အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, November 22, 2019
ဘုရားခန်းနှင့်တူတဲ့ စိတ်။ -----'----------------------- တရားအားထုတ်တဲ့လူရဲ့ စိတ်က ဘာနှင့်တူသလဲဆိုတော့..... ဘုရားခန်းနှင့်တူပါတယ်။ ဘုရားခန်းဆိုတာ.... အင်မတန်သန့်ရှင်းတဲ့နေရာဖြစ်တယ်။ ပစ္စည်းမျိုးစုံ ပြည်ု့ကြပ်ရှုပ်ထွေးနေတဲ့ နေရာမဟုတ်ပါဘူး။ ဘုရားခန်းမှာ.... ဘုရားရုပ်ပွားတော်ကလွဲလို့ ဘာမှ မရှိရင် ပိုကောင်းတယ်။ ရှင်းနေရော။ အဲဒီတော့.... ရှင်းနေတဲ့၊ ဘာမှမရှိတဲ့ ၊ အခန်းထဲဝင်လိုက်ရင်.... စိတ်ထဲ ဘယ်လိုနေမလဲ။ စိတ်က နည်းနည်းရှင်းသွားတယ်...။ အင်မတန်ရှုပ်ထွေးနေတဲ့ နေရာရောက်သွားရင်..... စိတ်ပါ ရှုပ်ထွေးသွားတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိရှိသမျှ ပစ္စည်းတွေဟာ ကိုယ့်စိတ်ကို တစ်နည်းတစ်ဖုံအားဖြင့် လွှမ်းမိုးတယ်။ ကိုယ်ကသာ သတိမထားမိတာပါ။ ပစ္စည်းအားလုံးဟာ... လူ့စိတ်ကိုလွှမ်းမိုးထားတယ်။ ပစ္စည်းပေါင်းထောင်သောင်းချီတဲ့ စတိုးဆိုင်ကြီး တစ်ဆိုင်ထဲ က်ို ဝင်လိုက်ရတာနှင့်၊ ဘာမှမရှိဘဲနှင့် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း အသွင်သန္တာန်နှင့် ဘုရားရုပ်ပွားတော်သာ ရှိတဲ့ ဘုရားခန်းထဲဝင်လိုက်ရတာနှင့် စိတ်ထဲခံစားမှု ဘယ်လောက် ကွာခြားသွားမလဲဆိုတာ နှိုင်းယှဉ်ကြည့်လို့ ရပါတယ်။ အဲဒီလို..... ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်ပြီး... မကြာမကြာ ရှင်းအောင်ထားသင့်တယ်။ ကိုယ့်စိတ်ကို ဘုရားခန်းလိုထားသင့်တယ်။ ရောက်မလာသင့်တဲ့ အရာတွေကို ရောက်မလာအောင် Censor လုပ်ဖို့လိုပါတယ်။ စစ်ပြီးတော့.. ဘေးကိုဖယ်ထားဖို့လိုပါတယ်။ ကိုယ့်စိတ်ကို အေးချမ်းအောင်လုပ်ပြီး၊ သတိပဌာန်တရားကို ကြိုးစားအားထုတ်ပါ။ အချိန်တိုင်း၊အချိန်တိုင်း သတိနှင့်နေတတ်တဲ့ အလေ့အကျင့် ကိုလုပ်ပါ။ ( ဆရာတော်ဦးဇောတိက )။
via အလင်းရောင် ဓမ္မ https://ift.tt/2KF5r5J
Newer Post
Older Post
Home