခ်င္းေယာက်္ား ငါ့ဘုရင္နန္းေတာ္ကေန တစ္ယူဇနာ ​ေက်ာ္ေက်ာ္ေလာက္မွာရွိတဲ့ ျမစ္တစ္ခုကုိသြားၿပီး အဲဒီမွာရွိတဲ့ ကုမုျဒာၾကာပန္းနဲ႔ အရုဏဝတီေျမကုိ ငါဘုရင္ ေရးခ်ိဳးခ်ိန္အမီ ​ေဆာင္ယူကာ ဆက္သရမယ္။ အခ်ိန္မီ ေရာက္မလာရင္ သင့္ကုိမင္းျပစ္မင္းဒဏ္ေပးမယ္။ အျမန္သြားၿပီး ေဆာင္ယူခဲ့ေလာ့"လုိ႔ မင္းအမိန္႔နဲ႔ ေစခုိင္းခဲ့၏။ ဘုရင္ႀကီးဟာ မျဖစ္ႏုိင္တာကုိတမင္ အျပစ္ရွာၿပီး ခုိင္းတဲ့သေဘာ ျဖစ္ေပမယ့္ မင္းခေယာက်္ား သူဆင္းရဲသားကေတာ့ အမိန္႔အတုိင္းသြားေရာက္ ​ေဆာင္ယူရမွာျဖစ္ပါ၏။ ဒါနဲ႔သူဆင္းရဲသားလည္း ဇနီးမယားကုိ အက်ိဳးအေၾကာင္းေျပာကာ ထမင္းရိကၡာျပင္ေစၿပီး တစ္ယူဇနာခရီးကို အၿပီးႏွင္ခဲ့၏။ လမ္းခရီးမွာ ထမင္းစာခ်ိန္ေရာက္လုိ႔ ထမင္းစားၿပီးတဲ့အခါ ပါလာတဲ့ ထမင္းဟင္းမ်ားရဲ႕ တစ္ခ်ိဳ႕တစ္ဝက္ကုိ ခရီးသြား ေယာက်္ားကုိလည္း လွဴကာ က်န္တဲ့အစားအစာေတြကုိလည္း ျမစ္ထဲမွာရွိတဲ့ သတၱ၀ါေတြကုိ ​ေကၽြးေမြးလွဴဒါန္းၿပီး သစၥာျပဳလုိက္၏။ တုိတုိေျပာရရင္ ဒီကုသုိလ္ေကာင္းမႈေၾကာင့္ပဲ မရႏုိင္တဲ့ကုမုျဒာၾကာနဲ႔ အရုဏဝတီေျမကုိ ရရွိခဲ့၏။ ဘုရင္အမိန္႔အတုိင္း လုိအပ္တာကုိယူေဆာင္ၿပီး နန္းေတာ္သုိ႔အခ်ိန္မီေရာက္ေအာင္ ျပန္လာခဲ့ေပမယ့္ အႀကံႀကီးတဲ့ဘုရင္ႀကီးဟာ သူဆင္းရဲသားမေရာက္ခင္ နန္းေတာ္ၿမိဳ႕တံခါးကုိ ​ေစာေစာအပိတ္ခုိင္းလုိက္၏။ ဆင္းရဲသားေယာက္်ားဟာ ျမိဳ႕တံခါးပိတ္ထားတဲ့ အတြက္အဲဒီည အိပ္စရာမရွိတဲ့အခါေနာက္ဆုံး သတၱဝါ​ေတြရဲ႕ထုံးစံအတုိင္း ဒုကၡေရာက္မွ ဘုရားေက်ာင္း ကန္ကိုသတိရကာ ျမတ္စြာဘုရားေက်ာင္းေတာ္မွာ သြားေရာက္အိပ္စက္ခဲ့ရ၏။ ​ေကာသလဘုရင္ဟာ အဲဒီညမွာ ဆင္းရဲသားေယာက်္ားကုိ မင္းဒဏ္နဲ႔ အဆုံးစီရင္ၿပီး သူ႔မယားကုိ သိမ္းပုိက္ ဖုိ႔အေရး၊ သူမနဲ႔အတူ ေနထုိင္ႏုိင္ေရး စတဲ့အေတြးေတြနဲ႔ ကိေလသာမီး ​ေတာက္ေလာင္ကာ အိပ္မရျဖစ္ေန ခဲ့၏။ အိမ္မေပ်ာ္ျဖစ္ေနတဲ့ ဘုရင္ဟာ ညဥ့္နက္နက္အခ်ိန္မွာ ​ေလာဟကုမၻီငရဲမွာ ငရဲခံေနရတဲ့ ငရဲသား ေလးေယာက္ရဲ႕အသံကုိ ထူးထူးျခားျခား ၾကားလုိက္ရ၏။ အဲဒီငရဲသား ေလးေယာက္ဟာ ငရဲခံရင္းသူတို႔ မွားခဲ့တဲ့အမွားအတြက္ ခံရတဲ့ဒုကၡေတြကုိ တစ္ေယာက္နဲ႔တစ္ေယာက္ ၾကားရေအာင္ ေအာ္ဟစ္ညဥ္းညဴ ​ေျပာၾကားဖုိ႔ ႀကိဳးစားၾကရင္း အျပည့္အစုံ မေျပာႏုိင္ဘဲ တစ္ေယာက္က"ဒု"၊ တစ္ေယာက္က"သ"၊ တစ္ေယာက္က "န"၊ တစ္ေယာက္က "​ေသာ"လုိ႔ တစ္လုံးစီေလာက္ပဲ ​ေအာ္ေျပာႏုိင္ၾကၿပီး ငရဲအုိးထဲျပန္ျမဳပ္ သြားခဲ့ၾက၏။ အိပ္မေပ်ာ္ျဖစ္ေနတဲ့ ​ေကာသလမင္းႀကီးဟာ အဲဒီအသံႀကီးေတြကုိ ၾကားၿပီး အရမ္းထိတ္ လန္႔ကာဘယ္လုိမွ အိပ္မရေတာ့ဘဲ တစ္ညလုံး မုိးလင္းခဲ့ရ၏။ မနက္လင္းေတာ့ ​ေကာသလဘုရင္ဟာ ညကအျဖစ္အပ်က္ေတြကုိ ​ေတြးေတာေၾကာက္လန္႔ၿပီး ပညာရွိပု ေရာဟိတ္ကုိ ​ေမးျမန္းတဲ့အခါ ပုေရာဟိတ္ပုဏၰားက "အရွင္မင္းႀကီး ဒါဟာ အရွင္မင္းႀကီး အသက္အႏၲရာယ္ အတြက္စုိ းရိမ္စရာျဖစ္ပါတယ္။ ဒီအႏၲရာယ္ေတြကင္းဖုိ႔ သဗၺသတဆုိတဲ့ ယဇ္ကုိပူေဇာ္ရပါမယ္။ ဒီယဇ္ပူေဇာ္ဖို႔ အတြက္ ဆင္၊ျမင္း၊ ႏြားလဥသဘ၊ ႏုိ႔ညႇစ္ႏြားမ၊ ဆိတ္၊ အာဇာနည္ျမင္း၊ ၾကက္၊ဝက္၊ သတုိးသား၊ သတုိးသမီး စသျဖင့္သတၱဝါတစ္မ်ိဳးမ်ိဳးကုိ တစ္ရာစီျပဳကာ သတ္ၿပီးပူေဇာ္ရပါမယ္။ အဲဒါဆုိဘုရင္ႀကီးရဲ႕ အသက္အႏၲရာယ္ အတြက္စုိ းရိမ္စရာမရွိပါ အရွင္မင္းႀကီး"လုိ႔ ​ေလ်ွက္တင္လုိက္ၾက၏။ ​ေကာသလဘုရင္ဟာ ဉာဏ္အျမင္ နည္းပါးၿပီး ကုိယ့္အသက္ရွင္ေရးဆုိ ဘာမဆုိလုပ္ႏုိင္တဲ့ သူျဖစ္တဲ့အတြက္ ပုေရာဟိတ္ေျပာတဲ့အတုိင္းစီရင္ ​ေစ၏။ ဘုရင္ရဲ႕ယဇ္ပူေဇာ္မႈ အစီအစဥ္ေၾကာင့္ တုိင္းျပည္တစ္ျပည္လုံး အုပ္အုပ္က်က္က်က္ျဖစ္ၿပီး သား သမီးပါသြားတဲ့ မိဘေဆြမ်ိဳးေတြဟာ အမ်ိဳးမ်ိဳးပူေဆြး ငုိေၾကြးၾက၏။ ဒီအသံေတြေၾကာင့္ ​ေကာသလမင္း ႀကီးရဲ႕မိဘုရားျဖစ္တဲ့ ပညာရွိ မလႅိကာမိဘုရားဟာ ဘုရင္ႀကီးကုိေတြ႕ၿပီး ဒါဟာလမ္းမွန္တဲ့ အလုပ္မဟုတ္တဲ့ အေၾကာင္း၊ ဒီျပႆနာကုိ ​ေျဖရွင္းေပးႏုိင္မွာ ဘုရားရွင္သာျဖစ္ေၾကာင္းနဲ႔ ဘုရားရွင္ထံ သြားေရာက္ေလ်ွာက္ ၾကားဖုိ႔အေၾကာင္း အႀကံျပဳလုိက္၏။ ​ေနာက္ဆုံးေတာ့ ​ေကာသလမင္းႀကီးဟာ မိဘုရားႀကီးရဲ႕အႀကံအတိုင္း ဘုရားရွင္ထံ သြားေရာက္ခဲ့၏။ ဘုရားရွင္ထံေရာက္တဲ့အခါ ​ေကာသလမင္းႀကီးက ညကၾကားခဲ့ရတဲ့ အသံေတြအေၾကာင္း ​​ေလ်ွာက္ထားတဲ့ အခါ ျမတ္ဗုဒၶက အဲဒီအသံေတြဟာ တျခားမဟုတ္ မေကာင္းတဲ့ ကာေမသုမိစၧာစာရကံေၾကာင့္ ​ေလာဟကုမၻီ ငရဲမွာ က်ေရာက္ေနတဲ့ ငရဲသား ေလးေယာက္တုိ႔ရဲ႕ အသံပဲျဖစ္ေၾကာင္း မိန္႔ေတာ္မူကာ အဲဒီ ငရဲသားေတြရဲ႕ အတိတ္အေၾကာင္းကုိ ​ေဟာေတာ္မူပါ၏။ ျမတ္ဗုဒၶက "ဒီငရဲသားေတြဟာ ကႆပျမတ္စြာဘုရားရွင္ လက္ထက္တုန္းက အတူသြားအတူလာအတူေပ်ာ္ပါး စားေသာက္ၾကတဲ့ ခ်မ္းသားတဲ့ သူေ႒းသားေတြ ျဖစ္ခဲ့ၾကေၾကာင္း၊ သူေ႒းသားေလးေယာက္ဟာ ​ေငြေၾကး ခ်မ္းသာၾကတဲ့အတြက္ အေပ်ာ္အပါး အမ်ိဳးမ်ိဳးကုိ ​ေပ်ာ္ပါးၾကရင္း ေနာက္ဆုံးသူတုိ႔ ​ေလးေယာက္တုိင္ပင္ကာ စည္းစိမ္ဥစၥာေတြကုိ ေခ်ာေမာလွပတဲ့ အမ်ိဳးသမီးေတြကုိေပးကာ သူတုိ႔နဲ႔ေပ်ာ္ပါးတဲ့အခါ အသုံးျပဳၾကဖုိ႔ ဆုံးျဖတ္ၿပီး ​ေခ်ာေမာလွပတဲ့ အမ်ိဳးသမီးမွန္သမ်ွ အိမ္ေထာင္ရွိရွိ မရွိရွိ စည္းစိမ္ေပးၿပီး ​ေပ်ာ္ပါးခဲ့ၾကေၾကာင္း၊ ကႆပဘုရားရွင္ ပြင့္ေတာ္မူတဲ့ အခ်ိန္ဟာ အႏွစ္ႏွစ္ေသာင္းတမ္းမွာ ပြင့္တဲ့အတြက္ သူေ႒းသားေလး​ေယာက္ဟာ ကာေမသုမိစၧာစာရ အမႈကုိ နွစ္ေသာင္းနဲ႔ခ်ီၿပီး ျပဳလုပ္ခဲ့ၾကေၾကာင္း၊ ဒီအကုသုိလ္ေၾကာင့္ပဲသူတုိ႔ ​ေလးေယာက္ေသတဲ့အခါ အဝီစိငရဲမွာ က်ေရာက္ကာ အဝီစိငရဲမွာ ႏွစ္ေပါင္းေျမာက္မ်ားစြာ ခံစားၿပီး အခု တစ္ခါ ​ေလာဟကုမၻီငရဲမွာ ထပ္ၿပီး ခံေနရတာျဖစ္ေၾကာင္း၊ မင္းႀကီးၾကားတဲ့ အသံေတြဟာ ​ေလာဟကုမၻီငရဲမွာ ခံစားေနရတဲ့ အဲဒီသူေ႒းသား ေလးေယာက္ရဲ႕ အသံပဲျဖစ္ေၾကာင္း"စသျဖင့္ အတိတ္ေဆာင္ကာ ​ေကာသလမင္းၾကားခဲ့တဲ့ အသံႀကီးေလးခုရဲ႕ အဓိပၸါယ္ကုိ ထပ္မံရွင္းလင္း မိန္႔ေတာ္မူပါ၏။ ျမတ္စြာဘုရားရွင္က ​ေကာသလမင္းႀကီး ၾကားခဲ့တဲ့ အသံေတြထဲက "ဒု"ဆုိတဲ့ အသံဟာ ဒီအသံကုိ ျပဳတဲ့ ငရဲသား အေနနဲ႔ "ဒုဇၨီ၀ိတ မဇီဝိမွိ၊ ​ေယသေႏၲ န ဒဒမွေသ။ ဝိဇၨမာေနသု ေဘာေဂသု၊ ဒီပံ နာကမွ အတၱေနာ။" ငါတုိ႔အားစည္း စိမ္ဥစၥာမ်ား ထင္ရွားရွိကုန္ပါလ်က္ မေပးမလွဴမိၾကကုန္၊ မိမိ၏မွီရာ ကုိင္းကၽြန္းသဖြယ္ ျဖစ္သည့္ ကုသုိလ္​ေကာင္းမႈကုိ မျပဳမိၾကသည့္ ငါတုိ႔သည္ မေကာင္းသျဖင့္ အသက္ေမြးျခင္းကုိ ျပဳလုပ္ခဲ့ၾကကုန္၏" လုိ႔ေျပာလုိ တာျဖစ္ေၾကာင္း၊ "သ"ဆုိတဲ့ အသံဟာလည္း ဒီအသံကုိ ျပဳတဲ့ငရဲသား အေနနဲ႔ "သ႒ိ၀ႆ သဟႆာနိ၊ ပရိပုဏၰာနိ သဗၺေသာ။ နိရေယ ပစၥမာနာနံ၊ ကဒါ အေႏၲာ ဘ၀ိႆတိ။" ​ေလာဟကုမၻီ ငရဲမွ ခံစားေနရသည့္ ငါအားတုိ႔ ခပ္သိမ္းေသာ အျခင္းအရာအားျဖင့္ အႏွစ္ေျခာက္ေသာင္းတုိ႔ ျပည့္ကုန္ၿပီး ျဖစ္ေသာ္လည္း ထုိငရဲခံရမႈသည္ မည္သည့္အခါတြင္ အဆုံးသတ္မည္နည္း"လုိ႔ ​ေျပာလုိတာ ျဖစ္ေၾကာင္း၊ "န"ဆုိတဲ့ အသံဟာလည္း ဒီအသံကုိ ျပဳတဲ့ ငရဲသား အေနနဲ႔ "နတၳိ အေႏၲာ ကုေတာ အေႏၲာ၊ န အေႏၲာ ပဋိဒိႆတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယွဥၥ မာရိသာ။" ငါတုိ႔အား အဆုံးအပုိင္းအျခားသည္ မရွိခဲ့၊ ငရဲ၏ အဆုံးကား အဘယ္မွာ ရွိအံ့နည္း။ ငရဲခံရျခင္း၏အပုိင္းအျခားသည္ မထင္ရွား။ ငါတုိ႔သည္ လူျဖစ္စဥ္က မေကာင္းမႈ အမ်ားအျပားကုိ ျပဳမိခဲ့ေလၿပီ"လုိ႔ ​ေျပာလုိတာ ျဖစ္ေၾကာင္း၊ "​ေသာ”ဆုိတဲ့ အသံဟာလည္း ဒီအသံပုိင္ရွင္ အေနနဲ႔ "​ေသာဟံ ႏူန ဣေတာဂႏ႖ာ၊ ​ေယာနႎ လဒၶါန မာႏုသႎ။ ဝဒညဴ သီလသမၸေႏၷာ၊ ကာဟာမိ ကုသလံ ဗဟုံ။" ငါသည္ ဤသံပူရည္ ငရဲမွ လြတ္ေျမာက္ၿပီး လူ႔ဘဝကုိ ရပါမူကား အလွဴခံသူ လူပုဂၢိဳလ္တုိ႔၏ စကားကုိ သိ​ေလ့ရွိသည္ျဖစ္၍၊ သီလႏွင့္ျပည့္စုံသည္ျဖစ္၍၊ မ်ားစြာေသာ ကုသုိလ္ေကာင္းမႈကုိ ျပဳပါေတာ့အ့ံ"လုိ႔ ​ေျပာလုိက္​တာျဖစ္ေၾကာင္း စသျဖင့္ ဒု - သ - န - ေသာ ဆုိတဲ့ အသံေတြရဲ႕ ဆုိလုိရင္း အက်ယ္ကုိ ​ေဟာၾကား ခ်ီးျမႇင့္ေတာ္မူပါ၏။ အသံပုိင္ရွင္ေတြရဲ႕ အတိတ္ဇာတ္ေၾကာင္းနဲ႔ ဆုိလုိရင္းအဓိပၸါယ္ေတြကုိ ၾကာူနာလုိက္ရတဲ့ ေကာသလဘုရင္ အရမ္းေၾကာက္လန္႔သြားၿပီး သူမ်ားသားမယားကုိ ျပစ္မွားက်ဴးလြန္လုိတဲ့ စိတ္ေတြလည္း ​ေပ်ာက္ကုန္ပါ​ေတာ့၏။ ဒီေဖာ္ျပခ်က္ေတြကေတာ့ ဒု - သ - န - ေသာ ဆုိတဲ့ တရားစကားကုိ ေဟာၾကားျဖစ္ခဲ့တဲ့ အေၾကာင္းနဲ႔ ဒု - သ - န - ေသာ ဆိုတဲ့ စကားအဓိပၸါယ္နဲ႔ ဒီစကားပုိင္းရွင္ေတြရဲ႕ အတိတ္ဇာတ္ေၾကာင္း​ေလးပဲ ျဖစ္ပါ၏။ ဒီေနရာမွအဓိက ​ေျပာခ်င္တာက အမ်ားသိထားၾကတဲ့ ဒု - သ - န - ေသာ ဆုိတဲ့ စကားလုံးေတြအေၾကာင္းနဲ႔ ဒီအသံေတြကုိ ျပဳၾကတဲ့ ငရဲသားေတြရဲ႕ မေကာင္းတဲ့ လုပ္ရပ္ေတြ အေၾကာင္းကုိ ​ေျပာခ်င္တာျဖစ္ပါ၏။ ဒီငရဲသားေတြရဲ႕ အတိတ္ကလုပ္ခဲ့တဲ့ သူတပါးသားမယားကုိ ဖ်က္စီးခဲ့တဲ့ ကာေမသုမိစၦာစာရ ကံရဲ႕ တန္ျပန္ သက္ေရာက္မႈ အက်ိဳးေပးရဲ ​ေၾကာက္စရာ ေကာင္းပုံကုိ သိေစခ်င္တာ ျဖစ္ပါ၏။ ​ေစတနာ ရည္ရြယ္ခ်က္ ရွိရွိနဲ႔ က်ဴးလြန္ခဲ့ၾကတဲ့ အကုသုိလ္ ကံတစ္ခုဟာ ႏွစ္ေပါင္း မေရမတြက္ႏုိင္ေအာင္ ခံရတတ္တဲ့ သေဘာကုိ သေဘာေပါက္ နားလည္ေစခ်င္တာ ျဖစ္၏။ ၿပီး​ေတာ့ ဒီလုိ အကုသုိလ္မ်ိဳး မျပဳျဖစ္ေအာင္ကိုယ္က်င့္ သီလကုိ အထူးလုံၿခဳံေစခ်င္တာ ျဖစ္ပါ၏။ ဒါေၾကာင့္ ဒု - သ - န - ေသာဆုိတဲ့ စကားလုံးေတြနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာအျဖစ္အပ်က္ အဓိပၸါယ္ ေတြကုိ ​ေကာင္းေကာင္းနားလည္ သေဘာေပါက္ၿပီး ရခဲတဲ့လူ႔ဘဝကုိ ရထားကာ ဘုရားသာသနာနဲ႔လည္း ႀကံဳေနၾကတဲ့ အခုိက္မွာ ကုိယ္က်င့္သီလကုိ လုံၿခဳံေအာင္ ​ေစာင့္ထိန္းရင္း ကုသုိလ္ ေကာင္းမႈမ်ားကုိပါ ရသမ်ွ စုေဆာင္းႏုိင္ၾကဖုိ႔ ဒီစာစုေလးနဲ႔ အသိေပးရင္း ဒု သ န ေသာမွ ေရွာင္ႏုိင္ေအာင္ ႀကိဳးစားၾကဖုိ႔လည္း ေစတနာစကား ​ေမတၱာအားျဖင့္ တုိက္တြန္းသမႈ ျပဳလုိက္ရပါ၏။ သူတစ္ပါးအိမ္ေထာင္ကို ၿဖိဳခြဲတဲ့သူေတြ ခံစားရမယ့္ အရာ(၅)မ်ိဳး ................................................ ေလာကမွာ ​ေၾကာက္စရာအေကာင္းဆံုးနဲ႔ အယုတ္ညံ့ဆံုးလုပ္ရပ္ေတြထဲမွာ သူတစ္ပါးအိမ္ေထာင္ကို ၿဖိဳခြဲတာလည္း တစ္ခုအပါအဝင္ျဖစ္၏။ ဒီလိုလူေတြက ယာယီေတာ့ ေပ်ာ္ရႊင္ရမယ္ ဒါေပမယ့္ဘယ္ေတာ့မွ ၿငိမ္းခ်မ္းမႈ၊ ​ေပ်ာ္ရႊင္မႈကို ရရွိမွာ မဟုတ္ပါဘူး။ သူတစ္ပါးမိသားစုကို ၿဖိဳခြဲတဲ့သူေတြ၊ ​ေဖာက္ျပန္တဲ့သူ​ေတြ ခံစားရမယ့္ အရာေတြကို ေဖာ္ျပေပးလိုက္ပါ၏။ အားလံုးလည္း သတိထားဆင္ျခင္ႏိုင္ၾကပါေစ။ ၁။ ပူေလာင္ျခင္း။ ...................... သူတစ္ပါးအိမ္ေထာင္ကို ၿဖိဳခြဲတဲ့သူေတြနဲ႔ ေဖာက္ျပန္တဲ့သူေတြ အၿမဲတမး္ခံစားေနရမယ့္ အရာကေတာ့ ပူေလာင္ျခင္းပါဘဲ။ သူတို႔ရင္ထဲမွာ ေနာင္တရသလိုလို၊ ​ေက်နပ္သလိုလို မွားေနသလိုိုလို၊ မွန္ေနျပန္သလိုလုိ မေသခ်ာမေရရာတဲ့ ခံစားခ်က္ေတြ အမ်ိဳးမ်ိဳးျဖစ္ေနၿပီး ဘယ္ေတာ့မွ ​ေအးခ်မ္းရမွာမဟုတ္ပါဘူး တစ္ခါတေလအလုိလုိေနရင္း ​ေဒါသေတြထြက္ ရွဴးရွဴးရွားရွားေတြျဖစ္ၿပီး ဘာေတြကိုေဒါသထြက္လို႔ ထြက္မွန္း မသိေအာင္ကို ပူေလာင္ၿပီး အရူတစ္ေယာက္လို ျဖစ္ေနမွာပါ။ ၂။ စိုးရိမ္ထိတ္လန္႔ျခင္း။ .............................. ဒီလိုလူမ်ိဳးေတြရဲ႕ပတ္သက္မႈဟာ မတရားသျဖင့္ရရွိထားတဲ့ ပတ္သက္မႈ မ်ိဳးျဖစ္တာေၾကာင့္ အၿမဲတမ္း ပူပင္ေသာက ​ေရာက္ေနရမွာပါ။ ဒါ့အျပင္ ဘယ္ေတာ့ဝဋ္ျပန္လည္မလဲ၊ ဘယ္ေတာ့မ်ား တျခားသူေနာက္ ျပန္ပါသြားမလဲ၊ ကိုယ့္ကိုယ္ဘယ္ေတာ့ ထားသြားမလဲဆိုၿပီး တစ္ခ်ိန္လံုး စိုးရိမ္ေသာကေရာက္ေနရမွာပါ။ ဒါ့အျပင္ ၾကာလာတဲ့အခါ သူတို႔ၾကားမွာနည္းနည္း​ေလး ျပႆနာ ရွိလာတာနဲ႔ တစ္ေယာက္နဲ႔ တစ္​ေယာက္ အျပစ္တင္ၿပီး စိတ္ညစ္ၿပီးရင္းညစ္လာရမွာပါ။ ၃။ ဝဋ္လည္ျခင္း။ ....................... ဝဋ္ဆိုတာက တကယ္ကိုလည္ပါတယ္ ခုေခတ္မွာ ဝဋ္လည္တာပိုေတာင္ ျမန္ပါေသးတယ္။ ဒါေၾကာင့္ ဒီလိုလူေတြဟာ သူတစ္ပါးကို မ်က္ရည္က်ေအာင္၊ ရင္ကြဲေအာင္၊ နာက်င္ေအာင္လုပ္ခဲ့သမ်ွ သူတို႔ျပန္ခံစားရမွာပါ။ သူတစ္ပါးမ်က္ရည္နဲ႔ တည္ေဆာက္ထားတဲ့ သူတို႔ေတြရဲ႕ ပတ္သက္မႈဟာ ဘယ္ေတာ့မွ ​ေပ်ာ္စရာေကာင္းလာမွာ မဟုတ္သလို တစ္ခ်ိန္မွာ က်ိန္းေသေပါက္ ဝဋ္ျပန္လည္လာတဲ့အခါက်ရင္ သူတို႔ကို ကူညီမယ့္သူ၊ သနားမယ့္သူ တစ္​ေယာက္မွေတာင္ ရိွမွာ မဟုတ္ပါဘူး။ ၄။ လူေတြရဲ႕အထင္အျမင္ေသးျခင္း။ ............................................ သူတစ္ပါးအိမ္ေထာင္ကိုၿဖိဳခြဲတဲ့သူ၊ ​ေဖာက္ျပန္တဲဲ့သူေတြဟာ ဘယ္ေလာက္ပဲ စည္းစိမ္ဥစၥာေတြရွိရွိ၊ ဘယ္ေလာက္ဘဲ ပညာအရည္အခ်င္းျမင့္ျမင့္ ဘယ္သူကမွသူတို႔ကို ​ေလးစားေတာ့မွာ မဟုတ္သလို ဘယ္သူကမွလည္း သူတို႔ကို ယံုၾကည္ေတာ့မွာမဟုတ္ပါဘူး။ သူတို႕ရဲ႕ စညး္စိမ္ဥစၥာ၊ နာမည္၊ ဂုဏ္ေၾကာင့္သာ အေပၚယံေပါငး္ခ်င္ေပါင္းမယ္၊ ဒါေပမယ့္ စိတ္ထဲမွာေတာ့သူတို႔ကို အထင္အျမင္ အရမ္​း​ ​ေသးေနမွာျဖစ္ပါတယ္။ ဒုကၡေရာက္တဲ့အခ်ိန္ေတြမွာေတာင္ ကူညီမယ့္သူတစ္​ေယာက္မွ ရွိမွာ မဟုတ္ပါဘူး။ ၅။ ေနာင္တတရား။ ........................ သူတစ္ပါးရဲ႕အိမ္ေထာင္ကို ၿဖိဳခြဲတဲ့သူေတြနဲ႔ ​ေဖာက္ျပန္​ေတဲ့သူေတြဟာ နာင္တတရားနဲ႔ အဆံုးသတ္ရေလ့ရိွပါတယ္။ သူတုိ႔ရဲ႕ သားသမီးေတြရဲ႕ နာက်ည္းျခင္းကိုခံရတဲ့အခါ အရာအားလံုးကို ေနာင္တရၿပီး စစ္မွန္တဲ့ ေမတၱာတရားကို ​ေတာင့္တလာတဲ့အခါမွာ ဘယ္သူမွ သူတို႔အနားမွာ ရွိေတာ့မွာ မဟုတ္ပါဘူး။ အရင္အခ်ိန္ေတြ၊ အရင္တုနး္ကျဖဴစင္ခဲ့တဲ့ အတိတ္ေတြကို ဘယ္ေလာက္ဘဲ ျပန္လုိခ်င္လိုခ်င္ သူတို႔ကိုယ္တိုင္က အမဲစက္ျဖစ္ေနတဲ့အတြက္ ဘယ္ေတာ့မွျပန္ၿပီး မျဖဴစင္ႏိုင္ေတာ့ပါဘူး။ "ကာေမသုမိစၧာစာရကံရဲ႕ ဆုိးက်ိဳးမ်ား" ------------------------------------------- ​ေရွးတုန္းက "ဧရကစၦျမိဳ႕"မွာ ​ေရႊပန္းတိမ္သည္ သူေဌးသားလူငယ္တစ္ေယာက္ ရွိခဲ့၏။ ဥစၥာေပါ ရုပ္ေခ်ာဆုိတာ လူတကာေငးရတာေပါ့။ ​ေငြရွိေတာ့ ထင္တုိင္းၾကဲ ပ်ိဳပိ်ဳအုိအုိ သူနဲ႔ ကင္းလြတ္သူ မရွိသေလာက္ပါပဲ။ ဒီလုိေပ်ာ္ပါးရင္းနဲ႔ဘဲ ဘဝကုန္ဆုံးေတာ့ "ငရဲ"က်ေရာက္ပါ၏။ "ငရဲ"က လြတ္ျပန္ေတာ့ ​ေမ်ာက္ဘ၀၊ ဆိတ္ဘဝ၊ ႏြားဘဝ​ေတြမွာ ျဖစ္တယ္။ ျဖစ္တုိင္းပဲ သင္းကြပ္ျခင္းကုိ ခံရပါတယ္။ ႏြားဘဝမွာ မ်က္စိကန္းလုိ႔ မက်န္းမမာျဖစ္ေနတာေတာင္ ထြန္ဆဲြရ၊ လွည္းရုန္းရနဲ႔ မျပတ္လုပ္ေနရတယ္။ ​ေနာက္ဘ၀က်ေတာ့ "ကြ်န္အမ်ိဳးသမီး”တစ္ဦးရဲ႕ သားျဖစ္တယ္​။ သားဆိုေပမယ့္ ေယာက်္ားမဟုတ္၊ မိန္းမဟုတ္တဲ့"နပုံးပ႑ဳပ္"ပါ။ အသက္သုံးဆယ္မွာ ေသဆုံးလုိ႔ ဆင္းရဲသားလွည္းကူလီရဲ႕ သမီးထပ္ျဖစ္ျပန္ေရာ။ အေၾကြးမေပးႏုိင္လို႔၊ လွည္းကုန္သည္က လွည္းကူလီရဲ႕ သမီးကုိ အေၾကြးနဲ႔သိမ္းလုိက္ပါ၏။ ၁၆ ႏွစ္အရြယ္မွာ မယားရွိတဲ့ "လွည္းကုန္သည္သား"က ခ်စ္လွပါတယ္ဆုိၿပီး "မယားငယ္"အျဖစ္နဲ႔ သိမ္းပုိက္ခံရတယ္။ ​ေက်နပ္ေအာင္ ျပဳစုေသာ္လည္းဘဲ "​ေမတၱာစစ္"ကုိ မရခဲ့ပါဘူး။ အဲဘဝကေန ေသဆုံးေတာ့ ​ေဂါတမဘုရားရွင္လက္ထက္မွာ "ဥေဇၨနီျပည္ သူေဌး"တစ္ဦးရဲ႕ "သမီး"ျဖစ္ပါတယ္။ အရြယ္ေရာက္ေတာ့ သာေကတသူေဌးသား တစ္ေယာက္နဲ႔ လက္ထပ္ခဲ့တယ္။ လိမ္လိမ္မာမာေနကာ မယားဝတ္ေက်ေအာင္ ျပဳစုပါေသာ္လည္း ​ေနာက္ေတာ့ လင္ရဲ႕ စြန္႔ပစ္ျခင္းကုိ ခံရျပန္ပါတယ္။ ​ေနာက္တစ္ေယာက္နဲ႔ ထပ္ျပဳ၊ ျပန္ကဲြ။ ဒီလုိနဲ႔"အိမ္ေထာင္သုံးဆက္"ရွိတာ သုံးဆက္လုံး "လင္စြန္႔ပစ္တာ"ကုိ ခံရတယ္။ အျပစ္မ်ားလွပါေပ၏။ ​ေရႊပန္းထိမ္သည္ဘဝနဲ႔ ​ေငြကုိ ေရလုိသုံးခဲ့သမ်ွ ခံရတာ မသက္သာပါလား။ ​ေနာက္ဆုံးမွာေတာ့ "ဇိနဒတၱာေထရီမ"နဲ႔ ေတြ႕လုိ႔ တရားနာရတယ္။ ဘိကၡဳနီမဝတ္ တရားအားထုတ္လုိက္တာ "ရဟႏၱာမ" ျဖစ္သြား ပါေတာ့တယ္။ ဒီေတာ့မွ "ကာေမသုမိစၦာစာရကံရဲ႕ ဝဋ္ေႂကြး"မွ လြတ္ေျမာက္သြားပါေတာ့တယ္။ သူမ်ားသားမယား ​ေဖာက္ျပားတဲ့ကံဟာ ဆုိးက်ိဳးမ်ားျပားလွပါ၏။ ဒါေၾကာင့္ဘဲ ေရွးဆရာေတာ္မ်ားက လူအမ်ားတုိ႔ ကာေမသု မိစၧာစာရအျပစ္မ်ားကုိ အလြယ္တကူ သိရွိၾကၿပီး ​ေရွာင္ၾကဥ္ႏုိင္ၾကရန္အတြက္ ခုလုိ ကဗ်ာစပ္ခဲ့ပါတယ္။ "သူ႕လင္သူမယား၊ မေရွာင္ရွားဘဲ၊ ျပစ္မွားေလမႈ၊ ထုိသည့္သူအား၊ ရန္သူေပါမ်ား၊ ခ်စ္သူရွား၏။ ​ေယာက်ားမပီ၊ မ,မပီပဲ၊ မၾကည္အိေျႏၵ၊ က်က္သေရမရွိ၊ ဟိရိမကပ္၊ ၾသတၱပ္ကင္းကြာ၊ အဂၤါခ်ိဳတဲ့၊ ရွိန္ေဇာ္မဲ့၍၊ ခ်ိဳ႕တဲ့ဥစၥာ၊ ဆင္းရဲရွာ၏။ ကဲြကြာခ်စ္သူ၊ ေသာကဆူလ်က္၊ စိတ္ပူျပင္းျပ၊ စုိးေၾကာင့္ၾကႏွင့္၊ လားရဒုဂၢတိ၊ ဆင္းရဲဖိသည္။ ရ၏ဆုိးက်ိဳးမ်ားစြာတည္း။" အရမ္းေၾကာက္စရာေကာင္းလွပါ၏ ဒကာ ဒကာမမ်ားလည္း ဒီလုိ"ဝဋ္"မ်ိဳး မခံရေအာင္ "ကာေမသုမိစၦာစာရကံ"ကုိ ​ေရွာင္ၾကဥ္ၿပီး အခ်စ္စစ္ကုိရွာ ဘဝလက္တဲြေဖာ္နဲ႔သာ လွပတဲ့ဘဝတစ္ခုတည္ေဆာက္ဖုိ႔ တုိက္တြန္းပါ၏။ 🙏🙏🙏Crd - Ashin Pan Dita 🙏🙏🙏


via အလင္းေရာင္ ဓမၼ https://ift.tt/2QAah85