Friday, November 22, 2019

" ရခဲလှစွာ မြတ်သဒ္ဓါ " ••••••••••••••••••••••• ကောင်းမှုတစ်ခု ဖြစ်လာဖို့ ဆိုတာ . . -ပစ္စည်းဥစ္စာနဲ့ ပြည့်စုံဖို့ ၊ -သာသနာတော်နဲ့ တွေ့ဆုံရဖို့ ၊ -သဒ္ဓါတရားနဲ့ ပြည့်စုံဖို့ လိုတယ် ။ ဒါနကုသိုလ် ပြုချင်တယ် ၊ မိမိမှာ ပစ္စည်းမရှိရင် မပြုနိုင်ဘူး ။ ပစ္စည်း ရှိပြန်တော့ သာသနာနဲ့ မကြုံပြန်ရင် သာသနာတွင်း ကုသိုလ် ပြုခွင့် မရနိုင်ဘူး ။ နှစ်မျိုး ပြည့်စုံလို့လဲ မပြီးပြန်ဘူး ။ သဒ္ဓါတရားနဲ့လည်း ပြည့်စုံဦးမှ ၊ သဒ္ဓါတရား မရှိရင် မလှူဖြစ်ဘူး ၊ သဒ္ဓါတရားက ပိုပြီး အရေးကြီးပြန်တယ် ။ အင်္ဂုတ္တိုရ်အဋ္ဌကထာ မှာ . . . -လှူဖွယ်ပစ္စည်းသည်လည်းကောင်း -အလှူခံပုဂ္ဂိုလ်သည်လည်းကောင်း -သဒ္ဓါတရားသည် လည်းကောင်း ရခဲကုန်၏ ထိုသုံးမျိုးထဲမှ ပို၍ ရခဲတာက သဒ္ဓါတရား ဖြစ်၏ တဲ့ ။ ----------------------------------------------- သဒ္ဓါတရား ရခဲပုံကို ပြပါမယ် ၊ မြတ်စွာဘုရားရှင် ကုဏ္ဍဓာနလို့ခေါ်တဲ့ တောအရပ်မှာ သီတင်းသုံး နေတော်မူစဉ်က အရှင်မဟာမောဂ္ဂလာန်ရဲ့ အလုပ်အကျွေး ဒကာ တစ်ယောက် ရှိတယ် ။ ထိုဒကာက မြတ်စွာဘုရားထံ သွားပြီး ဆွမ်းစား သွားပင့်ပါတယ် ။ သူပင့်ပြီးတော့ နောက် တစ်ယောက်ကလည်း လာပင့်ပြန်တယ် ။ နောက်ဆွမ်းစားတစ်ခုက. . . အရှင်သီဝလိရဲ့ မယ်တော်က အရှင်သီဝလိကို ၇ နှစ် ၇ရက်တိုင်တိုင် ဝမ်းမှာ လွယ်ထားရ , မွေးတော့လည်း ၇ ကြာ ။ အဲဒီလို ပင်ပမ်းစွာ မွေးဖွားရလို့ ( ၇ ) ရက်တိုင်တိုင် မွေးနေ့ဆွမ်း ကပ်ဖို့ ဆွမ်းစားလာပင့်တာ ။ မြတ်စွာဘုရားထံမှာ ဆွမ်းစားနှစ်ခု ဆုံနေတော့ မြတ်စွာဘုရားရှင်က ရှင်သီဝလိမွေးနေ့ဆွမ်းဟာ နောင်တချိန် ရှင်သီဝလိဟာ သာနာတော်မှာ ကျေးဇူးများမှာကို မြင်တော်မူတာနဲ့ အရှင်မောဂ္ဂလန်ရဲ့ဒကာ ဆွမ်းစားကို ( ၇ ) ရက် သွားရွှေ့ခိုင်းတယ် ။ --------------------------------------------- အရှင်မောဂ္ဂလာန်လည်း ဒကာအိမ်ကြွပြီး ရက်ရွှေ့ဖို့ အကျိုးအကြောင်း ပြောတဲ့အခါ ဒကာက ဘယ်လို ပြန်လျှောက်သလဲ ဆိုတော့ . . အရှင်ဘုရား , တပည့်တော်ရဲ့ ဆွမ်းစားကို နောက် ( ၇ ) ရက် ရွှေ့မယ် ဆိုရင် အဲဒီ ( ၇) ရက် အတွင်းမှာ . . . ၁။တပည့်တော်ရဲ့ အသက် ၊ ၂။ တပည့်တော်ရဲ့ စည်းစိမ်ဥစ္စာ ၊ ၃။တပည့်တော်ရဲ့ သဒ္ဓါတရား ( ဥဒါနပါဠိ ) ဒီသုံးပါး မပြောင်းလဲ မပျက်စီးသွားအောင် အရှင်ဘုရား တာဝန်ယူမယ် ဆိုရင် တပည့်တော် ရက်ရွှေ့ပေးပါ့မယ် ဘုရား တဲ့ ။ အဲလိုလျှောက်တဲ့အခါ အရှင်မောဂ္ဂလန်က. . သင်ရဲ့ အသက်နဲ့ စည်းစိမ်ဥစ္စာ ဒီနှစ်မျိုးကို မပျက်စီးအောင် တာဝန်ယူနိုင်ပါတယ်။ ဒါပေမယ့် သင်၏သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ သဒ္ဓါတရားကို မပြောင်းလဲ , မပျက်စီးအောင် တာဝန်မယူနိုင်ပါ လို့ ပြန်ဖြေကြားတော်မူတယ် ။ --------------------------------------------- ( ၇ ) ရက်အတွင်း အသက် မသေအောင်ရယ် ၊ စည်းစိမ်တွေ မပျက်စီးအောင်ရယ် ၊ ဒီနှစ်ခုကိုတော့ အရှင်မောဂ္ဂလာန်က တန်ခိုးနဲ့ ကာကွယ်ပေးနိုင်ပါတယ် ။ သဒ္ဓါတရား မပျက်အောင်တော့ ကာကွယ်ပေးလို့ မရဘူးတဲ့ ။ အဲဒါ ကြည့်ပေါ့နော် ၊ ပုထုဇဉ်တွေရဲ့ သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ သဒ္ဓါတရားဟာ အချိန်မရွေး ပြောင်းလဲနိုင်တယ် ၊ မခိုင်မြဲဘူး ။ သတိပြုရမယ် ။ ဒါကြောင့် အလှူရှင် ဒကာကြီးတွေ သေချာ ပြန်လည် သုံးသပ်ကြည့်နော် ။ မိမိတို့ကိုယ်တိုင် ဖြစ်ပြီးတဲ့ သဒ္ဓါတွေ ပျက်ခဲ့ဖူးတာ ကြုံဖူးလိမ့်မယ် ။ ဒီအချက်ကို သတိပြုပြီး သဒ္ဓါတရား ဖြစ်ပေါ်နေချိန်မှာ အချိန် ရွှေ့ဆိုင်းမနေဘဲ ချက်ချင်း လှူဒါန်းလိုက်ရမယ် ။ ဒါကြောင့် သဒ္ဓါတရားဟာ ပစ္စည်း , သာသနာ နှစ်မျိုးထက် ပိုပြီး ရခဲတဲ့ ဒုလ္လဘ လို့ ဆိုတာ ဖြစ်တယ် ။အားလုံးပဲ့ မင်္ဂလာပါ 🙏🙏🙏 ( အဂ္ဂမဟာပဏ္ဍိတ-ငွေပန်းရုံဆရာတော် ၏ ဒေသနာပန်းခင်း ) မှ . . . Credit:ဓမ္မ နှစ်သက်သူ 🙏🙏🙏ခရီး သည် များအားလုံးပဲ့ မင်္ဂလာပါ ခင်ဗျာ 🙏🙏🙏 🙏🙏🙏ပြန်လည်မျှဝေသူ ခရီး သည် 🙏🙏🙏 " ရခဲလှစှာ မွတျသဒ်ဓါ " ••••••••••••••••••••••• ကောငျးမှုတဈခု ဖွဈလာဖို့ ဆိုတာ . . -ပစ်စညျးဥစ်စာနဲ့ ပွညျ့စုံဖို့ ၊ -သာသနာတောျနဲ့ တှေ့ဆုံရဖို့ ၊ -သဒ်ဓါတရားနဲ့ ပွညျ့စုံဖို့ လိုတယျ ။ ဒါနကုသိုလျ ပွုခငြျတယျ ၊ မိမိမှာ ပစ်စညျးမရှိရငျ မပွုနိုငျဘူး ။ ပစ်စညျး ရှိပွနျတော့ သာသနာနဲ့ မကွုံပွနျရငျ သာသနာတှငျး ကုသိုလျ ပွုခှငျ့ မရနိုငျဘူး ။ နှဈမြိုး ပွညျ့စုံလို့လဲ မပွီးပွနျဘူး ။ သဒ်ဓါတရားနဲ့လညျး ပွညျ့စုံဦးမှ ၊ သဒ်ဓါတရား မရှိရငျ မလှူဖွဈဘူး ၊ သဒ်ဓါတရားက ပိုပွီး အရေးကွီးပွနျတယျ ။ အငျ်ဂုတ်တိုရျအဋ်ဌကထာ မှာ . . . -လှူဖှယျပစ်စညျးသညျလညျးကောငျး -အလှူခံပုဂ်ဂိုလျသညျလညျးကောငျး -သဒ်ဓါတရားသညျ လညျးကောငျး ရခဲကုနျ၏ ထိုသုံးမြိုးထဲမှ ပို၍ ရခဲတာက သဒ်ဓါတရား ဖွဈ၏ တဲ့ ။ ----------------------------------------------- သဒ်ဓါတရား ရခဲပုံကို ပွပါမယျ ၊ မွတျစှာဘုရားရှငျ ကုဏ်ဍဓာနလို့ခေါျတဲ့ တောအရပျမှာ သီတငျးသုံး နတေောျမူစဉျက အရှငျမဟာမောဂ်ဂလာနျရဲ့ အလုပျအကြှေး ဒကာ တဈယောကျ ရှိတယျ ။ ထိုဒကာက မွတျစှာဘုရားထံ သှားပွီး ဆှမျးစား သှားပငျ့ပါတယျ ။ သူပငျ့ပွီးတော့ နောကျ တဈယောကျကလညျး လာပငျ့ပွနျတယျ ။ နောကျဆှမျးစားတဈခုက. . . အရှငျသီဝလိရဲ့ မယျတောျက အရှငျသီဝလိကို ၇ နှဈ ၇ရကျတိုငျတိုငျ ဝမျးမှာ လှယျထားရ , မှေးတော့လညျး ၇ ကွာ ။ အဲဒီလို ပငျပမျးစှာ မှေးဖှားရလို့ ( ၇ ) ရကျတိုငျတိုငျ မှေးနေ့ဆှမျး ကပျဖို့ ဆှမျးစားလာပငျ့တာ ။ မွတျစှာဘုရားထံမှာ ဆှမျးစားနှဈခု ဆုံနတေော့ မွတျစှာဘုရားရှငျက ရှငျသီဝလိမှေးနေ့ဆှမျးဟာ နောငျတခြိနျ ရှငျသီဝလိဟာ သာနာတောျမှာ ကြေးဇူးမြားမှာကို မွငျတောျမူတာနဲ့ အရှငျမောဂ်ဂလနျရဲ့ဒကာ ဆှမျးစားကို ( ၇ ) ရကျ သှားရှှေ့ခိုငျးတယျ ။ --------------------------------------------- အရှငျမောဂ်ဂလာနျလညျး ဒကာအိမျကွှပွီး ရကျရှှေ့ဖို့ အကြိုးအကွောငျး ပွောတဲ့အခါ ဒကာက ဘယျလို ပွနျလြှောကျသလဲ ဆိုတော့ . . အရှငျဘုရား , တပညျ့တောျရဲ့ ဆှမျးစားကို နောကျ ( ၇ ) ရကျ ရှှေ့မယျ ဆိုရငျ အဲဒီ ( ၇) ရကျ အတှငျးမှာ . . . ၁။တပညျ့တောျရဲ့ အသကျ ၊ ၂။ တပညျ့တောျရဲ့ စညျးစိမျဥစ်စာ ၊ ၃။တပညျ့တောျရဲ့ သဒ်ဓါတရား ( ဥဒါနပါဠိ ) ဒီသုံးပါး မပွောငျးလဲ မပကြျစီးသှားအောငျ အရှငျဘုရား တာဝနျယူမယျ ဆိုရငျ တပညျ့တောျ ရကျရှှေ့ပေးပါ့မယျ ဘုရား တဲ့ ။ အဲလိုလြှောကျတဲ့အခါ အရှငျမောဂ်ဂလနျက. . သငျရဲ့ အသကျနဲ့ စညျးစိမျဥစ်စာ ဒီနှဈမြိုးကို မပကြျစီးအောငျ တာဝနျယူနိုငျပါတယျ။ ဒါပမေယျ့ သငျ၏သန်တာနျမှာ ဖွဈပေါျနတေဲ့ သဒ်ဓါတရားကို မပွောငျးလဲ , မပကြျစီးအောငျ တာဝနျမယူနိုငျပါ လို့ ပွနျဖွကွေားတောျမူတယျ ။ --------------------------------------------- ( ၇ ) ရကျအတှငျး အသကျ မသအေောငျရယျ ၊ စညျးစိမျတှေ မပကြျစီးအောငျရယျ ၊ ဒီနှဈခုကိုတော့ အရှငျမောဂ်ဂလာနျက တနျခိုးနဲ့ ကာကှယျပေးနိုငျပါတယျ ။ သဒ်ဓါတရား မပကြျအောငျတော့ ကာကှယျပေးလို့ မရဘူးတဲ့ ။ အဲဒါ ကွညျ့ပေါ့နောျ ၊ ပုထုဇဉျတှရေဲ့ သန်တာနျမှာ ဖွဈပေါျလာတဲ့ သဒ်ဓါတရားဟာ အခြိနျမရှေး ပွောငျးလဲနိုငျတယျ ၊ မခိုငျမွဲဘူး ။ သတိပွုရမယျ ။ ဒါကွောငျ့ အလှူရှငျ ဒကာကွီးတှေ သခြော ပွနျလညျ သုံးသပျကွညျ့နောျ ။ မိမိတို့ကိုယျတိုငျ ဖွဈပွီးတဲ့ သဒ်ဓါတှေ ပကြျခဲ့ဖူးတာ ကွုံဖူးလိမျ့မယျ ။ ဒီအခကြျကို သတိပွုပွီး သဒ်ဓါတရား ဖွဈပေါျနခြေိနျမှာ အခြိနျ ရှှေ့ဆိုငျးမနဘေဲ ခကြျခငြျး လှူဒါနျးလိုကျရမယျ ။ ဒါကွောငျ့ သဒ်ဓါတရားဟာ ပစ်စညျး , သာသနာ နှဈမြိုးထကျ ပိုပွီး ရခဲတဲ့ ဒုလ်လဘ လို့ ဆိုတာ ဖွဈတယျ ။အားလုံးပဲ့ မငျ်ဂလာပါ 🙏🙏🙏 ( အဂ်ဂမဟာပဏ်ဍိတ-ငှပေနျးရုံဆရာတောျ ၏ ဒသေနာပနျးခငျး ) မှ . . . Credit:ဓမ်မ နှဈသကျသူ 🙏🙏🙏ခရီး သညျ မြားအားလုံးပဲ့ မငျ်ဂလာပါ ခငျဗြာ 🙏🙏🙏 🙏🙏🙏ပွနျလညျမြှဝသေူ ခရီး သညျ 🙏🙏🙏


via အလင်းရောင် ဓမ္မ https://ift.tt/2OaJDkD